၆လက်မ မြွေသားရေလုပ် ရေစိုခံ Timberland x Supreme

untitled.jpg

 

နာမည်ကြီး Streetwear brand ဖြစ်တဲ့ Timberland ဖိနပ်ကုမ္ပဏီရဲ့ နှစ် (၄၀)ပြည့်အထိမ်းအမှတ် ကျင်းပတဲ့အနေနဲ့ သူရဲ့ လူကြိုက်များရေပန်းစားလှတဲ့ ၆လက်မ ဘွတ်ဖိနပ်ကို ပြန်လည်မွမ်းမံ ထုတ်လုပ်ခဲ့ပါတယ်။ နယူးအင်္ဂလန်၊ နယူးဟမ်ရှိုင်းယားပြည်နယ် အခြေစိုက် ကုမ္ပဏီခွဲက စီမံခဲ့တာလို့ သိရပါတယ်။

Timberland ရဲ့ ရေစိုခံ  ၆လက်မ၊ အရည်အသွေးကောင်း ဘွတ်ဖိနပ်ကို အရင်က နွားသားရေနဲ့လုပ်ခဲ့ပေမယ့် ခုဖိနပ်မှာတော့ မြွေသားရေနဲ့ အဆင့်မြှင့်ထုတ်လုပ်ထားပါတယ်။ ဖိနပ် ခြေဖနောင့်နေရာမှာ ကုမ္ပဏီအမှတ်တံဆိပ် နဲ့ချုပ်လုပ်ထားပါတယ်။

သားရေ မျက်နှာပြင် အသားက ရှေးမူမပျက် ဖိနပ်ရဲ့ တပ်မက်ဖွယ်ရာ ခံစားမှုကိုပေးစွမ်းမှာပါ။ ဒါ့ကြောင့် ဖက်ရှင်ကျတဲ့ အမျိုးသားတွေအဖို့  သပ်ရပ်ကျော့ရှင်းစေရုံသာမက စတိုင်ကျစေမှာပါ။

မြွေသားရေလုပ် ရေစိုခံ Timberland  x Supreme ဘွတ်ဖိနပ်ကို ဒီဇင်ဘာ (၁၉)ရက်နေ့ကစပြီး နယူးယောက် နဲ့ လန်ဒန်က လက်လီစတိုးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ကန်ဒေါ်လာ ၁၈၀ ဆိုတော့  သူသူငါငါတတ်နိုင်ကြမှာပါ။

Ref:theboombox

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.