Single ေလးေတြပဲရႏုိင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြဆုိတာ…😇

သင္က အခု Single လား?ဒါဆုိ ၀မ္းသာလိုက္ပါ။Single တစ္ေယာက္ျဖစ္ရတဲ႔ေကာင္းက်ိဳးေတြကုိသင္သိျပီးသားျဖစ္မွာဆုိေပမဲ႔ က်န္းမာေရးနဲ႔ပတ္သက္ျပီးဒီလုိေကာင္းက်ိဳးေတြရေနတယ္ဆိုတာေရာ သိရဲ႔လား?ေလ့လာခ်က္ေတြအမ်ားၾကီးလုပ္ခဲ႔ျပီးတဲ႔ေနာက္မွာေတာ့ Single တစ္ေယာက္မွာ ဒီလုိက်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရေနတယ္ဆိုတာေတြ႔ခဲ႔ရပါတယ္။ကဲ ဘာေတြမ်ားလဲ…

၁)သင္က ေႏြးေထြးအားေပးမႈေပးႏုိင္တဲ႔ၾကီးမားတဲ႔ကြန္ရက္တစ္ခုလိုပါပဲ

Rs ရွိတဲ႔လူေတြကေတာ့ တစ္ေယာက္ကုိတစ္ေယာက္အားေပးၾကတယ္၊ႏွစ္သိမ့္ၾကတယ္၊ဒါေပမဲ႔ Single သမားေတြကေတာ့ စိတ္ညစ္ေနတဲ႔သူငယ္ခ်င္းေတြအတြက္တုိင္ပင္နားခိုစရာ အုတ္ျမစ္ၾကီးတစ္ခုပါပဲ။၂၀၁၅တုန္းကေလ့လာခ်က္အရ Single ေတြက RS ရွိတဲ႔လူေတြထက္ တစ္ျခားသူေတြကုိပုိျပီးစိတ္ခြန္အားေပးႏိုင္တယ္၊ေႏြးေထြးမႈေပးႏုိင္တယ္။တစ္ျခားသူေတြရဲ႔အားကုိးတုိင္ပင္စရာတစ္ခုပဲလို႔ေတြ႔ရပါတယ္။RS ေတြရန္ျဖစ္ၾကရင္လည္း Single ေတြကုိပဲ တိုင္ပင္ေဆြးေႏြး
အၾကံဥာဏ္ေတာင္းၾကတယ္မဟုတ္လား။သူမ်ားကုိေတာင္ ဒီလုိမ်ိဳးအားေပးႏွစ္သိမ့္ေပးႏုိင္တဲ႔အတြက္ တစ္ျခားသူေတြထက္ပုိျပီးရင့္က်က္တည္ျငိမ္ကာ ကိုယ့္ကုိယ့္ကုိယ္ျပန္အားေပးႏွစ္သိမ့္ႏုိင္မွာလည္းမလြဲပါဘူး။အဲ႔ဒါေၾကာင့္တစ္ျခားသူက လာျပီးနွစ္သိမ့္ေပးဖုိ႔မလိုေအာင္ စိတ္က ၾကံ႔ခုိင္ျပီးသားျဖစ္ေနပါတယ္။

၂)ေငြေၾကးအတြက္ပူပန္စရာမလိုတဲ႔အတြက္စိတ္ဖိစီးမႈကင္းတယ္

ေလ့လာခ်က္ေတြအရ တစ္ေယာက္တည္းသမားေတြက အေၾကြးစနစ္ေတြကင္းရွင္းျပီး ပုိက္ဆံေတြေတာင္စုနုိင္တာကုိေတြ႔ရပါတယ္။တစ္ေယာက္တည္းသမားျဖစ္လုိ႔ ခ်စ္သူအတြက္ေမြးေန႔လက္ေဆာင္၊ႏွစ္ပတ္လည္လက္ေဆာင္ေတြေပးစရာမလိုဘူးဟုတ္။ကုန္ရင္ေတာင္ကုိယ့္္အတြက္ပဲကုိယ္ကုန္မွာျဖစ္လို႔စိတ္ခ်မ္းသာမႈရွိမွာပါ။ေငြေၾကးပူပန္ရတဲ႔ျပႆနာကင္းေ၀းတာက နွလံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါေတြကုိပါေမာင္းထုတ္ျပီးသားပါတဲ႔။ပူပန္မႈနည္းေလ ၊စိတ္ဖိစီးမႈကင္းေ၀းေလပါပဲ။

၃)ေကာင္းေကာင္းအိပ္ရတယ္
ခ်စ္သူက ဖုန္းေျပာမယ္ဆုိျပီးတစ္ညလံုးနီးပါးဖုန္းေျပာၾကတာမ်ိဳး၊အိပ္ခ်ိန္မွာမအိပ္ရပဲစကားေျပာေနရတာမ်ိဳးေတြမရွိတဲ႔ဘ၀က Single ဘ၀ပါပဲ။ တစ္ေယာက္တည္းသမားေတြက ေပ်ာ္ရႊင္ေနတဲ႔ခ်စ္သူစံုတြဲေတြထက္ေတာင္ ပုိျပီးေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္တဲ႔။အိပ္ေရး၀၀အိပ္ရျပီးအိပ္ခ်ိန္မွန္တာက က်န္းမာေရးနဲ႔ပတ္သက္ျပီးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရပါတယ္။အထူးသျဖင့္အိပ္ေရး၀တဲ႔အတြက္၊အိပ္ခ်ိန္မွန္တဲ႔အတြက္အသားအရည္မပ်က္စီးပဲပုိျပီးေတာ့လွလာမွာပါ။

၄)ျပႆနာတုိင္းကုိ ကုိယ္တုိင္ေျဖရွင္းႏုိင္လာတယ္

တစ္ခါတစ္ေလ ျပႆနာတစ္ခုၾကံဳလာတဲ႔အခါ RS သမားေတြက တစ္ေယာက္ကုိတစ္ေယာက္ကူညီႏုိင္ေပမဲ႔ ကူညီေပးၾကေပမဲ႔ တစ္ေယာက္တည္းသမားေတြကေတာ့ကူညီမယ့္သူဆိုတာ ေမ်ွာ္ေနလို႔မရပါဘူး။အဲ႔ဒီအတြက္ ကိုယ္တိုင္ၾကိဳးစားေျဖရွင္းရင္း ဘယ္ျပႆနာပဲလာလာ ကုိယ့္ကုိယ့္ကုိယ္ပဲအားကုိးတတ္သြားပါတယ္။တစ္ခုခုဆို ကူညီမယ့္သူကုိေစာင့္ေနစရာမလိုေတာ့ပါဘူး။Self-sufficient singles for the win ေပါ့။

၅)အခ်ိန္ပုိေတြရလာမယ္
ခ်စ္သူမရွိတဲ႔အတြက္ အားလပ္ရက္တိုင္းက ကုိယ့္ရဲ ႔ကုိယ္ပုိင္ခ်ိန္ေတြခ်ည္းပါပဲ။အဲ႔ဒီကုိယ္ပုိင္အခ်ိန္ေတြမွာ တစ္ေယာက္တည္းပဲခရီးသြားမလား၊ရုပ္ရွင္ၾကည့္မလား။အားကစားသြားလုပ္မလား၊သင္တန္းအသစ္တက္မလား ၾကိဳက္သလိုလုပ္လုိ႔ရပါတယ္။ခ်စ္သူကုိတိုင္ပင္ေနစရာလည္းမလို၊ခ်စ္သူကခြင့္မျပဳမွာလည္းပူပန္စရာမလိုပဲစိတ္ေအးလက္ေအးနဲ႔ အခ်ိန္ကုန္ဆံုးလုိ႔ရပါတယ္။ကိုယ့္စိတ္ၾကိဳက္လည္းအခ်ိန္ေတြကုိစီမံခန္႔ခြဲႏုိင္လာမယ္။

၆)ပုိျပီးေပ်ာ္ရႊင္လာတယ္

ဒါက Single သမားေလးေတြအသိဆံုးျဖစ္မွာပါ။တစ္ေယာက္ေယာက္အတြက္ပူပန္စရာမလို၊စိတ္ပူစရာမလိုပဲ စိိတ္ေအးလက္ေအးနဲ႔ကုိယ္လုပ္ခ်င္တာေတြလုပ္္ေနရတဲ႔ တစ္ေယာက္တည္းသမားေတြက ပုိျပီးစိတ္ခ်မ္းသာရတယ္ဆုိတာ ျငင္းနိုင္စရာမရွိပါဘူး။ေလ့လာခ်က္ေတြအရ လက္ထပ္ျပီးတဲ႔မိန္းကေလးေတြကေပ်ာ္ရႊင္မႈနည္းပါးတာကုိေတြ႔ရျပီး တစ္ေယာက္တည္းသမားေတြက ပုိျပီးေပ်ာ္ရႊင္တာကိုေတြ႔ရပါတယ္။

နိဂံုးခ်ဳပ္ရရင္ေတာ့ Single ေလးေတြက RS သမားေတြထက္စိတ္ဖိစီးမႈပုိနည္းပါးျပီး ကုိယ္လုပ္ခ်င္တာကုိ တစ္ျခားသူနဲ႔တိုင္ပင္စရာမလိုပဲလုပ္ရတဲ႔အတြက္ပုိျပီးေပ်ာ္ရႊင္ရပါတယ္။ေငြေၾကးအေနနဲ႔လည္း ကုိယ္ကုိယ္တုိင္အတြက္ပဲကုန္စရာရွိလို႔ တစ္ျခားသူအတြက္ပူပန္စရာမလိုပါဘူး။အဲ႔ဒါေၾကာင့္ က်န္းမာေရးအေနနဲ႔ၾကည့္မယ္ဆိုရင္ စိတ္ပုိင္းဆုိင္ရာေရာ၊ရုပ္ပိုင္းဆုိင္ရာအရပါ Single ေလးေတြက က်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရွိပါတယ္။

Single ေလးေတြ Shake လုိက္ပါဦး ! 😇 တစ္ျခားအက်ိဳးေက်းဇူးေတြလည္းရွိတယ္ဆိုရင္ မ်ွေ၀ခဲ႔ဦးေနာ္

Unicode

သင်က အခု Single လား?ဒါဆို ဝမ်းသာလိုက်ပါ။Single တစ်ယောက်ဖြစ်ရတဲ့ကောင်းကျိုးတွေကိုသင်သိပြီးသားဖြစ်မှာဆိုပေမဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးဒီလိုကောင်းကျိုးတွေရနေတယ်ဆိုတာရော သိရဲ့လား?လေ့လာချက်တွေအများကြီးလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ Single တစ်ယောက်မှာ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရနေတယ်ဆိုတာတွေ့ခဲ့ရပါတယ်။ကဲ ဘာတွေများလဲ…

၁)သင်က နွေးထွေးအားပေးမှုပေးနိုင်တဲ့ကြီးမားတဲ့ကွန်ရက်တစ်ခုလိုပါပဲ

Rs ရှိတဲ့လူတွေကတော့ တစ်ယောက်ကိုတစ်ယောက်အားပေးကြတယ်၊နှစ်သိမ့်ကြတယ်၊ဒါပေမဲ့ Single သမားတွေကတော့ စိတ်ညစ်နေတဲ့သူငယ်ချင်းတွေအတွက်တိုင်ပင်နားခိုစရာ အုတ်မြစ်ကြီးတစ်ခုပါပဲ။၂၀၁၅တုန်းကလေ့လာချက်အရ Single တွေက RS ရှိတဲ့လူတွေထက် တစ်ခြားသူတွေကိုပိုပြီးစိတ်ခွန်အားပေးနိုင်တယ်၊နွေးထွေးမှုပေးနိုင်တယ်။တစ်ခြားသူတွေရဲ့အားကိုးတိုင်ပင်စရာတစ်ခုပဲလို့တွေ့ရပါတယ်။RS တွေရန်ဖြစ်ကြရင်လည်း Single တွေကိုပဲ တိုင်ပင်ဆွေးနွေး
အကြံဉာဏ်တောင်းကြတယ်မဟုတ်လား။သူများကိုတောင် ဒီလိုမျိုးအားပေးနှစ်သိမ့်ပေးနိုင်တဲ့အတွက် တစ်ခြားသူတွေထက်ပိုပြီးရင့်ကျက်တည်ငြိမ်ကာ ကိုယ့်ကိုယ့်ကိုယ်ပြန်အားပေးနှစ်သိမ့်နိုင်မှာလည်းမလွဲပါဘူး။အဲ့ဒါကြောင့်တစ်ခြားသူက လာပြီးနှစ်သိမ့်ပေးဖို့မလိုအောင် စိတ်က ကြံ့ခိုင်ပြီးသားဖြစ်နေပါတယ်။

၂)ငွေကြေးအတွက်ပူပန်စရာမလိုတဲ့အတွက်စိတ်ဖိစီးမှုကင်းတယ်

လေ့လာချက်တွေအရ တစ်ယောက်တည်းသမားတွေက အကြွေးစနစ်တွေကင်းရှင်းပြီး ပိုက်ဆံတွေတောင်စုနိုင်တာကိုတွေ့ရပါတယ်။တစ်ယောက်တည်းသမားဖြစ်လို့ ချစ်သူအတွက်မွေးနေ့လက်ဆောင်၊နှစ်ပတ်လည်လက်ဆောင်တွေပေးစရာမလိုဘူးဟုတ်။ကုန်ရင်တောင်ကိုယ့််အတွက်ပဲကိုယ်ကုန်မှာဖြစ်လို့စိတ်ချမ်းသာမှုရှိမှာပါ။ငွေကြေးပူပန်ရတဲ့ပြဿနာကင်းဝေးတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုပါမောင်းထုတ်ပြီးသားပါတဲ့။ပူပန်မှုနည်းလေ ၊စိတ်ဖိစီးမှုကင်းဝေးလေပါပဲ။

၃)ကောင်းကောင်းအိပ်ရတယ်
ချစ်သူက ဖုန်းပြောမယ်ဆိုပြီးတစ်ညလုံးနီးပါးဖုန်းပြောကြတာမျိုး၊အိပ်ချိန်မှာမအိပ်ရပဲစကားပြောနေရတာမျိုးတွေမရှိတဲ့ဘဝက Single ဘဝပါပဲ။ တစ်ယောက်တည်းသမားတွေက ပျော်ရွှင်နေတဲ့ချစ်သူစုံတွဲတွေထက်တောင် ပိုပြီးကောင်းကောင်းအိပ်ပျော်ပါတယ်တဲ့။အိပ်ရေးဝဝအိပ်ရပြီးအိပ်ချိန်မှန်တာက ကျန်းမာရေးနဲ့ပတ်သက်ပြီးအကျိုးကျေးဇူးတွေအများကြီးရပါတယ်။အထူးသဖြင့်အိပ်ရေးဝတဲ့အတွက်၊အိပ်ချိန်မှန်တဲ့အတွက်အသားအရည်မပျက်စီးပဲပိုပြီးတော့လှလာမှာပါ။

၄)ပြဿနာတိုင်းကို ကိုယ်တိုင်ဖြေရှင်းနိုင်လာတယ်

တစ်ခါတစ်လေ ပြဿနာတစ်ခုကြုံလာတဲ့အခါ RS သမားတွေက တစ်ယောက်ကိုတစ်ယောက်ကူညီနိုင်ပေမဲ့ ကူညီပေးကြပေမဲ့ တစ်ယောက်တည်းသမားတွေကတော့ကူညီမယ့်သူဆိုတာ မျှော်နေလို့မရပါဘူး။အဲ့ဒီအတွက် ကိုယ်တိုင်ကြိုးစားဖြေရှင်းရင်း ဘယ်ပြဿနာပဲလာလာ ကိုယ့်ကိုယ့်ကိုယ်ပဲအားကိုးတတ်သွားပါတယ်။တစ်ခုခုဆို ကူညီမယ့်သူကိုစောင့်နေစရာမလိုတော့ပါဘူး။Self-sufficient singles for the win ပေါ့။

၅)အချိန်ပိုတွေရလာမယ်
ချစ်သူမရှိတဲ့အတွက် အားလပ်ရက်တိုင်းက ကိုယ့်ရဲ ့ကိုယ်ပိုင်ချိန်တွေချည်းပါပဲ။အဲ့ဒီကိုယ်ပိုင်အချိန်တွေမှာ တစ်ယောက်တည်းပဲခရီးသွားမလား၊ရုပ်ရှင်ကြည့်မလား။အားကစားသွားလုပ်မလား၊သင်တန်းအသစ်တက်မလား ကြိုက်သလိုလုပ်လို့ရပါတယ်။ချစ်သူကိုတိုင်ပင်နေစရာလည်းမလို၊ချစ်သူကခွင့်မပြုမှာလည်းပူပန်စရာမလိုပဲစိတ်အေးလက်အေးနဲ့ အချိန်ကုန်ဆုံးလို့ရပါတယ်။ကိုယ့်စိတ်ကြိုက်လည်းအချိန်တွေကိုစီမံခန့်ခွဲနိုင်လာမယ်။

၆)ပိုပြီးပျော်ရွှင်လာတယ်

ဒါက Single သမားလေးတွေအသိဆုံးဖြစ်မှာပါ။တစ်ယောက်ယောက်အတွက်ပူပန်စရာမလို၊စိတ်ပူစရာမလိုပဲ စိိတ်အေးလက်အေးနဲ့ကိုယ်လုပ်ချင်တာတွေလုပ််နေရတဲ့ တစ်ယောက်တည်းသမားတွေက ပိုပြီးစိတ်ချမ်းသာရတယ်ဆိုတာ ငြင်းနိုင်စရာမရှိပါဘူး။လေ့လာချက်တွေအရ လက်ထပ်ပြီးတဲ့မိန်းကလေးတွေကပျော်ရွှင်မှုနည်းပါးတာကိုတွေ့ရပြီး တစ်ယောက်တည်းသမားတွေက ပိုပြီးပျော်ရွှင်တာကိုတွေ့ရပါတယ်။

နိဂုံးချုပ်ရရင်တော့ Single လေးတွေက RS သမားတွေထက်စိတ်ဖိစီးမှုပိုနည်းပါးပြီး ကိုယ်လုပ်ချင်တာကို တစ်ခြားသူနဲ့တိုင်ပင်စရာမလိုပဲလုပ်ရတဲ့အတွက်ပိုပြီးပျော်ရွှင်ရပါတယ်။ငွေကြေးအနေနဲ့လည်း ကိုယ်ကိုယ်တိုင်အတွက်ပဲကုန်စရာရှိလို့ တစ်ခြားသူအတွက်ပူပန်စရာမလိုပါဘူး။အဲ့ဒါကြောင့် ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာအရပါ Single လေးတွေက ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

Single လေးတွေ Shake လိုက်ပါဦး !  တစ်ခြားအကျိုးကျေးဇူးတွေလည်းရှိတယ်ဆိုရင် မျှဝေခဲ့ဦးနော်

273 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.