ဇာတ္လမ္းတြဲတိုင္း Go Ara မ်က္ကပ္မွန္အျမဲတပ္သလားလို႔ ပရိသတ္ေတြသိခ်င္ေနၾကတဲ႔ အေျဖကေတာ့…

Black (TV series) နဲ႔ ပရိသတ္ေတြရင္ထဲေရာက္လာခဲ႔တဲ႔မင္းသမီးေခ်ာေလးကေတာ့ Go Ara ပါ။အရင္ဇာတ္လမ္းတြဲေတြတုန္းက သိပ္ျပီးသတိမထားမိခဲ႔ၾကေပမဲ႔ မင္းသားေခ်ာ Song Seung-heon နဲ႔ တြဲဖက္ရုိက္ကူးတဲ႔ Black ဇာတ္ကားမွာေတာ့ ပုိျပီးသတိထားမိလာခဲ႔ၾကပါတယ္။ေနာက္ထပ္သူမကုိနာမည္ေက်ာ္ေစခဲ႔တဲ႔ဇာတ္လမ္းတြဲလည္းရွိပါေသးတယ္။အ႔ဲဒီဇာတ္ကားကေတာ့ မင္းသားေခ်ာ Lee Seung-gi နဲ႔တြဲဖက္ရုိက္ကူးခဲ႔တဲ႔ You’re All Surrounded ဇာတ္လမ္းတြဲ၊Hwarang ဇာတ္လမ္းတြဲတို႔ပဲျဖစ္ပါတယ္။

အခုအဓိကေျပာခ်င္တာကေတာ့ ဇာတ္လမ္းတြဲတိုင္းမွာ မင္းသမီးေခ်ာ Go Ara ရဲ ႔မ်က္ကပ္မွန္တပ္ထားသလို မ်က္လံုးအေရာင္ကိုပရိသတ္ေတြသတိထားမိမယ္ဆုိတာမလြဲပါဘူး။အစကေတာ့ မ်က္ကပ္မွန္ကုိဘာလို႔ဇာတ္လမ္းတြဲတိုင္းတပ္ထားတာလဲေပါ့။ဘာလုိ႔ဒီအေရာင္တစ္မ်ိဳးတည္းပဲမ်က္ကပ္မွန္တပ္ထားတာလဲေပါ့ေတြးမိခဲ့မွာပါ(ကုိယ္လည္းေတြးမိခဲ႔ပါတယ္)။ဒါေပမဲ႔ ေသခ်ာၾကည့္ေတာ့မ်က္ကပ္မွန္တပ္ထားတာနဲ႔လဲမတူတာကုိ သတိထားမိျပီး သူမရဲ႔အေၾကာင္းေလးေတြရွာေဖြခဲ့ရာကေန တကယ့္အမွန္ကုိသိခဲ႔ရတာပါ။

တကယ့္အမွန္တရားကေတာ့ Go Ara ဟာ ေမြးဖြားစကတည္းက hazel eyes လို႔ေခၚတဲ႔ မ်က္၀န္းညိဳညိဳစိမ္းစိမ္းေလးကုိပုိင္ဆုိင္ထားသူပါတဲ႔။ကုိရီးယားလူမ်ိဳးေတြထဲမွာဆုိ ေတာ္ေတာ္ကုိရွားတာပါ။ အဲ႔ဒါေၾကာင့္ပဲ မ်က္ကပ္မွန္တပ္ထားတယ္လို႔ပရိသတ္ေတြကထင္ၾကတာေပါ့။

Go Ara ရဲ ႔မ်က္၀န္းညိဳညိဳစိမ္းစိမ္းေလးဟာ အလင္းေရာင္အခိ်န္အဆ၊ေနရာအေနအထားေပၚမူတည္ျပီးညိဳလိုက္၊စိမ္းလိုက္ေျပာင္းတတ္ပါတယ္တ႔ဲ။ဆယ္ေက်ာ္သက္အရြယ္တုန္းကဆို သူမရဲ႔မ်က္လံုးက အရမ္းအေရာင္ေတာက္ျပီးလင္းေနတာပဲလို႔လည္းသိရပါတယ္။တျဖည္းျဖည္းအရြယ္ေရာက္လာေတာ့သူမရဲ ႔မ်က္၀န္းက ညိဳတဲ႔ဘက္ကုိပုိျပီးေရာက္လာခဲ့တာကုိ ပရိသတ္ေတြကသတိထားမိခဲ႔ၾကပါတယ္။အစိမ္းေရာင္ဘက္မသမ္းပဲ အညိဳဘက္ေရာက္လာေတာ့သူမရဲ႔မ်က္၀န္းက ဆြဲေဆာင္မႈအရွိဆုံးအစိတ္အပိုင္းတစ္ခုလို႔ေတာင္ေျပာရေလာက္ေအာင္လွပလာတာျမင္ရမွာပါ။

အခုလတ္တေလာ သူမရဲ႔အႏုပညာလႈပ္ရွားမႈေလးေတြကုိပါအဆစ္ထည့္ျပီးေျပာျပရမယ္ဆုိရင္ေတာ့ Ms. Hammurabi ဆုိတဲ႔ဇာတ္လမ္းတြဲမွာပါ၀င္သရုပ္ေဆာင္ထားျပီး ဒီဇာတ္လမ္းတြဲဟာ ေမလ ၂၁ရက္ေန႔ကစတင္ျပသခဲ႔ပါတယ္။ဇူလိုင္လထဲမွာဇာတ္ကားရုိက္ကူးမႈျပီးဆံုးမွာျဖစ္တယ္လို႔သိရပါတယ္။သူမရဲ႔ ပံုေလးေတြကုိပရိသတ္ေတြအတြက္ျပန္ျပီးေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

Black (TV series) နဲ့ ပရိသတ်တွေရင်ထဲရောက်လာခဲ့တဲ့မင်းသမီးချောလေးကတော့ Go Ara ပါ။အရင်ဇာတ်လမ်းတွဲတွေတုန်းက သိပ်ပြီးသတိမထားမိခဲ့ကြပေမဲ့ မင်းသားချော Song Seung-heon နဲ့ တွဲဖက်ရိုက်ကူးတဲ့ Black ဇာတ်ကားမှာတော့ ပိုပြီးသတိထားမိလာခဲ့ကြပါတယ်။နောက်ထပ်သူမကိုနာမည်ကျော်စေခဲ့တဲ့ဇာတ်လမ်းတွဲလည်းရှိပါသေးတယ်။အဲ့ဒီဇာတ်ကားကတော့ မင်းသားချော Lee Seung-gi နဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ You’re All Surrounded ဇာတ်လမ်းတွဲ၊Hwarang ဇာတ်လမ်းတွဲတို့ပဲဖြစ်ပါတယ်။

အခုအဓိကပြောချင်တာကတော့ ဇာတ်လမ်းတွဲတိုင်းမှာ မင်းသမီးချော Go Ara ရဲ ့မျက်ကပ်မှန်တပ်ထားသလို မျက်လုံးအရောင်ကိုပရိသတ်တွေသတိထားမိမယ်ဆိုတာမလွဲပါဘူး။အစကတော့ မျက်ကပ်မှန်ကိုဘာလို့ဇာတ်လမ်းတွဲတိုင်းတပ်ထားတာလဲပေါ့။ဘာလို့ဒီအရောင်တစ်မျိုးတည်းပဲမျက်ကပ်မှန်တပ်ထားတာလဲပေါ့တွေးမိခဲ့မှာပါ(ကိုယ်လည်းတွေးမိခဲ့ပါတယ်)။ဒါပေမဲ့ သေချာကြည့်တော့မျက်ကပ်မှန်တပ်ထားတာနဲ့လဲမတူတာကို သတိထားမိပြီး သူမရဲ့အကြောင်းလေးတွေရှာဖွေခဲ့ရာကနေ တကယ့်အမှန်ကိုသိခဲ့ရတာပါ။

တကယ့်အမှန်တရားကတော့ Go Ara ဟာ မွေးဖွားစကတည်းက hazel eyes လို့ခေါ်တဲ့ မျက်ဝန်းညိုညိုစိမ်းစိမ်းလေးကိုပိုင်ဆိုင်ထားသူပါတဲ့။ကိုရီးယားလူမျိုးတွေထဲမှာဆို တော်တော်ကိုရှားတာပါ။ အဲ့ဒါကြောင့်ပဲ မျက်ကပ်မှန်တပ်ထားတယ်လို့ပရိသတ်တွေကထင်ကြတာပေါ့။

Go Ara ရဲ ့မျက်ဝန်းညိုညိုစိမ်းစိမ်းလေးဟာ အလင်းရောင်အချိန်အဆ၊နေရာအနေအထားပေါ်မူတည်ပြီးညိုလိုက်၊စိမ်းလိုက်ပြောင်းတတ်ပါတယ်တဲ့။ဆယ်ကျော်သက်အရွယ်တုန်းကဆို သူမရဲ့မျက်လုံးက အရမ်းအရောင်တောက်ပြီးလင်းနေတာပဲလို့လည်းသိရပါတယ်။တဖြည်းဖြည်းအရွယ်ရောက်လာတော့သူမရဲ ့မျက်ဝန်းက ညိုတဲ့ဘက်ကိုပိုပြီးရောက်လာခဲ့တာကို ပရိသတ်တွေကသတိထားမိခဲ့ကြပါတယ်။အစိမ်းရောင်ဘက်မသမ်းပဲ အညိုဘက်ရောက်လာတော့သူမရဲ့မျက်ဝန်းက ဆွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်းတစ်ခုလို့တောင်ပြောရလောက်အောင်လှပလာတာမြင်ရမှာပါ။

အခုလတ်တလော သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကိုပါအဆစ်ထည့်ပြီးပြောပြရမယ်ဆိုရင်တော့ Ms. Hammurabi ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲဟာ မေလ ၂၁ရက်နေ့ကစတင်ပြသခဲ့ပါတယ်။ဇူလိုင်လထဲမှာဇာတ်ကားရိုက်ကူးမှုပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။သူမရဲ့ ပုံလေးတွေကိုပရိသတ်တွေအတွက်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်နော်။

417 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.