ကိုယ့်ကိုယ်ကိုယ်လိမ်နေရတဲ့ချစ်ခြင်းမေတ္တာအတုတွေကနေရုန်းထွက်နိုင်ပါစေ…
Unicode
ရှိပါတယ် ရှိပါတယ် …ဒီလိုလူတစ်ချို့ရှိပါတယ်။ ချီးကျူးစရာလည်းကောင်းသလို သနားစရာလည်းကောင်းတဲ့လူတစ်ချို့့ပါ။ ကိုယ့်ရဲ့RS အဆင်မပြေမှန်းသိနေရက်၊ ကိုယ်နဲ့လက်ရှိတွဲနေတဲ့သူကကိုယ့်ကိုယ် တကယ်မေတ္တာမရှိမှန်းသိလျက်နဲ့ တစ်ချိန်ပြောင်းလဲလာမှာပါ။ သူငါ့ကိုချစ်ပါတယ် ချစ်မပြတတ်တာနေမှာပါ အဲ့လို ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း ကိုယ့်စိတ်ကို ကိုယ်တိုင်လိမ်နေတဲ့အစွဲလန်းကြီးသူတွေရှိပါတယ်။ လက်ရှိတွဲနေတဲ့သူကိုလက်မလွှတ်ပေးချင်တဲ့စိတ် ချစ်တဲ့စိတ်တွေမွှန်းနေတာကြောင့် ကိုယ့်စိတ်ကို လိမ်ပြီး အဆင်ပြေဟန်ဆောင်ပြီးနေနေရတဲ့သူတွေပါ။ ဆိုတော့ ကိုယ်ခံစားနေရတဲ့ စိတ်ကိုကိုယ်ပဲသေချာသိတာမလို့ ကိုယ့်ချစ်သူကကိုယ့်အပေါ်တကယ်ကြီးမကောင်းဘူးဆိုတာသိနေရင် ကိုယ့်လိပ်ပြာကိုကိုယ်မလိမ်ပဲအမြန်ရုန်းထွက်နိုင်ပါစေ…
(၁) ပတ်ဝန်းကျင်ကကဲ့ရဲ့မှာဘာညာစိုးရိမ်မနေပါနဲ့
တစ်ချို့ကပတ်ဝန်းကျင်အပြစ်တင်ပြောဆိုကဲ့ရဲ့ ပြောဆိုမှာကိုကြောက်ရွ့့ံပြီး ကိုယ့်အပေါ်မကောင်းတဲ့လက်တွဲဖော်ကို မစွန့်လွှတ်နိုင်တာမျိုးတွေရှိပါတယ်။ဆိုတော့ပြောချင်တာက ပတ်ဝန်းကျင် ကိုယ့်ဒုက္ခတွေကိုမျှဝေခံစားပေးမှာမဟုတ်လို့ကိုယ်တကယ်ရုန်းထွက်ချင်ပြီဆို ဘယ်သူ့ကိုမှထောက်မနေပဲ ကိုယ့်ပေါ်မကောင်းတဲ့သူနားကနေရုန်းထွက်နိုင်ပါစေ။
(၂) သူရောကိုယ်ရောအတွက်ကောင်းတဲ့ဆုံးဖြတ်ချက်ကိုချပါ
အခြေနေမကောင်းတော့တဲ့ဆက်ဆံရေးတစ်ခုမှာ သူရောကိုယ်ရော အဆင်ပြေဆုံးနဲ့အကောင်းဆုံးဖြစ်စေမဲ့နည်းလမ်းကတော့ လမ်းခွဲလိုက်တာပါပဲ။ မကောင်းမှန်းသိရင်ဖြတ်တောက်ပစ်နိုင်တာအကောင်းဆုံးပါပဲ။
(၃) တကယ်ချစ်တယ်ဆိုတာပိုင်ဆိုင်ရမှမဟုတ်ဘူးဆိုတာ သတိထားပါ
လူတစ်ယောက်ပေါ်တကယ်မေတ္တာစစ်နဲ့ချစ်တယ်ဆိုတာ အတင်းလုပ်ယူပြီးရယူပို်င်ဆိုင်မှရယ်မဟုတ်ပါဘူး။ မပိုင်ရလည်း မေတ္တာထားပေးပြီးအဝေးကချစ်နေလည်းရပါတယ်။ ဒါကြောင့်သူရောကိုယ်ရောရဲ့စိတ်ပျက်စရာကောင်းတဲ့ RS Life ကြီးကို စွန့်လွှတ်သင့်ရင်စွန့်လွှတ်လိုက်ပါ။
(၄) ကိုယ့်ဘက်ကဘာတွေအမှားရှိလဲပြန်ဆန်းစစ်ပါ
ကိုယ့်ဘက်ကဘာတွေအမှားရှိခဲ့လည်းပြန်လည်ဆန်းစစ်ပါ။ တွဲခဲ့တဲ့ကာလတစ်လျှောက်လုံးကိုယ့်ဘက်ကအကောင်းဆုံးနေပေးရင်းနဲ့ အပြစ်တွေရှာပြီးအဆင်မပြေဖြစ်လာပြီဆိုရင်တော့
ရှည်ရှည်ဝေးဝေးတွေးမနေပဲ ကိုယ့်ကိုယ်ကိုယ်မလိမ်ပဲ မကောင်းတော့တဲ့ RS ကြီးကိုစွန့်လွှတ်ပစ်လိုက်ပါ။
(၅) ပြောင်းလဲမှာပါဆိုပြီး အဖြစ်နိုင်တာတွေကို အချိန်အကြာကြီးပေးပြီးစောင့်ဆိုင်းမနေပါနဲ့
ကိုယ်လိုချင်တဲ့RS ဘဝမျိုးရောက်တော့ရောက်လာမှာပါဆိုပြီးကိုယ်နဲ့အဆင်မပြေ ညှိရခက်တဲ့သူတစ်ယောက်နဲ့ဆက်တွဲမနေပါနဲ့ဘယ်လောက်ချစ်ချစ်ပေါ့၊ ကိုယ်လိုချင်တဲ့ RS ဘဝဆိုတာ အလိုအလျောက်ကိုယ်နဲ့တိုက်ဆိုင်တဲ့သူပေါ်လာရင် ဖြစ်လာမဲ့အရာပါ။ ဆိုတော့ကိုယ်လိုချင်တဲ့ အချစ်ပုံစံမျိုးကိုယ်လိုချင်တဲ့ဘဝပုံစံမျိုးမရဘူးဆိုရင် သေချာတာကတော့ဒီလူကကိုယ့်အကြို်က်ဘယ်တော့မှမပြောင်းလဲနိုင်လောက်ရင် ကိုယ့်ကို်ယ်ကိုယ်လိမ်ပြီးရှေ့မဆက်ပါနဲ့တော့။
တစ်ခါတစ်ရံမှာ ကိုယ့်အပေါ်မကောင်းတဲ့အရာတွေကို စွဲမက်မိတဲ့အခါ ဖြတ်တောက်ရတာနာကျင်လှပါတယ်။ ဒါပင်မဲ့မဖြတ်တောက်ပဲ စိတ်ဆင်းရဲကြီးစွာနဲ့ ကိုယ့်စိတ်ကို ပါလိမ်ပြီးဆက်ဆွဲထား
အုံးမယ်ဆိုရင်တော့ အဆပေါင်းများစွာ ပိုစိတ်ဆင်းရဲရနိုင်တယ်ဆိုတာ သိရှိပြီး ရုန်းထွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.