မခ်စ္တတ္ဖူလုိ႕ေအာ္ေနပင္မဲ႔ဒါေတြဟာအခ်စ္ဆုိတာကိုသတိမထားမိတတ္ျကတဲ႔သူေတြရွိတယ္…

အခ်စ္ဆုိတာလူတိုင္းအတြက္အဓိပၸါယ္ကိုယ္စီရွိျပီးသားအရာတစ္ခုပါ။ လူတိုင္းကိုယ္႔ခံယူခ်က္နဲ႕ကိုယ္ အခ်စ္ကိုပံုစံမ်ိဳးစံုခံယူထားျပီးသားပါ။ ဒီလုိတစ္ေယာက္တစ္မ်ိဳးေတြခံယူထားတဲ႔ မတူညီတဲ႔ခံစားခ်က္ေတြကိုျခံဳငံုျကည္႔လုိက္မယ္ဆုိရင္ေတာ႔ အခ်စ္လုိ႔ခံယူလုိ႕ရတဲ႔တူညီတဲ႔အခ်က္ေလးေတြရွိျကပါတယ္။ ဆုိေတာ႔လူေတာ္ေတာ္မ်ားမ်ားရဲ႕ယူဆခ်က္နဲ႕တူတဲ႔အခ်စ္ဆုိတာဘယ္လုိပံုစံမ်ိဳးလည္း လူတစ္ေယာက္ကိုခ်စ္မိေနျပီဆိုတာ ဘယ္အရာေတြကေနသိရွိေစနုိင္သလဲ…
(၁) သည္းခံတတ္လာတယ္
သည္းခံစိတ္ဆုိတာ ေရးရင္သာလြယ္တာ ေျပာရင္သာလြယ္တာဗ်၊ တကယ္တမ္းလူတစ္ေယာက္ကိုကုိယ္႔စိတ္ေလ်ာ႔ျပီးသည္းခံနုိင္ဖုိ႕ဆုိ တာခက္ခဲလွပါတယ္။ ဒီလုိခက္ခဲတယ္လုိ႕ထင္ရတဲ႔ အရာေတြကပဲတကယ္ခ်စ္မိတဲ႔အခါ အရင္ကထက္ပုိျပီးသည္းခံနုိင္စြမ္းေတြနားလည္နုိင္စြမ္းေတြျပည္႔၀လာတတ္ျကပါတယ္။ သည္းခံဖို႕ကိုသင္စရာမလုိပဲတတ္ေနတတ္တာမ်ိဳးပါ။
(၂) ဆံုးရံႈးရမွာေျကာက္တယ္
လူတုိင္းဟာကိုယ္တကယ္လုိခ်င္တဲ႔အရာေတြကိုဆံုးရံႈးရမွာအေသေျကာက္တတ္ျကပါတယ္။ လူတစ္ေယာက္သင္႔ဘ၀မွာမရွိေတာ႔မွာ အရမ္းေျကာက္ျပီးသူထြက္မသြားဖို႕သူ႕ေပ်ာ္ရႊင္ရာေပ်္ာရႊင္ေျကာင္းေတြ သူ႕စိတ္အလုိေတြကို လုိက္ေလ်ာေပးေနမိေနတာဟာလည္း သိပ္ကိုခ်စ္တတ္မိေနျခင္းပါပဲ။
(၃) အေသးေလးကအစမွတ္မိေနတတ္ အေလးထားေနတတ္တယ္
လူတစ္ေယာက္နဲ႕ပတ္သတ္တဲ႔ကိစၥပိစိေလးေတြအကအစ လုိက္မွတ္မိေနတတ္ျပီး သူေျပာတဲ႔ဘာမဟုတ္တဲ႔စကားေလးေတြအေျကာင္းအရာေလးေတြကအစကိုယ္သိခ်င္စိတ္၀င္စားခ်င္ျဖစ္ေနျပီဆိုရင္သင္႔စိတ္ဟာ ဒီလူအေပၚသိပ္ကိုေလးနက္ေနပါျပီ။
(၄) ေျပာင္းလဲလာျကတယ္
လူတစ္ေယာက္ဟာတစ္စံုတစ္ေယာက္ေသာသူကုိခ်စ္မိရင္အရင္ကထက္ ေျပာင္းလဲလာတဲ႔အရာေတြအနည္းငယ္ရွိတတ္ျကပါတယ္။ဥပမာေျပာရရင္ အရင္လိုမဆိုးသြမ္းတာ ၊ အရင္လိုေျခမရႈပ္ပဲတည္ျငိမ္ေနတာအရင္လုိျပႆနာေတြမဖန္တီးပဲကိုယ္ခ်စ္တဲ႔သူနဲ႕ပဲေအးေဆးေနလာခ်င္တာမ်ိဳးေတြျဖစ္လာတတ္ျကပါတယ္။ ေသခ်ာပါတယ္လူတစ္ေယာက္ကိုခ်စ္မိလို႕တည္ျငိမ္တဲ႔ တဲ႔ RS ဘ၀ေလးကိုခံုမင္ေနျပီဆုိတာ။
(၅) တစ္ျခားသူေတြထက္သူနဲ႕ပဲ သက္ဆံုးတုိင္ခ်င္လာတယ္
ခ်စ္မိလာတဲ႔အခါ ဒီလူနဲ႕ပဲတစ္ဘ၀လံုးကိုကုန္ဆံုးခ်င္တဲ႔စိတ္ျဖစ္လာတတ္ျကတယ္။ ဒီလူနဲ႕႔ပဲသက္ဆံုးတုိင္အရိုးထုတ္ခ်င္စိတ္ေပါက္လာျပီး သူမွမဟုတ္ပဲ တစ္ျခားဘယ္ေလာက္ေကာင္းတဲ႔သူပဲျဖစ္ပါေစလက္မခံခ်င္ေတာ႔ေလာက္ေအာင္သူမွသူပဲသင္႔ဘ၀မွာအေရးပါေနတတ္ပါတယ္။ ဒါဟာလည္းခ်စ္ျခင္းတစ္ခုပါပဲ။
(၅) ေႏြးေထြးမႈအနွစ္သာရကိုခံစားရတယ္၊အနားမွာေနရတာေက်နပ္တယ္
အခ်ိန္တိုင္းရင္ခုန္ေနမွအခ်စ္ အခ်ိန္တိုင္းစိတ္လႈပ္ရွားေနမွအခ်စ္လုိ႕ဆိုလုိတာမဟုတ္ပါဘူး။ ခ်စ္မိတယ္ဆုိတာ အခ်ိန္တိုင္းရင္ခုန္မေနရရင္ေတာင္ အနားမွာရွိေနတာနဲ႕တင္ေႏြးေထြးတယ္ ျပည္႔စံုတယ္ စိတ္ခ်မ္းသာတယ္လုိ႕ခံစားေနရတာဟာလည္းစစ္မွန္တဲ႔ေမတၱာေတြပါ၀င္တဲ႔ခ်စ္ျခင္းသေဘာတရားပါပဲ။
ဆိုေတာ႔ မခ်စ္တတ္ဘူးဆုိတဲ႔သူမရွိပါဘူး မခ်စ္ရေသးတာပဲျဖစ္ခ်င္ျဖစ္မွာပါ။ အေပၚကအခ်က္ေလးေတြသင္တစ္စံုတစ္ေယာက္ေပၚကိုခံစားေနရျပီဆုိရင္ေတာ႔ သင္႔အတြက္သူက သင္႔ရင္ထဲကေပါက္ဖြားလာတဲ႔အခ်စ္တစ္ခုပါပဲ…

Unicode

 

အချစ်ဆိုတာလူတိုင်းအတွက်အဓိပ္ပါယ်ကိုယ်စီရှိပြီးသားအရာတစ်ခုပါ။ လူတိုင်းကိုယ့်ခံယူချက်နဲ့ကိုယ် အချစ်ကိုပုံစံမျိုးစုံခံယူထားပြီးသားပါ။ ဒီလိုတစ်ယောက်တစ်မျိုးတွေခံယူထားတဲ့ မတူညီတဲ့ခံစားချက်တွေကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ အချစ်လို့ခံယူလို့ရတဲ့တူညီတဲ့အချက်လေးတွေရှိကြပါတယ်။ ဆိုတော့လူတော်တော်များများရဲ့ယူဆချက်နဲ့တူတဲ့အချစ်ဆိုတာဘယ်လိုပုံစံမျိုးလည်း လူတစ်ယောက်ကိုချစ်မိနေပြီဆိုတာ ဘယ်အရာတွေကနေသိရှိစေနိုင်သလဲ…
(၁) သည်းခံတတ်လာတယ်
သည်းခံစိတ်ဆိုတာ ရေးရင်သာလွယ်တာ ပြောရင်သာလွယ်တာဗျ၊ တကယ်တမ်းလူတစ်ယောက်ကိုကိုယ့်စိတ်လျော့ပြီးသည်းခံနိုင်ဖို့ဆို တာခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတယ်လို့ထင်ရတဲ့ အရာတွေကပဲတကယ်ချစ်မိတဲ့အခါ အရင်ကထက်ပိုပြီးသည်းခံနိုင်စွမ်းတွေနားလည်နိုင်စွမ်းတွေပြည့်ဝလာတတ်ကြပါတယ်။ သည်းခံဖို့ကိုသင်စရာမလိုပဲတတ်နေတတ်တာမျိုးပါ။
(၂) ဆုံးရှုံးရမှာကြောက်တယ်
လူတိုင်းဟာကိုယ်တကယ်လိုချင်တဲ့အရာတွေကိုဆုံးရှုံးရမှာအသေကြောက်တတ်ကြပါတယ်။ လူတစ်ယောက်သင့်ဘဝမှာမရှိတော့မှာ အရမ်းကြောက်ပြီးသူထွက်မသွားဖို့သူ့ပျော်ရွှင်ရာပျေ်ာရွှင်ကြောင်းတွေ သူ့စိတ်အလိုတွေကို လိုက်လျောပေးနေမိနေတာဟာလည်း သိပ်ကိုချစ်တတ်မိနေခြင်းပါပဲ။
(၃) အသေးလေးကအစမှတ်မိနေတတ် အလေးထားနေတတ်တယ်
လူတစ်ယောက်နဲ့ပတ်သတ်တဲ့ကိစ္စပိစိလေးတွေအကအစ လိုက်မှတ်မိနေတတ်ပြီး သူပြောတဲ့ဘာမဟုတ်တဲ့စကားလေးတွေအကြောင်းအရာလေးတွေကအစကိုယ်သိချင်စိတ်ဝင်စားချင်ဖြစ်နေပြီဆိုရင်သင့်စိတ်ဟာ ဒီလူအပေါ်သိပ်ကိုလေးနက်နေပါပြီ။
(၄) ပြောင်းလဲလာကြတယ်
လူတစ်ယောက်ဟာတစ်စုံတစ်ယောက်သောသူကိုချစ်မိရင်အရင်ကထက် ပြောင်းလဲလာတဲ့အရာတွေအနည်းငယ်ရှိတတ်ကြပါတယ်။ဥပမာပြောရရင် အရင်လိုမဆိုးသွမ်းတာ ၊ အရင်လိုခြေမရှုပ်ပဲတည်ငြိမ်နေတာအရင်လိုပြဿနာတွေမဖန်တီးပဲကိုယ်ချစ်တဲ့သူနဲ့ပဲအေးဆေးနေလာချင်တာမျိုးတွေဖြစ်လာတတ်ကြပါတယ်။ သေချာပါတယ်လူတစ်ယောက်ကိုချစ်မိလို့တည်ငြိမ်တဲ့ တဲ့ RS ဘဝလေးကိုခုံမင်နေပြီဆိုတာ။
(၅) တစ်ခြားသူတွေထက်သူနဲ့ပဲ သက်ဆုံးတိုင်ချင်လာတယ်
ချစ်မိလာတဲ့အခါ ဒီလူနဲ့ပဲတစ်ဘဝလုံးကိုကုန်ဆုံးချင်တဲ့စိတ်ဖြစ်လာတတ်ကြတယ်။ ဒီလူနဲ့့ပဲသက်ဆုံးတိုင်အရိုးထုတ်ချင်စိတ်ပေါက်လာပြီး သူမှမဟုတ်ပဲ တစ်ခြားဘယ်လောက်ကောင်းတဲ့သူပဲဖြစ်ပါစေလက်မခံချင်တော့လောက်အောင်သူမှသူပဲသင့်ဘဝမှာအရေးပါနေတတ်ပါတယ်။ ဒါဟာလည်းချစ်ခြင်းတစ်ခုပါပဲ။
(၅) နွေးထွေးမှုအနှစ်သာရကိုခံစားရတယ်၊အနားမှာနေရတာကျေနပ်တယ်
အချိန်တိုင်းရင်ခုန်နေမှအချစ် အချိန်တိုင်းစိတ်လှုပ်ရှားနေမှအချစ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ချစ်မိတယ်ဆိုတာ အချိန်တိုင်းရင်ခုန်မနေရရင်တောင် အနားမှာရှိနေတာနဲ့တင်နွေးထွေးတယ် ပြည့်စုံတယ် စိတ်ချမ်းသာတယ်လို့ခံစားနေရတာဟာလည်းစစ်မှန်တဲ့မေတ္တာတွေပါဝင်တဲ့ချစ်ခြင်းသဘောတရားပါပဲ။
ဆိုတော့ မချစ်တတ်ဘူးဆိုတဲ့သူမရှိပါဘူး မချစ်ရသေးတာပဲဖြစ်ချင်ဖြစ်မှာပါ။ အပေါ်ကအချက်လေးတွေသင်တစ်စုံတစ်ယောက်ပေါ်ကိုခံစားနေရပြီဆိုရင်တော့ သင့်အတွက်သူက သင့်ရင်ထဲကပေါက်ဖွားလာတဲ့အချစ်တစ်ခုပါပဲ…

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.