မျက်စိစုံမှိတ်ယုံကြည်ပေးထားရင်းက သစ္စာဖောက်ခံရတာမျိုးမဖြစ်ရလေအောင်…🧡
Unicode
ချစ်သူစုံတွဲတွေရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက ကိုယ့်ကိုသစ္စာဖောက်မှာ၊ကိုယ့်အပေါ်နောက်ကျောဓားနဲ့ထိုးတဲ့အဖြစ်မျိုးရောက်လာမှာအကြောက်ဆုံးပါ။အလိမ်အညာတွေမရှိ တဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ တကယ်ကိုကံကောင်းတာပါပဲ။တကယ်လို့များသင်က ချစ်သူဆီကသစ္စာအဖောက်ခံရဖူးတယ်၊နောက်ထပ်ချစ်သူတွေ့တဲ့အခါမှာလည်း ထပ်ပြီးသစ္စာအဖောက်ခံရမှာကြောက်တယ်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါတယ်။
၁)ယုံကြည်မှုတွေကိုပုံအောပြီးမပေးထားပါနဲ့
ချစ်ခြင်းတရားမှာပျော်ဝင်သွားတဲ့အခါ လူတွေက မျက်စိစုံမှိတ်ယုံတတ်ကြပါတယ်။ချစ်နေတဲ့အတွက်အပြစ်မမြင်တော့ပါဘူး။ဒါပေမဲ့ ဒီလိုသာမျက်စိစုံမှိတ်ယုံပေးလိုက်မယ်ဆိုရင် နာကျင်တဲ့အခါ ဒဏ်ရာဒဏ်ချက်က ကြီးမားတတ်ပါတယ်။ယုံကြည်ထားတဲ့သူတွေကပဲ ကိုယ့်အပေါ်သစ္စာဖောက်ရက်တာမဟုတ်လား။အဲ့ဒါကြောင့်သူ့ကိုယုံလောက်စရာကြီးကြီးမားမားမဖြစ်ပေါ်လာသေးတဲ့အချိန်ထိ သူ့အပေါ် 50/50 ပဲယုံကြည်ပါ။ကိုယ်လည်းအရွယ်ရောက်လို့ချစ်သူပဲထားနေပြီမဟုတ်လား။
ဘယ်စကားဆိုယုံသင့်လဲ၊ဘယ်အရာကိုမယုံသင့်ဘူးလဲဆိုတာစဉ်းစားဆင်ခြင်တတ်မှာပါ။
၂)ချစ်သူအချင်းချင်းလေးစားမှုရှိတဲ့အတိုင်းအတာထက်ကျော်လွန်ပြီးမယုံပါနဲ့
သူသင့်အပေါ်လေးစားမှုပိုရှိလေ၊သူ့ကိုပိုပြီးယုံကြည်လို့ရနိုင်ပါတယ်။ဒါပေမဲ့ တစ်ချို့ယောကျ်ားလေးတွေက သင့်ကိုလှည့်ဖြားတတ်ကြတယ်။ဥပမာ”မင်းငါ့ကိုဘာလို့မယုံတာလဲ မင်းငါ့ကိုမချစ်လို့လား မင်းင့ါကိုမယုံဘူးဆိုရင် မင်းငါ့ကိုတကယ်မချစ်လို့ပဲ” စသဖြင့်ပေါ့။ဒီလိုလေးပြောရုံနဲ့သင့်စိတ်ကိုပျော့ချလိုက်စရာမလိုပါဘူး။ဓားသွားပေါ်ကပျားရည်စက်လိုပဲ။ပျားရည်ကချိုတယ်ဆိုတာမှန်ပေမဲ့ အောက်မှာဓားရှိတာကိုလည်းမမေ့ပါနဲ့။ချစ်တာနဲ့ယုံကြည်ပေးတာက မတူညီတဲ့အရာနှစ်ခုပါ။ သင့်အပေါ်လေးစားမှုရှိတဲ့ယောကျ်ားတစ်ယောက်က သင်သဘောမတူတဲ့ကိစ္စတစ်ခုကို တူလာအောင်အတင်းဖိအားပေးတိုက်တွန်းမှာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ယုံကြည်မှုရှိဖို့ဆိုတာ အချိန်လည်းလိုအပ်ပါသေးတယ်။
၃)မျက်စိစုံမှိတ်ယုံထားတယ်ဆိုရင် ဖြစ်လာသမျှကိုလည်းလက်ခံပါ
အချစ်ဆိုတာဒီလိုပါပဲ။ပျော်ရွှင်ရမယ်၊ကြည်နူးရမယ်။စိတ်ညစ်စရာတွေလည်းရှိမယ်။အချစ်ရေးကိုဘယ်လောက်ပဲကောင်းမွန်အောင်ဂရုစိုက်စိုက် ဆိုးရွားသွားစေမယ့်အခွင့်အရေးကတော့အမြဲတမ်းရှိနေပါတယ်။ဘယ်အရာမဆိုအောင်မြင်မှု၊ကျရှုံးမှုရှိသလို အချစ်ရေးမှာလညး်ကံဆိုးတဲ့အချိန်၊ကံကောင်းတဲ့အချိန်ဆိုတာရှိပါတယ်။သင်ဘယ်လောက်ပဲအချစ်ရေးနဲ့ပတ်သက််ပြီးကြိုးစားကြိုးစား တကယ်တမ်းသစ္စာဖောက်ခံရပြီဆို နာကျင်မှုတွေကနေပြေးမလွတ်ပါဘူး။သင်သိထားရမှာတစ်ခုက ဘာတွေပဲဖြစ်လာဖြစ်လာ သင်ထိန်းချုပ်နိုင်တယ်ဆိုတာပါပဲ။
သစ္စာဖောက်ခံရတယ်။နာကျင်တယ်။ဟုတ်ပြီ။နာကျင်မှုကို ခွင့်ပြုလိုက်ပါ။အချစ်နဲ့ပတ်သက်ပြီး ယုံကြည်ထားသလောက် သစ္စာဖောက်ခံရတယ်ဆိုတာကို လက်ခံလိုက်ပါ။ပြီးရင် ကိုယ့်စိတ်ကိုသန်မာအောင်လုပ်ပါ။သစ္စာဖောက်သွားတဲ့လူကြောင့် နာကျင်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပါ။အခုထိနာကျင်နေရတုန်းပဲဆိုရင်လည်း နာကျင်မှုတွေကနေ ရုန်းထွက်နိုင်အောင်ကြိုးစားသင့်နေပါပြီ။
သစ္စာဖောက်မခံချင်ဘူးဆိုရင်ဘယ်သူ့ကိုမှမျက်စိစုံမှိတ်ယုံကြည်မထားတာအကောင်းဆုံးပါပဲ။ယုံကြည်ထားတဲ့အတိုင်းအတာနဲ့အမျှသစ္စာဖောက်ခံရတဲ့အခါ နာကျင်မှုကလည်းထပ်တူပဲ ဖြစ်ပါလိမ့်မယ်။မနာကျင်ချင်ရင် လူတစ်ယောက်ကိုမျက်စိစုံမှိတ် 100 ရာခိုင်နှုန်းမယုံကြည်ထားပါနဲ့
534 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.