Gong Yoo ရှာနေတဲ့လက်တွဲဖော် မိန်းကလေးက သင်များဖြစ်နေမလား?
Unicode
“Train to Busan” ၊”Goblin” ဇာတ်ကားတွေနဲ့ တရှိန်ထိုးအောင်မြင်ကျော်ကြားလာသူ မင်းသားချော Gong Yoo ဆိုရင် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ပါ။ ရင့်ကျက်တည်ငြိမ်တဲ့အသွင်နဲ့ ပရိသတ်တွေကိုဖမ်းစားထားသူဖြစ်ပေမဲ့ အခုချိန်ထိ လက်တွဲဖော်မိန်းကလေးကတော့ မရှိသေးပါဘူး။ဒါကြောင့်ပဲ Gong Yoo ဆိုရင် မိန်းကလေးတွေကစိတ်ကူးယဉ်မင်းသားတစ်လက်ပုံဖော်ကြတာပါ။ဘယ်သူပြောနိုင်မှာလဲနော်။
တစ်နေ့နေ့ သူနဲ့အပြင်မှာမဆုံဘူးလို့။အခုဆိုရင်အသက် ၃၈နှစ်ပြည့်ခါနီးနေပါပြီ။ ဘာလို့လက်တွဲဖော်မရှာသေးတာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ကိုယ်တွေကို
စောင့်နေတာများလား 😛
လူပျိုကြီး Gong Yoo တစ်ယောက် သဘောကျတဲ့၊လက်တွဲဖော်အဖြစ်ရည်ရွယ်ချင်တဲ့မိန်းကလေး ပုံစံကိုပရိသတ်တွေသိချင်ကြမှာပါ။သေချာပါတယ်။ကဲ ဒါဖြင့် Gong Yoo ရဲ ့စိတ်ကူးယဉ် မင်းသမီးပုံစံက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးတဲ့သူ့ရဲ့ စကားအရ သူလိုချင်တဲ့မိန်းကလေးပုံစံ၊သူ့ရဲ ့Ideal woman က…
၁)စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်မှုရှိရမယ်
အသက် ၃ရနှစ်တုန်းက Gong Yoo ဟာ သူသဘောကျတဲ့မိန်းကလေးပုံစံက စိတ်ပိုင်းဆိုင်ရာအရ တည်ငြိမ်ရင့်ကျက်မှုရှိတဲ့သူမျိုးပဲလို့ပြောခဲ့ဖူးပါတယ်။ဘာမဆို ခံစားချက်ကိုဦးစားပေးလုပ်တာ၊ ကလေးဆန်တာ၊တွက်ကပ်တာ၊ကလေးဆိုးကြီးလိုလုပ်တာမျိုးကို အရင်က သဘောကျခဲ့ဖူးပေမဲ့ အသက်တစ်နှစ်ပိုကြီးလာတဲ့အခါမှာတော့ တည်ငြိမ်တဲ့သူကိုပဲ သဘောကျပါတော့ တယ်တဲ့။ အစစအရာရာလိုက်ရှင်းပြနေရတာထက် ရှင်းပြစရာမလိုပဲ နားလည်မှုရှိတဲ့ပုံစံမျိုးကို သဘောကျတာပါ။
၂)အရမ်းမိန်းကလေးမဆန်ရဘူးတဲ့
အဲ့လဲ့ ဒီလူပျိုကြီးကတော့ နောက်ပြီ။တစ်ခြားသူတွေက မိန်းကလေးဆန်ဆန်လှတပတလေးတွေ ကိုချိန်နေတုန်း သူကတော့ အရမ်းမိန်းကလေးဆန်တာမျိုးမလိုချင်ဘူးဆိုပဲ။သူသဘောကျတဲ့ပုံစံက မိန်းကလေးလည်းအရမ်းမဆန်ရဘူး။ပြတ်ပြတ်သားသားဖြစ်ရမယ်။ရုပ်ရည်ရူပကာအရလည်း အရမ်းကြီးချောနေစရာမလိုပါဘူးတဲ့။Coffee Prince ထဲက မင်းသမီးလို ယောကျ်ားလေးလို သွက်လက်ပြီး ပွင့်ပွင့်လင်းလင်းရှိတတ်ပြောဆိုတတ်တဲ့ပုံစံက လွှမ်းမိုးသွားလေသလား <3
ဒရာမာဇာတ်ကားအပြီး သူတို့နှစ်ယောက်ရဲ ့ဒိတ်သတင်းလည်းထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့ နှစ်ယောက်လုံးက နိုးပါတဲ့။
၃)အခွင့်အရေးနဲ့ကံကြမ္မာအလိုကျစောင့်နေသူ
နောက်ဆုံးတစ်ချက် Gong yoo ဘာလို့ အခုချိန်ထိလက်တွဲဖော်မရှိသေးတာလဲဆိုတဲ့ အကြောင်းရင်း ကတော့ Gong Yoo က သူတကယ်ချစ်တဲ့မိန်းကလေးနဲ့တွေ့ဆုံမယ့် အချိန်ကိုစောင့်နေတာပါတဲ့။သူ့အနေနဲ့ တွဲမယ်ဆိုရင်လက်တွဲဖော်ကောင်းဖြစ်လာနိုင်တဲ့ မိန်းကလေးတွေ ရှိပေမဲ့လည်းသူကတော့မလောပါဘူး။အေးအေးဆေးဆေးပဲ သူချစ်တဲ့သူနဲ့တွေ့မယ့်အချိန်၊သူချစ်တဲ့သူနဲ့တွေ့ဆုံမယ့်အခွင့်အရေးကိုစောင့်နေတုန်းပါပဲ။ဖူးစာကိုယုံကြည်တဲ့သဘောပါပဲ။မှင်စာဇာတ်ကားရိုက်ပြီး ဖူးစာရှင်ကိုပဲစောင့်တော့မယ်တို့ ဘာတို့ 😛 အသက် ၄ဝမှာတော့ လက်ထပ်ဖို့စဉ်းစားထားပြီးမိသားစုဘဝလေးကိုတည်ထောင်ချင်တယ် လို့လည်းပြောခဲ့ဖူးတော့ ဒီကြားထဲမှာ လူပျိုကြီးတစ်ယောက် ဖူးစာရှင်တွေ့မလား၊ မတွေ့ဖူးလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါပဲ။
131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.