၂ဝ၁၈ ဒရာမာဇာတ်ကားတွေအတွက် သူတို့အနုပညာကြေးတွေ ဘယ်လောက်ထိရလဲ

ကိုရီးယားမှာတော့ အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်တွေပါ…

အခုနောက်ပိုင်းမှာ ကိုရီးယား ရုပ်ရှင် ၊ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုသူဦးရေ ကမ္ဘာတစ်ဝှမ်းမှာ ပိုမိုများပြားလာပါတယ်။ ကြည့်ရှုသူ ပရိတ်သတ်တွေ ပိုမိုများပြားလာနဲ့အမျှ သရုပ်ဆောင်တွေရဲ့အနုပညာကြေးကလည်း မြင့်လေပါပဲ။

၉နှစ်ကြာပြီးနောက်မှာ အနုပညာလောကထဲ ပြန်ဝင်လာခဲ့တဲ့ မင်းသား Lee Byung Hun ကတော့ tvN series တစ်ခုဖြစ်တဲ့ ”Mr.Sunshine” ဇာတ်ကားမှာ ဝမ် ၁၅သန်း(ဒေါ်လာ ၁၄ဝဝဝဝ) နဲ့သရုပ်ဆောင်ခဲ့ပါတယ်။ အပိုင်း ၂၄ ပိုင်းရှိပြီး မကြာမီတွင် ကိုရီးယားမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Related image

Lee Jong Suk လည်း Episode တစ်ခုစီအတွက် သူ့ရဲ့အနုပညာကြေးက ဒေါ်လာ ၁၂ဝမှ ၁၄ဝ ဝန်းကျင်ရှိပါတယ်။ မကြာသေးခင်က Lee Jong Suk သရုပ်ဆောင်ခဲ့တဲ့ While You were sleeping ဇာတ်ကားဆို ဝင်ငွေ ၃.၄ သန်းထိရရှိခဲ့ပါတယ်။

Related image

၂၀၁၇ခုနှစ်ရဲ့လူကြိုက်အများဆုံးဇာတ်ကား Odyssey မှ သရုပ်ဆောင် Lee Seung Gi ရဲ့ Episode တစ်ခုကို ဒေါ်လာ ၁၂ဝနဲ့ ၁၄ဝ ဝန်းကျင်ရှိပါတယ်။ အပိုင်း (၂ဝ)လောက်ဆို သူ့ရဲ့ဝင်ငွေက ဒေါ်လာ ၂.၁ သန်းရှိပါတယ်။

Related image

Hyun Bin နဲ့ Park Bo Gum တို့ရဲ့အနုပညာကြေးကလည်း ပုံမှန်မင်းသားတွေရဲ့ကြေးနဲ့အတူတူလောက်ပါပဲ။ Hyun Bin ရဲ့ထွက်ရှိလာတော့မယ့် Memories of the Alhambra မှာလည်း episode တစ်ခုအတွက် $90K ရှိပါတယ်။ Park Bo Gum လည်း The Boyfriend ဆိုတဲ့ ဇာတ်ကားမှာ Song Hye Kyo နဲ့အတူ သရုပ်ဆောင်သွားမှာဖြစ်ပြီး အနုပညာကြေးကတော့
episode တစ်ခုကို $90K ဖြစ်ပါတယ်။

hyunbin

Related image

998 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.