လူတစ်ယောက်အပေါ်ချစ်မိတာနဲ့ ကိုယ့်တက်လမ်းပိတ်မိသလို မဖြစ်ပါစေနဲ့

အချစ်နဲ့တွေ့သွားရင် လူတိုင်းဟာ အရည်ပျော်ဝင်သွားကြတာချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတာ
ဘဝရဲ့သေးငယ်တဲ့ အစိတ်ပိုင်းလေး တစ်ခုပါပဲ။ တကယ့်အရေးကိစ္စတွေနဲ့ ကြုံရတဲ့အခါ အချစ်ဆိုတဲ့အရာက သေးသိမ်ပျောက်ကွယ်သွားတယ်။

လူတစ်ယောက်အပေါ်ချစ်မိတဲ့အခါ ကိုယ့်တက်လမ်း ကိုယ်ပိတ်မိသလိုတွေဖြစ်တတ်ပါတယ်။ သူ့အတွက် ကိုယ့်ရဲ့အချိန်တွေ ဖြုန်းမှန်းမသိ ဖြုန်းမိနေတယ်။ သူဘာတွေလုပ်နေလဲ ၊ ဘယ်သွားနေလဲ ၊ဘယ်သူတွေနဲ့ အတူရှိနေမလဲဆိုပြီး တစ်ချိန်လုံးခေါင်းထဲ နေရာယူတွေးမိနေတာဟာ ချစ်မိတဲ့လူတိုင်းဖြစ်တတ်ပေမယ့် သင့်မှာလည်း ဘဝတက်လမ်းဆိုတာရှိသေးတယ်လေ။

ဒီတော့ သူ့အတွက် အချိန်တွေ အလကားအကုန်ခံနေမယ့်အစား လုပ်စရာရှိတာလုပ်ပါ။ အချိန်တန်ရင် ဗိုက်ဆာမှာပဲလေ။ ထမင်းစားဖို့တော့ လုပ်ရဦးမှာပါ။ မချစ်နဲ့လို့ ပြောတာမဟုတ်ပါဘူး။ ချစ်ပါ.. သူ့အတိုင်းတာနဲ့သူပေါ့။ ဆယ်ကျော်သက်လေးလို သစ်ရွက်လှုပ်တိုင်း ရယ်ချင်တဲ့အရွယ်တွေလည်း ကျော်လွန်လာပြီဆိုတော့ ရှေ့လျှောက် ကိုယ့်လမ်းကိုယ် ဖောက်ထားသင့်ပါပြီ။

လမ်းလျှောက်ရင်းလည်း လမ်းမပျောက်ပါစေနဲ့။ ကိုယ်သွားမယ့် ပန်းတိုင်ဆီကို သေချာလျှောက် လှမ်းနိုင်ဖို့ လူတွေနဲ့ ထိတွေ့ဆက်ဆံပါ။ အတွေ့အကြုံတွေ အများကြီးယူပါ။ ကောင်းတဲ့ဝေဖန်မှုတွေကို လက်ခံနိုင်အောင် ကြိုးစားပါ။ အမှားတွေကနေ သင်ခန်းစာယူပါ။နောက်ပြန်လှည့်မကြည့်နဲ့… ဘာပဲလုပ်လုပ် စိတ်ကိုရိုးရှင်းစွာပဲ ထားပါ။

♕ pinterest // @katherinequeen5

တစ်ခါတစ်လေ လူတွေဟာ ဝေခွဲမရဖြစ်တတ်ပါတယ်။ ကိုယ့်စိတ်ကိုယ် သေချာမသိကြဘူး။ ဘာကိုရွေးချယ်ရမှန်း မသိဖြစ်နေချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ဘဝကို မျက်လုံးလည်းမှိတ်ပြီး ခဏလောက် ပုံဖော်ကြည့်လိုက်ပါ။ ဒီအိပ်မက်တွေက သင့်နဲ့လက်တကမ်းအလိုမှာရှိနေတယ်။ ကိုယ်ဆန္ဒရှိတဲ့ဘဝမှာနေထိုင်နိုင်ဖို့ ဘာအတွက် တွေဝေနေဦးမှာလဲ…

ကဲ ဘာကိုရွေးချယ်မလဲ.. ချစ်တဲ့သူလား… ကိုယ့်ဘဝတက်လမ်းလား ?

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.