အခ်ိန္ေပးျပီးၾကည့္ရတာတန္တယ္ဆုိတာ”Confession of Murder” ဇာတ္ကားကုိေျပာတာ

Trend ပရိသတ္ၾကီးအတြက္ ဒီတစ္ေခါက္ေတာ့ ကုိရီးယားဇာတ္ကားေကာင္းေလးတစ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ဒီဇာတ္ကားဟာ၂၀၁၂ ခုႏွစ္တည္းကထြက္ရွိခဲ႔တာျဖစ္လို႔ၾကည့္ဖူးသူေတြလည္းရွိမွာပါ။မၾကည့္ရေသးတဲ႔ပရိသတ္ေတြအတြက္ေတာ့ ဒီဇာတ္ကားက အခ်ိန္ေပးျပီးၾကည့္ရတာ တန္တဲ႔ဇာတ္ကားေလးပဲလို႔ ေျပာခ်င္ပါတယ္။ဇာတ္ကားေလးနာမည္ကေတာ့ “Confession of Murder” ပါ။အက္ရွင္စိတၱဇဇာတ္လမ္းပံုစံျဖစ္ျပီး ဒါရုိက္တာ Jung Byung-gil ရုိက္ကူးထားတာျဖစ္ပါတယ္။ပါ၀င္သရုပ္ေဆာင္ထားသူေတြကေတာ့ မင္းသားေခ်ာေတြျဖစ္ၾကတဲ႔
Jung Jae-young နဲ႔ Park Si-hoo ပါ။

ဇာတ္လမ္းအက်ဥ္းကုိေျပာျပရမယ္ဆုိရင္ေတာ့…မိန္းကေလးေတြခ်ည္းပဲရက္ရက္စက္စက္သတ္ျဖတ္ခဲ႔တဲ႔ စိတၱဇလူသတ္သမားကုိဖမ္းဖုိ႔ၾကိဳးစားေနတဲ႔ရဲအရာရွိ (Jung Jae Young) တစ္ေယာက္ရွိပါတယ္။ဒါေပမဲ႔ ေျခရာေဖ်ာက္ေတာ္လြန္းတဲ႔လူသတ္သမားကုိဖမ္းဖုိ႔ၾကိဳးစားေပမဲ႔လက္လြတ္ခဲ႔ရပါတယ္။လူသတ္သမားကုိလက္လြတ္ျပီး ဖမ္းဆီးလို႔မရေတာ့တဲ႔အခ်ိန္ ေနာက္ထပ္ ၁၅ႏွစ္အၾကာမွာေတာ့ I Am the Murderer ဆိုတဲ႔၀တၳဳစာအုပ္ကုိေရးသားခဲ႔တဲ႔စာေရးဆရာထြက္ေပၚလာခဲ႔ပါတယ္။သူ႔ကုိယ္သူစိတၱဇကြင္းဆက္လူသတ္သမားလုိ႔၀န္ခံျပီး မီဒီယာေတြကုိအသံုးခ်ကာ စာအုပ္ကုိေၾကာ္ျငာခဲ႔ပါတယ္။သူကေတာ့ Park Si Hoo ပါ။လူသတ္သမားပါလို႔ကုိယ္တုိင္၀န္ခံျပီးတဲ႔ေနာက္ ဖမ္းဆီးရမယ့္အခ်ိန္ကာလေက်ာ္သြားေပမဲ႔ ထုိလူသတ္သမားကုိ ဖမ္းမိမွျဖစ္မယ္လို႔ေၾကြးေၾကာ္ထားတဲ႔ရဲအရာရွိတို႔ ဘယ္လိုေတြဆက္ျဖစ္ၾကမလဲဆုိတာေတာ့ စိတ္လႈပ္ရွားစရာပါ။

အသတ္ခံရတဲ႔မိန္းကေလးရဲ ႔မိသားစု၀င္ေတြကလည္း လူသတ္သမားကုိလက္စားေခ်ဖုိ႔ၾကိဳးစားၾကပံုေတြ၊ရဲအရာရွိကလည္း ၀န္ခံထားတဲ႔လူသတ္သမားကတကယ့္အစစ္လူသတ္သမားမဟုတ္ဘူးလို႔မီဒီယာေတြကုိဖြင့္ဟတဲ႔အခ်ိန္မွာ ရုပ္သံဌာနေတြက တုိက္ရုိက္စကားရည္လုပြဲေတြလုပ္ဖုိ႔စီစဥ္လာခ႔ဲပါတယ္။တကယ္ပဲ Park Si Hoo က လူသတ္သမားအစစ္လား?ရဲအရာရွိေျပာသလို လူသတ္သမားအတုလား? အတုဆိုရင္ Park Si Hoo ေရးသားတဲ႔စာအုပ္ထဲကအေသးစိတ္အေၾကာင္းအရာေတြက လူသတ္သမားအစစ္ျဖစ္မွန္းသိသာေနတာေတြကေရာ? တကယ့္လူသတ္သမားအစစ္က ဘယ္သူမ်ားျဖစ္မလဲ? ရဲအရာရွိကေရာ ဘာလို႔ဒီလူသတ္သမားကုိသတ္ခ်င္ေလာက္ေအာင္မုန္းျပီး မရမေနဖမ္းဆီးခ်င္ေနရတာလဲ?ဒီလုိရုပ္သံဌာနေတြအျပင္းအထန္စိတ္၀င္စားေနတဲ႔အခ်ိန္၊ျပည္သူလူထုရဲ႔အာရံုစုိက္မႈေတြအမ်ားဆံုးရေနတဲ႔အခ်ိန္ လူသတ္သမားအစစ္ကထြက္ေပၚလာပါ့မလား?ဆုိတာေတြကုိ ဇာတ္လမ္းအခ်ိတ္အဆက္မိမိနဲ႔ စိတ္၀င္စားဖြယ္ေကာင္းစြာၾကည့္ရမွာျဖစ္ပါတယ္။

Unicode

Trend ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တော့ ကိုရီးယားဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ၂၀၁၂ ခုနှစ်တည်းကထွက်ရှိခဲ့တာဖြစ်လို့ကြည့်ဖူးသူတွေလည်းရှိမှာပါ။မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားက အချိန်ပေးပြီးကြည့်ရတာ တန်တဲ့ဇာတ်ကားလေးပဲလို့ ပြောချင်ပါတယ်။ဇာတ်ကားလေးနာမည်ကတော့ Confession of Murder ပါ။အက်ရှင်စိတ္တဇဇာတ်လမ်းပုံစံဖြစ်ပြီး ဒါရိုက်တာ Jung Byung-gil ရိုက်ကူးထားတာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မင်းသားချောတွေဖြစ်ကြတဲ့
Jung Jae-young နဲ့ Park Si-hoo ပါ။

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့…မိန်းကလေးတွေချည်းပဲရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားကိုဖမ်းဖို့ကြိုးစားနေတဲ့ရဲအရာရှိ (Jung Jae Young) တစ်ယောက်ရှိပါတယ်။ဒါပေမဲ့ ခြေရာဖျောက်တော်လွန်းတဲ့လူသတ်သမားကိုဖမ်းဖို့ကြိုးစားပေမဲ့လက်လွတ်ခဲ့ရပါတယ်။လူသတ်သမားကိုလက်လွတ်ပြီး ဖမ်းဆီးလို့မရတော့တဲ့အချိန် နောက်ထပ် ၁၅နှစ်အကြာမှာတော့ I Am the Murderer ဆိုတဲ့ဝတ္ထုစာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာထွက်ပေါ်လာခဲ့ပါတယ်။သူ့ကိုယ်သူစိတ္တဇကွင်းဆက်လူသတ်သမားလို့ဝန်ခံပြီး မီဒီယာတွေကိုအသုံးချကာ စာအုပ်ကိုကြော်ငြာခဲ့ပါတယ်။သူကတော့ Park Si Hoo ပါ။လူသတ်သမားပါလို့ကိုယ်တိုင်ဝန်ခံပြီးတဲ့နောက် ဖမ်းဆီးရမယ့်အချိန်ကာလကျော်သွားပေမဲ့ ထိုလူသတ်သမားကို ဖမ်းမိမှဖြစ်မယ်လို့ကြွေးကြော်ထားတဲ့ရဲအရာရှိတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ စိတ်လှုပ်ရှားစရာပါ။

အသတ်ခံရတဲ့မိန်းကလေးရဲ ့မိသားစုဝင်တွေကလည်း လူသတ်သမားကိုလက်စားချေဖို့ကြိုးစားကြပုံတွေ၊ရဲအရာရှိကလည်း ဝန်ခံထားတဲ့လူသတ်သမားကတကယ့်အစစ်လူသတ်သမားမဟုတ်ဘူးလို့မီဒီယာတွေကိုဖွင့်ဟတဲ့အချိန်မှာ ရုပ်သံဌာနတွေက တိုက်ရိုက်စကားရည်လုပွဲတွေလုပ်ဖို့စီစဉ်လာခဲ့ပါတယ်။တကယ်ပဲ Park Si Hoo က လူသတ်သမားအစစ်လား?ရဲအရာရှိပြောသလို လူသတ်သမားအတုလား? အတုဆိုရင် Park Si Hoo ရေးသားတဲ့စာအုပ်ထဲကအသေးစိတ်အကြောင်းအရာတွေက လူသတ်သမားအစစ်ဖြစ်မှန်းသိသာနေတာတွေကရော? တကယ့်လူသတ်သမားအစစ်က ဘယ်သူများဖြစ်မလဲ? ရဲအရာရှိကရော ဘာလို့ဒီလူသတ်သမားကိုသတ်ချင်လောက်အောင်မုန်းပြီး မရမနေဖမ်းဆီးချင်နေရတာလဲ?ဒီလိုရုပ်သံဌာနတွေအပြင်းအထန်စိတ်ဝင်စားနေတဲ့အချိန်၊ပြည်သူလူထုရဲ့အာရုံစိုက်မှုတွေအများဆုံးရနေတဲ့အချိန် လူသတ်သမားအစစ်ကထွက်ပေါ်လာပါ့မလား?ဆိုတာတွေကို ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ စိတ်ဝင်စားဖွယ်ကောင်းစွာကြည့်ရမှာဖြစ်ပါတယ်။

131 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.