မုိးေရထဲမွာလမ္းေလ်ွာက္တာက ဒီလုိအက်ိဳးေက်းဇူးေတြရတယ္ဆုိတာ မသိခဲ႔ဘူး…

မိုးရြာထဲလမ္းေလ်ွာက္ခ်င္ေပမဲ႔ ေနမေကာင္းျဖစ္မွာစိုးတယ္၊ေမေမဆူမွာစုိးတယ္ ဆုိျပီး စိတ္ပူေနတဲ႔သူေလးေတြေတာင္ ဒီစာကုိဖတ္ျပီးရင္ေတာ့ မုိးရြာထဲပဲေလ်ွာက္ခ်င္တယ္တို႔၊ ဘာတို႔ျဖစ္ကုန္မွာအေသအခ်ာပါပဲ။တကယ္ေတာ့မုိးရြာထဲမွာလမ္းေလ်ွာက္ရင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြရႏုိင္ပါတယ္တဲ႔။The Ronettes တို႔ Johnnie Ray တို႔လို ဂီတပညာရွင္ေတြေတာင္ မုိးရြာထဲမွာလမ္းေလ်ွာက္ရတာက စိတ္ေရာကုိယ္ပါလန္းဆန္းျပီး အက်ိဳးေက်းဇူးေတြအမ်ားၾကီးရတယ္ဆုိတာ လက္ခံထားၾကပါတယ္။ဒါျဖင့္ ဒီလုိမိုးေလးတေျဖာက္ေျဖာက္ရြာေနတဲ႔အခ်ိန္ လမ္းေလ်ွာက္တဲ႔အခါ ဘယ္လိုအက်ိဳးေက်းဇူးေတြရလာမွာလဲ ဖတ္ၾကည့္လုိက္ရေအာင္

၁)တိတ္ဆိတ္တဲ႔အခ်ိန္ေကာင္းတစ္ခု
မိုးရြာျပီဆုိတာနဲ႔လူေတြကအေျပးအလႊားသြားၾကတယ္၊ျပန္ၾကတယ္။အဲ႔ဒီအတြက္ေၾကာင့္လမ္းသြယ္ေလးေတြမွာဆုိ မိုးရြာထဲလမ္းေလ်ွာက္တယ္ဆိုတဲ႔သူကရွာမွရွားေပါ့။ဒီလုိအခိ်န္ေကာင္းက အေတြးေပါင္းစံုနဲ႔မိုးရြာထဲေလ်ွာက္ဖုိ႔အေကာင္းဆံုးပါပဲ။ဆူညံသံေတြလည္းမၾကားရေတာ့ပဲ မုိးရြာထဲမယ္ ဖီးလ္လို႔ရတာေပါ့။

၂)ေလထုက ပိုသန္႔စင္လတ္ဆတ္လာတယ္
မုိးနံ႔ေလးမ်ားရလိုက္ရင္ လန္းဆန္းသြားသလုိခံစားရတယ္မဟုတ္လား။မိုးရြာလာျပီဆုိတာနဲ႔ ေလထုက အရင္ကထက္ပုိျပီးသန္႔စင္သြားပါတယ္။အဲ႔ဒီလုိသန္႔စင္တဲ႔ေလထုကိုရႈရွိဳက္တဲ႔အခါ ခႏၶာကုိယ္တစ္ခုလံုးလန္းဆန္းသြားပါလိမ့္မယ္။မနက္ခင္းေစာေစာလမ္းထေလ်ွာက္ရင္ရတတ္တဲ႔ေလထုသန္႔စင္မႈမ်ိဳးကုိမိုးရြာတဲ႔အခ်ိန္မွာပဲရႏိုင္ပါတယ္။

၃)မိုးနံ႔ေလးရဲ႔အက်ိဳးေက်းဇူး
မိုးေလးတေျဖာက္ေျဖာက္ရြာေနတဲ႔အခ်ိန္ ရလာတဲ႔မိုးနံ႔ကုိသင္တစ္ေယာက္ တည္းခ်စ္တာမဟုတ္ဘူးဆုိတာ ေသခ်ာပါတယ္။ေျမသင္းနံ႔ကုိခ်စ္တဲ႔သူေတြရွိသလုိ
မိုးနံ႔ေလးကုိလည္းခ်စ္တဲ႔သူေတြရွိပါတယ္။ဒီလုိမိုးနံ႔ကုိ Petrichor လုိ႔ေတာင္ နာမည္ေပးထားပါတယ္။၁၉၆၀ တုန္းက ၾသစေတးလ်သိပၸံပညာရွင္ႏွစ္ေယာက္ ေပးခဲ႔တာပါ။မိုးရြာထဲမွာလမ္းေလ်ွာက္ရင္းမိုးနံ႔ေလးရႈရိွဳက္ရတဲ႔အက်ိဳးေက်းဇူးကေတာ့ စိတ္တည္ျငိမ္ေအးခ်မ္းလာတာပါပဲ။စိတ္ရႈပ္စရာေတြရွိရင္ေတာင္
လြင့္စင္ထြက္သြားတာေပါ့။

၄)မိုးရြာတဲ႔အခ်ိန္ေလထုထဲက humidity ရဲ ႔ေကာင္းက်ိဳး
မုိးေတြရြာေနတဲ႔အခ်ိန္ သန္႔စင္သြားတဲ႔ေလထုထဲမွာ humidity ဆုိတာရွိပါတယ္။humidity ျမင့္ေလ သင့္ရဲ ႔အသားအရည္အတြက္ေရာ၊က်န္းမာေရးအတြက္ပါအမ်ားၾကီးအေထာက္ အကူျပဳလာပါတယ္။ေလ့လာသူေတြရဲ ႔အဆိုအရ humidity ၄၃ ရာခုိင္နႈန္းထက္ျမင့္လာတဲ႔အခါ ဗုိင္းရပ္စ္ပုိးေတြ ေလးပံုသံုးပံုခန္႔ကုိဖယ္ရွားသန္႔စင္ေပးပါတယ္တဲ႔။

၅)နားလည္လက္ခံနုိင္စြမ္းျမင့္လာတယ္
မုိးရြာထဲမွာလမ္းေလ်ွာက္တာက လူရဲ႔ စိတ္ကုိ powerless ျဖစ္ေစပါတယ္တ႔ဲ။ ဒီလုိမုိးရြာထဲ လမ္းေလ်ွာက္တာမ်ိဳးက ကုိယ့္စိတ္ကုိယ္ပိုသိပုိလက္ခံလာျပီးဘ၀နဲ႔ပတ္သက္ လို႔ပိုျပီးေတြးေတာလာတတ္ပါတယ္။စိတ္ပုိင္းဆုိင္ရာအားငယ္မႈေတြ၊အဆင္မေျပမႈေတြကုိဖယ္ရွားပစ္ႏုိင္တဲ႔အထိ မုိးရြာထဲလမ္းေလ်ွာက္တာကအက်ိဳးေက်းဇူးရွိပါတယ္။စိတ္ညစ္ေနတဲ႔အခ်ိန္နဲ႔ မုိးရြာတဲ႔အခ်ိန္တိုက္ဆုိင္ရင္ေတာ့ သင့္မွာပါလာတ႔ဲထီးေလးကုိ မဖြင့္ပဲမုိးရြာထဲ လမ္းေလ်ွာက္ပါလို႔အၾကံေပးခ်င္ပါတယ္။

၆)ကယ္လိုရီေတြေလာင္ကြ်မ္းပါတယ္တဲ႔
အိုးမိုးးတယ္မိုက္ပါလား။ဂ်ပန္လူမ်ိဳးပညာရွင္တစ္ခ်ိဳ႔ရဲ ႔ေလ့လာခ်က္အရ မိုးေရထဲလမ္းေလ်ွာက္တဲ ႔သူတစ္ေယာက္ဟာ ရာသီဥတုေနသာခ်ိန္မွာလမ္းေလ်ွာက္တဲ႔သူထက္ ကယ္လိုရီေလာင္ကြ်မ္း မႈပုိမ်ားတယ္လို႔ေတြ႔ရွိခဲ႔ရပါတယ္။ International Journal of Sports Medicine ဂ်ာနယ္ထဲမွာလည္း ဒီအခ်က္ကုိေဖာ္ျပထားပါတယ္။

အခုလည္းမိုးရာသီဆုိေတာ့ အေတာ္ပဲေပါ့။စိတ္ေတြတအားမြန္းက်ပ္လာတဲ႔အခါမ်ိဳးမွာ မုိးရြာထဲလမ္းေလ်ွာက္လုိက္တာက စိတ္ကုိေပါ့ပါးလန္းဆန္းသြားနုိင္တဲ႔နည္းလမ္းတစ္ခုပါပဲ။ မိုးရြာထဲလမ္းေလ်ွာက္ေနတဲ႔သင့္ကုိျမင္ရင္ တစ္ျခားသူေတြလည္း မိုးရြာထဲလမ္းေလ်ွာက္ ၾကည့္ခ်င္တဲ႔စိတ္ေတြတဖြားဖြား ေပၚလာမွာေသခ်ာပါတယ္။

Unicode

မိုးရွာထဲလမ်းလျှောက်ချင်ပေမဲ့ နေမကောင်းဖြစ်မှာစိုးတယ်၊မေမေဆူမှာစိုးတယ် ဆိုပြီး စိတ်ပူနေတဲ့သူလေးတွေတောင် ဒီစာကိုဖတ်ပြီးရင်တော့ မိုးရွာထဲပဲလျှောက်ချင်တယ်တို့၊ ဘာတို့ဖြစ်ကုန်မှာအသေအချာပါပဲ။တကယ်တော့မိုးရွာထဲမှာလမ်းလျှောက်ရင် ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်ပါတယ်တဲ့။The Ronettes တို့ Johnnie Ray တို့လို ဂီတပညာရှင်တွေတောင် မိုးရွာထဲမှာလမ်းလျှောက်ရတာက စိတ်ရောကိုယ်ပါလန်းဆန်းပြီး အကျိုးကျေးဇူးတွေအများကြီးရတယ်ဆိုတာ လက်ခံထားကြပါတယ်။ဒါဖြင့် ဒီလိုမိုးလေးတဖြောက်ဖြောက်ရွာနေတဲ့အချိန် လမ်းလျှောက်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ ဖတ်ကြည့်လိုက်ရအောင်

၁)တိတ်ဆိတ်တဲ့အချိန်ကောင်းတစ်ခု
မိုးရွာပြီဆိုတာနဲ့လူတွေကအပြေးအလွှားသွားကြတယ်၊ပြန်ကြတယ်။အဲ့ဒီအတွက်ကြောင့်လမ်းသွယ်လေးတွေမှာဆို မိုးရွာထဲလမ်းလျှောက်တယ်ဆိုတဲ့သူကရှာမှရှားပေါ့။ဒီလိုအချိန်ကောင်းက အတွေးပေါင်းစုံနဲ့မိုးရွာထဲလျှောက်ဖို့အကောင်းဆုံးပါပဲ။ဆူညံသံတွေလည်းမကြားရတော့ပဲ မိုးရွာထဲမယ် ဖီးလ်လို့ရတာပေါ့။

၂)လေထုက ပိုသန့်စင်လတ်ဆတ်လာတယ်
မိုးနံ့လေးများရလိုက်ရင် လန်းဆန်းသွားသလိုခံစားရတယ်မဟုတ်လား။မိုးရွာလာပြီဆိုတာနဲ့ လေထုက အရင်ကထက်ပိုပြီးသန့်စင်သွားပါတယ်။အဲ့ဒီလိုသန့်စင်တဲ့လေထုကိုရှုရှိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးလန်းဆန်းသွားပါလိမ့်မယ်။မနက်ခင်းစောစောလမ်းထလျှောက်ရင်ရတတ်တဲ့လေထုသန့်စင်မှုမျိုးကိုမိုးရွာတဲ့အချိန်မှာပဲရနိုင်ပါတယ်။

၃)မိုးနံ့လေးရဲ့အကျိုးကျေးဇူး
မိုးလေးတဖြောက်ဖြောက်ရွာနေတဲ့အချိန် ရလာတဲ့မိုးနံ့ကိုသင်တစ်ယောက် တည်းချစ်တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။မြေသင်းနံ့ကိုချစ်တဲ့သူတွေရှိသလို
မိုးနံ့လေးကိုလည်းချစ်တဲ့သူတွေရှိပါတယ်။ဒီလိုမိုးနံ့ကို Petrichor လို့တောင် နာမည်ပေးထားပါတယ်။၁၉၆၀ တုန်းက သြစတေးလျသိပ္ပံပညာရှင်နှစ်ယောက် ပေးခဲ့တာပါ။မိုးရွာထဲမှာလမ်းလျှောက်ရင်းမိုးနံ့လေးရှုရှိုက်ရတဲ့အကျိုးကျေးဇူးကတော့ စိတ်တည်ငြိမ်အေးချမ်းလာတာပါပဲ။စိတ်ရှုပ်စရာတွေရှိရင်တောင်
လွင့်စင်ထွက်သွားတာပေါ့။

၄)မိုးရွာတဲ့အချိန်လေထုထဲက humidity ရဲ ့ကောင်းကျိုး
မိုးတွေရွာနေတဲ့အချိန် သန့်စင်သွားတဲ့လေထုထဲမှာ humidity ဆိုတာရှိပါတယ်။humidity မြင့်လေ သင့်ရဲ ့အသားအရည်အတွက်ရော၊ကျန်းမာရေးအတွက်ပါအများကြီးအထောက် အကူပြုလာပါတယ်။လေ့လာသူတွေရဲ ့အဆိုအရ humidity ၄၃ ရာခိုင်နှုန်းထက်မြင့်လာတဲ့အခါ ဗိုင်းရပ်စ်ပိုးတွေ လေးပုံသုံးပုံခန့်ကိုဖယ်ရှားသန့်စင်ပေးပါတယ်တဲ့။

၅)နားလည်လက်ခံနိုင်စွမ်းမြင့်လာတယ်
မိုးရွာထဲမှာလမ်းလျှောက်တာက လူရဲ့ စိတ်ကို powerless ဖြစ်စေပါတယ်တဲ့။ ဒီလိုမိုးရွာထဲ လမ်းလျှောက်တာမျိုးက ကိုယ့်စိတ်ကိုယ်ပိုသိပိုလက်ခံလာပြီးဘဝနဲ့ပတ်သက် လို့ပိုပြီးတွေးတောလာတတ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေ၊အဆင်မပြေမှုတွေကိုဖယ်ရှားပစ်နိုင်တဲ့အထိ မိုးရွာထဲလမ်းလျှောက်တာကအကျိုးကျေးဇူးရှိပါတယ်။စိတ်ညစ်နေတဲ့အချိန်နဲ့ မိုးရွာတဲ့အချိန်တိုက်ဆိုင်ရင်တော့ သင့်မှာပါလာတဲ့ထီးလေးကို မဖွင့်ပဲမိုးရွာထဲ လမ်းလျှောက်ပါလို့အကြံပေးချင်ပါတယ်။

၆)ကယ်လိုရီတွေလောင်ကျွမ်းပါတယ်တဲ့
အိုးမိုးးတယ်မိုက်ပါလား။ဂျပန်လူမျိုးပညာရှင်တစ်ချို့ရဲ ့လေ့လာချက်အရ မိုးရေထဲလမ်းလျှောက်တဲ ့သူတစ်ယောက်ဟာ ရာသီဥတုနေသာချိန်မှာလမ်းလျှောက်တဲ့သူထက် ကယ်လိုရီလောင်ကျွမ်း မှုပိုများတယ်လို့တွေ့ရှိခဲ့ရပါတယ်။ International Journal of Sports Medicine ဂျာနယ်ထဲမှာလည်း ဒီအချက်ကိုဖော်ပြထားပါတယ်။

အခုလည်းမိုးရာသီဆိုတော့ အတော်ပဲပေါ့။စိတ်တွေတအားမွန်းကျပ်လာတဲ့အခါမျိုးမှာ မိုးရွာထဲလမ်းလျှောက်လိုက်တာက စိတ်ကိုပေါ့ပါးလန်းဆန်းသွားနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ မိုးရွာထဲလမ်းလျှောက်နေတဲ့သင့်ကိုမြင်ရင် တစ်ခြားသူတွေလည်း မိုးရွာထဲလမ်းလျှောက် ကြည့်ချင်တဲ့စိတ်တွေတဖွားဖွား ပေါ်လာမှာသေချာပါတယ်။

114 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.