၂၀၁၄ခုနှစ်ကို ကိုယ်စားပြုသော ကာလာဟာ ခရမ်းရောင် ပါ

item0.rendition.slideshowvertical.vibrant-orchid-lead.jpg

အနုပညာနယ်ပယ်၊ အားကစား၊ ခရီးသွားကဏ္ဍ အစရှိတဲ့ နိုင်ငံတကာနယ်ပယ်အသီးက အနုပညာရှင်၊ အားကစားသမား နဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ၂၀၁၄ခုနှစ်အတွက် ရွေးချယ်လိုက်တဲ့ အရောင်ကတော့ ခရမ်းရောင်လို့ သိရပါတယ်။ ၂၀၁၃ခုနှစ်အတွက် ကျောက်စိမ်းရောင်ကို ရွေးချယ်ပေးခဲ့ကြသလို ၂၀၁၄ခုနှစ်အတွက်လည်း ခုလို အားလုံးဝိုင်းဝန်းရွေးချယ်ပေးလိုက်ပြန်တာမို့ ဒီကာလာဟာ လူသားတွေကို ဘာတွေများ သက်ရောက်မှုရှိစေနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်လာပါတယ်။ ခရမ်းရောင်ဟာ ကိုယ့်ရဲ့စိတ်အင်အားကို တွန်းဖွင့်ပေးနိုင်တဲ့အရောင်ဖြစ်သလို စိတ်ကူးဥာဏ်ကို ကွန့်မြူးစေနိုင်တဲ့ အရောင်လည်း ဖြစ်ပါသတဲ့။ ဒါ့အပြင် ခရမ်းရောင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးပွားစေနိုင်တဲ့ ကာလာဖြစ်သလို လူတွေရဲ့ အာရုံစူးစိုက်မှုကိုခံရပြီး ဆွဲဆောင်မှုရှိတဲ့ အရောင်ဖြစ်တယ်လို့ အားလုံးက ညွှန်းဆိုလိုက်ပါတယ်။ ဖက်ရှင်ကဏ္ဍအနေနဲ့ နာမည်ကြီး brand တွေဖြစ်တဲ့ Chanel၊ Burberry Prorsum၊ Missoni အစရှိတာတွေကလည်း ၂၀၁၄ခုနှစ် နွေဦးရာသီအတွက် ထုတ်ထားတဲ့ ဒီဇိုင်းတွေအားလုံးဟာ ခရမ်းရောင်ဖြစ်တယ်လို့ သိရပြီး အလှအပကဏ္ဍအနေနဲ့ကတော့ နှုတ်ခမ်းနီကိုတောင် ခရမ်းရောင်ဆိုးလာကြမှာလို့ ဆိုလိုက်ပါတယ်။

Ref:luckymag.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.