အမေ့ဝမ်းဗိုက်ထဲက လွတ်ထွက်လာတဲ့ အချိန်အခါကစတင်ပြီး ကိုယ့်မှာမွေးရာပါအမှတ်အသားအနေနဲ့  ကျားအဂါင်္၊ မအဂါင်္တွေပါရှိလာတာတွေကို လိင်(Sex)လို့ သတ်မှတ်ထားပါပြီး တစ်ကမ္ဘာလုံးက ကျား၊မတွေမှာ တူညီတဲ့ ရုပ်လက္ခဏာနဲ့ အင်္ဂါရပ်တွေပါရှိနေပါတယ်။ SOGI (Sexual Orientation and Gender Identify)လို့ ခေါ်တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေလည်း ယောက်ျားဆိုလည်း ယောက်ျား၊ မိန်းမဆိုလည်း မိန်မးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်နဲ့ ဖြစ်တည်နေကြတာပါ။ ဂျဲန်ဒါဆိုတာကတော့ မိခင်ဝမ်းတွင်းက ထွက်လာပြီးနောက်မှာ ယောက်ျား၊ မိန်းမဆိုတဲ့ လိင်ကို အခြေပြုပြီး ပြောင်းလဲလာတဲ့အရာတွေကို ဆိုလိုပါတယ်။ လိင်(Sex) နဲ့  လုံးဝကွဲပြားခြားနားနေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ ဂျဲန်ဒါတွေက အမျိုးမျိုးသော ဖြစ်တည်မှု၊ ရပ်တည်မှုတွေနဲ့ တည်ရှိနေကြလို့  တစ်သက်မှတ်တည်း သက်မှတ်လို့ မရပါဘူး။ ယောက်ျားလေးဖြစ်လို့  သတ္တိရှိရမယ်၊ မိန်းကလေးဖြစ်လို့  နူးညံသိမ်မွေ့ ရမယ်ဆိုတဲ့ ပညတ်ချက်တွေက ကျွန်ပ်တို့  ဓလေ့ထုံးတမ်းစဉ်လာအရ ပြောတဲ့စကားတွေဖြစ်နေပါပြီ။ ဒါတွေက အန္တရာယ်ရှိတဲ့ ရိုးရာဓလေ့ထုံးတမ်းတွေဆိုတာကို ပေါ်ယံရှပ်ကြည့်ရုံနဲ့ တော့ သတိမထားမိနိုင်ပါဘူး။
နှလုံးရည် (Femininity) ပြည့်ဝခြင်းက မိန်းမသားများသာဖြစ်ပြီး၊ လက်ရုံးရည် (Masculinity) ပြည့်ဝသူတွေက ယောက်ျားသားများသာဖြစ်တယ်ဆိုတဲ့ အပြောအဆို၊ အတွေးအခေါ်၊ အယူအဆတွေက လုံးဝမှားယွင်းနေပါတယ်။ ယောက်ျားတစ်ဦးချင်းမှာဖြစ်ဖြစ်၊ မိန်းမတစ်ယောက်စီမှာပဲဖြစ်ဖြစ် သင့်တင့်မျှတတဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို ပိုင်ဆိုင်ထားမှသာ လူ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု နဲ့  တစ်ဦးကိုတစ်ဦး ဖေးမကူညီလက်တွဲပေးတဲ့ မိတ်ကောင်းဆွေဖက်တွေဖြစ်လာနိုင်မှာ အမှန်ပါပဲ။
အရေးကြီးဆုံးအချက်တစ်ခုက Sex ဆိုတဲ့ လိင်နဲ့  ဂျဲန်ဒါကို လုပ်ငန်းခွင်တွေမှာသာမကပဲ အိမ်တွင်းမှာလဲ ခွဲမြင်တတ်အောင်လေ့ကျင့်ပြီး တွဲလျက်တည်ရှိနေတာကို မမေ့လျော့စေလိုပါဘူး။