Liam Hemsworth နဲ့ ပြတ်ကာစမှာတော့ အထီးကျန်မှာ အရမ်းကြောက်ခဲ့တယ်လို့ဆိုတဲ့ Miley Cyrus

miley.jpg

          Miley Cyrus တစ်ယောက် သူမနဲ့ Liam တို့ရဲ့ ဆက်ဆံရေးက အလုပ်မဖြစ်တော့တာကို သိနေပါတယ်။ ဒါပေမယ့်လည်း သူမနေနဲ့ စေ့စပ်ထားတာလေး ပျက်သွားမှာကို စိုးရိမ်နေမိ ပြန်ပါတယ်။ တကယ်တော့ သူမက အထီးကျန်မှာကြောက်သူပါ။

          ၂၀၀၉ခုနှစ်က The Last Song ဆိုတဲ့ ဇာတ်ကားရိုက်ကူးအပြီးမှာ စငြိခဲ့ကြတဲ့ သူမတို့ အတွဲဟာ နောက်(၃)နှစ်အကြာ ၊ မိုင်လေအသက် (၁၉)နှစ်အရောက်မှာ စေ့စပ်ဖြစ်ခဲ့ကြပါတယ်။

          ဒါပေမယ့် သူမတို့ရဲ့ ပျော်ရွှင်မှုတွေက ကြာရှည်မခံခဲ့ပါဘူး။ သတင်းစကားတွေအရ သူမတို့ ပြတ်စဲကြောင်း တရားဝင် မကြေငြာခင် လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက သူမတို့ရဲ့ ဆက်ဆံရေးမှာ ပြဿနာတွေ ရှိနေခဲ့ပါတယ်တဲ့။

          Barbara Walters ရဲ့ “The 10 Most Fascinating People of 2013” အင်တာဗျူးမှာ Miley က “ကျွန်မ တည်းယောက်တည်းကျန်ခဲ့မှာ အရမ်းကြောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုကျွန်မ အဲဒီအကြောက်တရားကို နှိမ်နင်းနိုင်ပြီလို့ ထင်ပါတယ်။ ဒီနှစ်က ကျွန်မကြုံခဲ့ရသမျှ အပြောင်းအလဲတွေထဲမှာ အကြီးမားဆုံး အပြောင်းအလဲတွေကို ခံစားခဲ့ရတဲ့ နှစ်ပါပဲ။ နောက်တစ်ယောက်ကို လိုအပ်တယ်ဆိုတာမျိုး ကျွန်မထပ်မလိုချင်တော့ပါဘူး။” လို့ ပြောပါတယ်။

          ထပ်ပြီးတော့ “ကျွန်မရဲ့ အစစ်အမှန် ၁၉နှစ်ဟာ ဘာလဲဆိုတာ ကျွန်မနားလည်ခဲ့တယ်လို့ မထင်ဘူး။ ၁၉နှစ်မှာ စေ့စပ်ခဲ့တယ်။ ပြီးတော့ အဲဒီလိုစေ့စပ်ခဲ့တာကိုလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ နှစ်အနည်းငယ် အဲဒီကျောက်ဆောင်ခဲလေး ၀တ်ခဲ့ရတာ အတော်လေး အူမြူးခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မတကယ်ပျော်နိုင်ပြီလို့ထင်တယ်။ ကျွန်မအိမ်မှာ တစ်ကိုယ်တည်း ရှိနေချိန်မျိုး ဆိတ်ငြိမ်နေတဲ့ အခိုက်အတန့်လေးတွေကို စောင့်တတ်လာပြီ” လို့ ပြောပါသေးတယ်။

          ဒီလိုပြောလို့ သူမနေနဲ့ လုံးဝ လပ်မထပ်တော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူမလိုအပ်တဲ့အချိန်မှာ လပ်ထပ်ချင်လာလိမ့်မယ်လို့ ထင်ပါတယ်လို့ပဲ ဖြေသွားပါတယ်။

Ref:starpulse

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.