Suzy နဲ့လမ်းခွဲပြီး ပထမဆုံးအကြိမ်အင်စတာဂရမ်မှာတင်ခဲ့တဲ့ဓာတ်ပုံက ပရိသတ်တွေကြားရေပန်းစားနေ





Unicode

မကြာသေးခင်က မင်းသားချော Lee Dong Wook နဲ့ အဆိုတော်မင်းသမီးချော Suzy တို့လမ်းခွဲခဲ့ကြတာ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။အဲ့ဒီသတင်းကြောင့် သူတို့နှစ်ယောက်အပေါ် မီဒီယာတွေရဲ ့အာရုံစိုက်မှုတွေ၊ကိုရီးယားနိုင်ငံပရိသတ်တွေရဲ ့အာရုံစိုက်မှုတွေအများကြီးရောက်ရှိခဲ့ပါတယ်။အခုလည်းမင်းသားချော Lee Dong Wook တစ်ယောက် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများအပြားရရှိနေပါတယ်တဲ့။

ဘာလို့လဲဆိုတော့ လမ်းခွဲပြီးမကြာခင်မှာပဲ သူ့ရဲ ့အင်စတာဂရမ်အကောင့်ကနေ ဒရာမာရိုက်ကွင်းပုံရိပ်တွေကိုတင်ခဲ့လို့ပါပဲ။ဒရာမာဇာတ်လမ်းတွဲအသစ်တစ်ခုဖြစ်တဲ့ “Life” ဇာတ်လမ်းတွဲဇာတ်ညွှန်းဖတ်နေတဲ့ ပုံတွေကိုတင်ထားတာပါ။အနက်ရောင်ဝမ်းဆက်နဲ့မော်ဒယ်လ်တစ်ယောက်ကိုကြည့်ကောင်းနေတဲ့မင်းသားချောတစ်ယောက် အသည်းကွဲနေတဲ့ပုံလည်းမပေါ်ဘူးဆိုပြီး ပရိသတ်တွေကသိချင်နေကြသလို လမ်းခွဲတာတွေ၊အသည်းကွဲတာတွေဂရုမစိုက်ပဲမင်းသားကိုပဲဇွတ်ကြွေတဲ ့ကောမန့်တွေလည်းမြင်တွေ့ရပါတယ်။

ရိုက်ကွင်းနားချိန်မှာတောင်ဇာတ်ညွှန်းကိုလေ့လာနေတဲ့ပုံရိပ်တွေက ပြင်ဆင်ပြီးရိုက်ထားတာမဟုတ်ပဲ အရမ်းကိုမိုက်လွန်းပါတယ်နော်။ဒီပုံတွေတင်ခဲ့ပြီးတဲ့နောက်မှာပရိသတ်တစ်ချို့က “မတ်တပ်ရပ်ပြီးဇာတ်ညွှန်းဖတ်နေတာတောင် ဘယ်လိုများဒီလောက်ချောနိုင်ရတာလဲ တကယ်ကိုနားမလည်မိ၊ဒီပုံတွေကနေ မျက်စိတောင်ခွာလို့မရတော့ဘူး”တို့၊”ရိုးရိုးသွားလာလှုပ်ရှားနေတဲ့ပုံတွေကတောင် တကယ်ကိုမိုက်နေတယ်။မတ်တပ်ရပ်နေရုံနဲ့တောင် တကယ့်ကို super sexy ပဲ”တို့၊
ကမ္ဘာ့အချောဆုံးအမိုက်ဆုံးလူ”တို့စသဖြင့် မင်းသားကိုသဘောကျလွန်းတဲ ့ကောမန့်တွေရေးသားထားခဲ့ကြတာ မြင်တွေ့ရပါတယ်။

အလုပ်တွေများလွန်းလို့တွေ့ဖို့တောင်အချိန်မရှိပဲ Suzy နဲ့ပြတ်စဲခဲ့ပေမဲ့ Lee Dong Wook ကတော့ သူ့ရဲ ့အလုပ်ကိုအကောင်းဆုံးကြိုးစားပြီးဖြတ်သန်းနေတာမြင်တွေ့ရမှာပါ။ ပရိသတ်တွေဆီက ချီးကျူးမှုတွေအများကြီးရနေတဲ့ Lee Dong Wook ရဲ ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.