အင္မတန္ခ်ိဳသာညက္ေညာျခင္းေတြရဲ႕ေနာက္ကြယ္…

တစ္ခါတစ္ေလေလာကျကီးဟာ ကိုယ္ေတြထင္ထားတာထက္ဆန္းျပားျပီး လူေတြကလည္းကိုယ္ေတြမထင္ထားတဲ႔စိတ္ဓာတ္ေတြရွိေနတတ္ျကပါတယ္။ လူတုိင္းစိတ္ထားေကာင္း၊
လူတုိင္း မနာလိုစိတ္ကင္းေ၀းျပီး လူတုိင္း အတၱ၊ ေလာဘ ကင္းေ၀းေနရင္ေတာ႔ျဖင္႔ ဒါျကီးကိုလူ႕ေလာကျကီးလို႕ေတာင္ေခၚစရာမလိုေလာက္ေတာ႔ပါဘူး။ လူ႕ေလာျကီးဆိုတဲ႔သဘာ၀အတိုင္း အရာရာတိုင္းဟာ အမွန္တရားမျဖစ္နုိင္ပါဘူး။စိတ္ထဲကတစ္မ်ိဳး ထြက္လာတဲ႔ပါးစပ္ကစကားကတစ္ဖံု ရင္ထဲနဲ႕ေျပာတဲ႔စကားနဲ႕ ကြာေနတာမ်ိဳးကိုကိုယ္တုိင္မသိပဲယံုလုိက္မိတာအမ်ားျကီးပါ။ ဆိုေတာ႔ေလာကမွာရွိတဲ႔ အရာတိုင္းလူတုိင္းကို မေကာင္းျမင္ခိုင္တာေတာ႔မဟုတ္ပင္မဲ႔ အားလံုးကို အေကာင္းျကီးျမင္ျပီးအလိမ္ခံ အေစာ္ကားခံ၊ အနွိမ္ခံရတာမ်ိဳး မျဖစ္ရေလေအာင္ သတိထားဖို႕လုိပါတယ္..
(၁) သိပ္အားက်တာပဲ ၊ တရားလြန္အားက်တာပဲ ဆိုတဲ႔စကားတစ္ခ်ိဳ႕ရဲ႕ေနာက္ကြယ္မွာ နွေျမာတသျခင္းေတြ မနာလုိ၀န္တိုမႈေတြပါေနတယ္ဆုိတာသင္အကဲခတ္တတ္ပါေစ။ တစ္ခ်ိဳ႕ေသာသူေတြရဲ႕စိတ္မွာေတာ႔တကယ္ျကီးအားက်လို႕အားက်တယ္ဆုိတဲ႔မုဒိတၱာစိတ္ေလးနဲ႕ေျပာပင္မဲ႔ တစ္ခ်ိဳ႕အားက်တဲ႔ဆိုတဲ႔စကားဟာ မနာလိုလုိက္တာဆိုတာကိုယဥ္ေက်းေအာင္သံုးရံုသံုးလုိက္တာပါပဲ။ ဒါေျကာင္႔ အားက်တယ္ေျပာတုိင္းဒီလူကိုယ္႔အေပၚမွာတကယ္ ေကာင္းတဲ႔သူတကယ္ခင္တဲ႔သူလုိ႕ထင္ျပီး ကိုယ္႔ခၽြင္းခ်က္ေတြကိုသြားမျပမိပါေစနဲ႕။
(၂) သင္႔ရဲ႕အက်ခိ်န္ကိုေစာင္႔ေနတဲ႔လူတစ္စုရွိတယ္ဆိုတာကိုသတိရပါ။ တစ္ခ်ိဳ႕ေသာသူေတြက ေရွ႔မွာသာ ေကာင္းေအာင္ဆက္ဆံတတ္ျကအားေပးတတ္ျကေပမဲ႔ သင္႔ရဲ႕ က်ရံႈးခ်ိန္၀မ္းနည္းခ်ိန္ေတြကို ေစာင္႔ေနတတ္ျကတယ္ဆိုတာသေဘာေပါက္ပါေစ။
(၃) ကဲ႔ရဲ႕တာကို ေ၀ဖန္အျကံျပဳတယ္ဆိုတာနဲ႕ဖံုးအုပ္တတ္ျကပါတယ္။ တစ္ခ်ိဳ႕ေသာသူေတြကသင္႔ရဲ႕အားနည္းခ်က္ေတြကို သင္ခံစားနစ္မြန္းေအာင္ေျပာဆုိေထာက္ျပျပီးမွာ အျကံေပးတယ္ဆိုျပီး စကားခ်ိဳသက္တတ္ျကပါတယ္၊ကဲ႔ရဲ႕တာနဲ႕အျကံျပဳတာကို ခြဲျခားနားလည္နုိင္ျပီး ဒီလူရဲ႕စိတ္ရင္းမွန္ကိုခံမွန္းကာ ဂရုစိုက္ေပါင္းသင္းတတ္ပါေစ။
(၄) ျကား၀င္ပါတဲ႔သူေတြကို ထုတ္ပစ္လုိက္ပါ။ သင္႔ရဲ႕အခ်စ္ေရးပဲျဖစ္ ျဖစ္ သင္႔ရဲ႕မိသားစုေရးပဲျဖစ္ျဖစ္ ခင္မင္လို႔ အျကံေပးတာမ်ိဳးရပါတယ္ သို႕ေသာ္ ၀င္မပါပါေစနဲ႕။ တစ္ခ်ိဳ႕ေသာျကား၀င္မႈေတြဟာေစတနာအရင္းမွန္ျဖစ္နုိ္င္ေပမဲ႔တစ္ခ်ိဳ႕ကေတာ႔မီးေလာင္ရာေလပင္႔ ခ်င္ေနတာမ်ိဳးျဖစ္တတ္ျကပါတယ္။
(၅) ကိုယ္႔ခံစားခ်က္တုိုင္းကိုေတာ္ရံုယံုျပီးမေျပာျပပါနဲ႕။ တစ္ခါတစ္ရံမွာ ကိုယ္ယံုျကည္ရပါတယ္ ကိုယ္႔ဘက္ကရွိေနပါတယ္လို႕ထင္တဲ႔သူေတြ ကပဲကိုယ္႔ေနာက္ေက်ာကိုဓားနဲ႕ထုိးတတ္ျကပါတယ္။ ကိုယ္ခံစားခ်က္မွန္သမ်ွကိုသိထားျကတဲ႔သူေတြပီပီ တစ္ျခားသူေတြထက္ကိုယ္႔အားနည္းခ်က္ကို သိျကတာမလို႕ လူတုိင္းကိုယံုျပီးကိုယ္႔ရဲ႕အေမွာင္ဘက္ျခမ္းေတြကိုထုတ္ထုတ္မျပမိပါေစနဲ႕။
ေလာကျကီးမွာ ေနထုိင္ရခ်ိန္ေလးဟာခဏေလးပါပဲ ဒီလုိခိ်န္မွာ ေတြ႕ရတဲ႔လူ႕စရိုက္ေတြဟာ လူ႕သက္တန္းထက္ေတာင္မ်ားခ်င္မ်ားေနအံုးမွာပါ။ ဒါေျကာင္႔လူတုိင္းကိုယ္႔စိတ္လိုပဲျဖစ္မယ္ မသတ္မွတ္ပဲ လူေရလည္ေအာင္ေနထုိင္ရင္းတန္ဖိုးရွိရွိဘ၀ကိုတည္ေဆာက္နုိ္င္ျကပါေစလို႕ဆုေတာင္းေပးလုိက္ပါတယ္…

Unicode

တစ်ခါတစ်လေလောကကြီးဟာ ကိုယ်တွေထင်ထားတာထက်ဆန်းပြားပြီး လူတွေကလည်းကိုယ်တွေမထင်ထားတဲ့စိတ်ဓာတ်တွေရှိနေတတ်ကြပါတယ်။ လူတိုင်းစိတ်ထားကောင်း၊
လူတိုင်း မနာလိုစိတ်ကင်းဝေးပြီး လူတိုင်း အတ္တ၊ လောဘ ကင်းဝေးနေရင်တော့ဖြင့် ဒါကြီးကိုလူ့လောကကြီးလို့တောင်ခေါ်စရာမလိုလောက်တော့ပါဘူး။ လူ့လောကြီးဆိုတဲ့သဘာဝအတိုင်း အရာရာတိုင်းဟာ အမှန်တရားမဖြစ်နိုင်ပါဘူး။စိတ်ထဲကတစ်မျိုး ထွက်လာတဲ့ပါးစပ်ကစကားကတစ်ဖုံ ရင်ထဲနဲ့ပြောတဲ့စကားနဲ့ ကွာနေတာမျိုးကိုကိုယ်တိုင်မသိပဲယုံလိုက်မိတာအများကြီးပါ။ ဆိုတော့လောကမှာရှိတဲ့ အရာတိုင်းလူတိုင်းကို မကောင်းမြင်ခိုင်တာတော့မဟုတ်ပင်မဲ့ အားလုံးကို အကောင်းကြီးမြင်ပြီးအလိမ်ခံ အစော်ကားခံ၊ အနှိမ်ခံရတာမျိုး မဖြစ်ရလေအောင် သတိထားဖို့လိုပါတယ်..
(၁) သိပ်အားကျတာပဲ ၊ တရားလွန်အားကျတာပဲ ဆိုတဲ့စကားတစ်ချို့ရဲ့နောက်ကွယ်မှာ နှမြောတသခြင်းတွေ မနာလိုဝန်တိုမှုတွေပါနေတယ်ဆိုတာသင်အကဲခတ်တတ်ပါစေ။ တစ်ချို့သောသူတွေရဲ့စိတ်မှာတော့တကယ်ကြီးအားကျလို့အားကျတယ်ဆိုတဲ့မုဒိတ္တာစိတ်လေးနဲ့ပြောပင်မဲ့ တစ်ချို့အားကျတဲ့ဆိုတဲ့စကားဟာ မနာလိုလိုက်တာဆိုတာကိုယဉ်ကျေးအောင်သုံးရုံသုံးလိုက်တာပါပဲ။ ဒါကြောင့် အားကျတယ်ပြောတိုင်းဒီလူကိုယ့်အပေါ်မှာတကယ် ကောင်းတဲ့သူတကယ်ခင်တဲ့သူလို့ထင်ပြီး ကိုယ့်ချွင်းချက်တွေကိုသွားမပြမိပါစေနဲ့။
(၂) သင့်ရဲ့အကျချိန်ကိုစောင့်နေတဲ့လူတစ်စုရှိတယ်ဆိုတာကိုသတိရပါ။ တစ်ချို့သောသူတွေက ရှေ့မှာသာ ကောင်းအောင်ဆက်ဆံတတ်ကြအားပေးတတ်ကြပေမဲ့ သင့်ရဲ့ ကျရှုံးချိန်ဝမ်းနည်းချိန်တွေကို စောင့်နေတတ်ကြတယ်ဆိုတာသဘောပေါက်ပါစေ။
(၃) ကဲ့ရဲ့တာကို ဝေဖန်အကြံပြုတယ်ဆိုတာနဲ့ဖုံးအုပ်တတ်ကြပါတယ်။ တစ်ချို့သောသူတွေကသင့်ရဲ့အားနည်းချက်တွေကို သင်ခံစားနစ်မွန်းအောင်ပြောဆိုထောက်ပြပြီးမှာ အကြံပေးတယ်ဆိုပြီး စကားချိုသက်တတ်ကြပါတယ်၊ကဲ့ရဲ့တာနဲ့အကြံပြုတာကို ခွဲခြားနားလည်နိုင်ပြီး ဒီလူရဲ့စိတ်ရင်းမှန်ကိုခံမှန်းကာ ဂရုစိုက်ပေါင်းသင်းတတ်ပါစေ။
(၄) ကြားဝင်ပါတဲ့သူတွေကို ထုတ်ပစ်လိုက်ပါ။ သင့်ရဲ့အချစ်ရေးပဲဖြစ် ဖြစ် သင့်ရဲ့မိသားစုရေးပဲဖြစ်ဖြစ် ခင်မင်လို့ အကြံပေးတာမျိုးရပါတယ် သို့သော် ဝင်မပါပါစေနဲ့။ တစ်ချို့သောကြားဝင်မှုတွေဟာစေတနာအရင်းမှန်ဖြစ်နို်င်ပေမဲ့တစ်ချို့ကတော့မီးလောင်ရာလေပင့် ချင်နေတာမျိုးဖြစ်တတ်ကြပါတယ်။
(၅) ကိုယ့်ခံစားချက်တိုုင်းကိုတော်ရုံယုံပြီးမပြောပြပါနဲ့။ တစ်ခါတစ်ရံမှာ ကိုယ်ယုံကြည်ရပါတယ် ကိုယ့်ဘက်ကရှိနေပါတယ်လို့ထင်တဲ့သူတွေ ကပဲကိုယ့်နောက်ကျောကိုဓားနဲ့ထိုးတတ်ကြပါတယ်။ ကိုယ်ခံစားချက်မှန်သမျှကိုသိထားကြတဲ့သူတွေပီပီ တစ်ခြားသူတွေထက်ကိုယ့်အားနည်းချက်ကို သိကြတာမလို့ လူတိုင်းကိုယုံပြီးကိုယ့်ရဲ့အမှောင်ဘက်ခြမ်းတွေကိုထုတ်ထုတ်မပြမိပါစေနဲ့။
လောကကြီးမှာ နေထိုင်ရချိန်လေးဟာခဏလေးပါပဲ ဒီလိုချိန်မှာ တွေ့ရတဲ့လူ့စရိုက်တွေဟာ လူ့သက်တန်းထက်တောင်များချင်များနေအုံးမှာပါ။ ဒါကြောင့်လူတိုင်းကိုယ့်စိတ်လိုပဲဖြစ်မယ် မသတ်မှတ်ပဲ လူရေလည်အောင်နေထိုင်ရင်းတန်ဖိုးရှိရှိဘဝကိုတည်ဆောက်နို်င်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…

352 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.