သတ်မှတ်ဘောင်အတွင်းက မိန်းကလေးတွေထက် ခပ်ဆိုးဆိုးမိန်းကလေးတွေက ပိုပျော်ရွှင်ရတဲ့အကြောင်းရင်း

မိဘကထားတဲ့အတိုင်းနေ ၊ ဟိုမသွားရ ဒီမသွားရနဲ့ ပိတ်ပင်ခံရတဲ့ မိန်းကလေးတွေထက် နည်းနည်းလေး ကန့်လန့်တိုက်ပြီး စကားနားမထောင်တဲ့မိန်းကလေးတွေဟာ ပိုပြီးပျော်ရွှင်မှုကိုရနိုင်တယ်လို့ ဝါရှင်တန်မှ စိတ်ပညာရှင် Jill P.Weber ကဆိုပါတယ်။ ဘာကြောင့်လဲ ? ဆိုးတယ်ဆိုတဲ့ နေရာမှာ အမျိုးမျိုးရှိပါတယ်။ သူတစ်ပါးထိခိုက်အောင် ဆိုးတာနဲ့ ဘယ်သူကိုမှ မနှောင့်ယှက် ၊ သူစိတ်ချမ်းသာသလို ၊ သူစိတ်ရှိသလို နေချင်သလို ဆိုးတာမျိုးက ကွာပါတယ်။ ✌

Aesth

ဘဝမှာ ကိုယ်နေချင်သလို နေရတာလောက် စိတ်ချမ်းသာတာရှိဦးမလား ။ လူကြီးက မနက်စောစောထခိုင်းလို့ ၊ ထမင်းချက်ခိုင်းလို့ ၊ အိမ်သန့်ရှင်းလုပ်ခိုင်းလို့ဆိုပြီး မျိုးစုံသော အမိန့်တွေကြောင့် မိန်းကလေးအများစုဟာ မဖီဆန်နိုင်ကြပါဘူး။ စကားနားထောင်ကြတာများပါတယ်။ ဒါပေမယ့် ခပ်ဆိုးဆိုးကောင်မလေးတွေကလည်း မိဘတွေကို ဒုက္ခပေးတဲ့အထဲပါလား?

တစ်ချို့ မိန်းကလေးတွေ မိဘနဲ့ခွဲပြီး သီးသန့်အိမ်တစ်အိမ်မှာ သူငယ်ချင်းတွေနဲ့စုနေကြတယ်။ မိဘကိုပြန်မကြည့်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်အောင် ရုန်းကန်တတ်တဲ့ စိတ်ဓာတ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိဘရဲ့အုပ်ထိန်းမှုက တစ်ခါတစ်လေ လူငယ်တွေအတွက် မွန်းကြပ်စေတယ်။

ဒီလိုမိန်းကလေးတွေဟာ သူတို့ဝါဿနာပါရာကိုလုပ်ဖို့အတွက်လည်း အချိန်ဆွဲမနေတတ်ပါဘူး။ ဘယ်သူတွေ တားဆီးပါစေ ဖြစ်အောင်လုပ်တယ်။ အချိန်ကပဲ သူမဘယ်လောက်ထိ လုပ်နိုင်ခဲ့တယ်ဆိုတာကို သက်သေပြသွားမှာဖြစ်တဲ့အတွက် စကားတွေအများကြီးမပြောဘူး။ ကိုယ့်ကိုကိုယ် နောင်တရတဲ့ခံစားချက်မျိုးတွေလည်း သိပ်မရှိပါဘူး။ ကိုယ်ဖြစ် ကိုယ်ခံပဲပေါ့။ 💪

နောက်တစ်ချက်က ခပ်ဆိုးဆိုးကောင်မလေးတွေက အချစ်မှာ ပျော်ဝင်နေတာမျိုးလည်း သိပ်မရှိဘူးတဲ့။ သူတို့ချစ်ချင် ချစ်လိုက်တယ်။ ယောက်ျားတစ်ယောက်အပေါ် အရမ်းအချိန်ပေးတာမျိုးမလုပ်ဘူး။ သူမဘဝ တိုးတက်မယ့်လမ်းကိုလည်း ဖောက်ရဦးမှာဆိုတော့ အဓိက,က လူတစ်ယောက်အတွက် ကြာကြာမခံစားတတ်တဲ့ နှလုံးသားတစ်ခုပိုင်ဆိုင်ထားလေရဲ့။ မိန်းကလေးတိုင်း ဒီလိုစိတ်ထားနိုင်ဖို့က ခက်ပါတယ်။ တစ်ချို့ မိန်းကလေးတွေမှာ ဒီလိုအကျင့်စရိုက်မျိုးတွေ တကယ်ရှိတယ်။

သူမစိတ်ထဲ အလိုမကျရင် ပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။ ဘာကိုမှမထိမ်ချန်ထားပါဘူး။ အားနာတတ်တဲ့ စိတ်ကလေးရှိတယ်။ ဒါပေမယ့် အကြောမခံဘူး။ ပေးကမ်းစွန့်ကြဲမယ်။ မတရားသဖြင့် သူများပစ္စည်းအချောင်လိုချင်တဲ့ စိတ်နဲ့ ဆိုးကြတာမဟုတ်ပါဘူး။ သူများကို မထိခိုက်ပဲ ကောင်းသော ဆိုးခြင်းနဲ့ ဆိုးကြတဲ့ မိန်းကလေးမျိုးပါ။

ကိန်းဘရစ် တက္ကသိုလ်မှ စိတ်ပညာရှင် Oiliva Remes က ” ပြီးပြည့်စုံတဲ့ အိပ်မက်တစ်ခုကိုဘယ်လိုလုပ်ရမယ်လို့တွေးနေမယ့်အစား အာရုံစူးစိုက်ပြီး လက်တွေ့လုပ်ယူလိုက်ခြင်းက ရရှိတဲ့ပျော်ရွှင်မှုကဘာနဲ့မှ မတူဘူး ” လို့ ဆိုပါတယ်။

Pinterest: @milkybambi Follow me for more!

သတ်မှတ်ဘောင်အတွင်းမှာ နေထိုင်တဲ့ မိန်းကလေးတွေဟာ ဘာလုပ်လုပ်ကြောက်ရွံ့ ၊ စိုးရိမ်နေတတ်ပါတယ်။ လမ်းထိပ် ပစ္စည်းသွားဝယ်တာတောင် တစ်ယောက်တည်းမသွားရဲလို့ အဖော်ခေါ်သွားရတဲ့ မိန်းကလေးမျိုးလည်း တွေ့ဖူးပါတယ်။ လူကြောက်တဲ့ ပြဿနာကလည်း ငယ်ငယ်တည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

ဒါကြောင့် ဆိုးတဲ့မိန်းကလေးဆိုတာ မရိုင်းစိုင်းဘူး ၊ မကြမ်းကြုတ်ဘူး ။ ကိုယ့်ကိုကိုယ် လေးစားပြီးသတ္တိရှိတယ်။ ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးတဲ့ မိန်းကလေးအနေနဲ့ ဆိုးခြင်းသာဖြစ်ပါတယ်။ 😎

352 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.