မိနစ္ ၂၀တည္းလုပ္ရံုနဲ႔ ဒီလုိအက်ိဳးေက်းဇူးေတြရမယ္ဆုိေတာ့ လုပ္ျပီေလ 😎

အခ်ိန္လည္းအမ်ားၾကီးမေပးရပဲ အက်ိဳးေက်းဇူးအမ်ားဆံုးရရွိႏုိင္တ႔ဲ ေလ့က်င့္ခန္းတစ္ခု ကုိေျပာပါဆိုရင္ ဒါေလးကိုညႊန္းရမွာပါပဲ။တစ္ေန႔ကုိမိနစ္ ၂၀စီအခ်ိန္ေပးရံုနဲ႔ ဒီေလ့က်င့္ခန္းက သင့္ခႏၶာကုိယ္ကုိအမ်ားၾကီးအက်ိဳးျပဳပါလိမ့္မယ္တဲ႔။ဒါျဖင့္ဘယ္လိုလုပ္ရမလဲ၊ဘယ္လိုအက်ိဳးေက်းဇူးေတြရမလဲဆုိတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

ဘယ္လိုလုပ္ရမလဲ?
နံရံနဲ႔အနီးစပ္ဆံုးသင့္ေတာ္တဲ႔ေနရာအေနအထားယူလိုက္ပါ။သင့္ရဲ ႔ေနာက္ေက်ာမနာေအာင္ ေအာက္မွာႏူးညံ႔တဲ႔အခင္းတစ္ခုခုခ်ထားေပးဖုိ႔မေမ့ပါနဲ႔။အားလံုးေနရာခ်ျပီးျပီဆုိရင္ သင့္ရဲ ႔ေျခေထာက္ကုိ နံရံနဲ႔ အျပိဳင္ျဖစ္ေအာင္ ျဖည္းျဖည္းခ်င္းေျမွာက္လိုက္ပါ။လက္ႏွစ္ဖက္ကုိ ပံုထဲကလို ေဘးႏွစ္ဖက္မွာခ်ထားပါ။အဲ႔ဒီအေနအထားအတုိင္းမိနစ္၂၀ေနပါတဲ႔။သက္ေတာင့္သက္သာျဖစ္ေအာင္ ၀တ္စားထားဖုိ႔လည္း လိုပါတယ္။ဒီေလ့က်င့္ခန္းေၾကာင့္ေသြးတြင္းလည္ပတ္မႈစနစ္မွာ အက်ိဳးေက်းဇူးပိုျပီးရရွိႏုိင္မွာျဖစ္ပါတယ္။

၁)ေျခေထာက္ေရာင္ရမ္းေလးလံတာေတြေပ်ာက္သြားမယ္

ဒီလုိေျခေထာက္ကုိ မိနစ္ ၂၀ေလာက္ပံုမွန္ေျမွာက္ထားမယ္ဆုိရင္ ေျခေထာက္ေရာင္ရမ္းတတ္တာ ၊ေလးလံသလုိခံစားေနရတာေတြေပ်ာက္သြားပါလိမ့္မယ္။အဓိကေသြးတြင္းလည္ပတ္မႈစနစ္ေကာင္းမြႏ္လာတဲ႔အတြက္ ေျခေထာက္ကုိသက္သာသြားေစတာပါ။

၂)ဖိနပ္အျမင့္ေတြစီးတဲ႔အခါ အရမ္းအားစုိက္ရတာမ်ိဳး၊သတိထားျပီးစီးေနရတာမ်ိဳးမရွိေတာ့ဘူး

ဖိနပ္အျမင့္စီးထားလို႔သတိထားေနရတာေတြ၊ေခ်ာ္မလဲေအာင္ဂရုစုိက္ေလ်ွာက္ေနရတာေတြမျဖစ္ေတာ့ပါဘူးတဲ႔။ဒီေလ့က်င့္ခန္းက ေျခေထာက္အက်ိဳးေက်းဇူးပိုမ်ားလုိ႔ ေန႔တိုင္း ေညာင္းညာ ကုိက္ခဲေနသူေတြအတြက္လံုး၀သင့္ေတာ္တဲ႔ေလ့က်င့္ခန္းတစ္ခုပါ။ဖိနပ္အျမင့္စီးရလို႔ေျခေထာက္နာတာေတြလည္းမျဖစ္ေစေတာ့ပါဘူး။

၃)အစာေျခစနစ္ပိုေကာင္းလာတယ္

ေျခေထာက္ကုိအေပၚေျမွာက္ထားတာနဲ႔အစာအိမ္နဲ႔သက္ဆိုင္လားဆုိုသက္ဆုိင္တယ္လို႔ပဲေျပာရမွာပါပဲ။ေသြးလည္ပတ္မႈေကာင္းမြန္လာတာေၾကာင့္ေျခေထာက္ကေသြးေတြဟာအစာအိမ္တစ္၀ုိက္ကုိ အေထာက္အပံ႔ျဖစ္ေစလာတာပါတဲ႔။အစာေျခဖ်က္မႈေကာင္းမြန္လာေတာ့ အစာမေၾကတာမ်ိဳး
လည္းမျဖစ္ေတာ့သလိုအာဟာရလည္းပုိျပီးျပည့္၀လာပါတယ္။စားသေလာက္အားျဖစ္လာမယ္ဆိုတဲ႔သေဘာပါပဲ။ဗုိက္ခဏခဏဆာတာမ်ိဳးမျဖစ္ေတာ့ပဲ ကုိယ္အေလးခ်ိန္ပါထိန္းသိမး္ျပီး သားျဖစ္ေစပါတယ္။

၄)စိတ္ဖိစီးမႈေတြကုိေလ်ွာ့ခ်ေပးတယ္

ဒီေလ့က်င္ခန္းလုပ္ရံုနဲ႔ စိတ္ဖိစီးမႈေတြေျပေပ်ာက္မယ္ဆိုရင္ တကယ္ကိုေကာင္းတဲ႔ေလ့က်င္ခန္း တစ္ခု၊လုိက္လုပ္သင့္တ႔ဲေလ့က်င့္ခန္းတစ္ခုလို႔ပဲေျပာခ်င္ပါတယ္။ဘာမဆုိစိတ္ပ်က္လြယ္ေနတယ္၊ခံစားလြယ္ေနတယ္ဆုိတဲ႔သူေတြအတြက္ဒီေလ့က်င့္ခန္းေလးလုပ္ဖုိ႔တိုက္တြန္းခ်င္ပါတယ္။ေျခေထာက္ကုိေျမွာက္ထားရတဲ႔အက်ိဳးေက်းဇူးေၾကာင့္ လည္ပင္းၾကြက္သားတစ္၀ုိက္က တင္းအားေတြကုိေလ်ွာ့ခ်ေပးျပီး စိတ္ဖိစီးမႈကုိ တားဆီးေပးနုိင္ပါတယ္။

၅)အိပ္စက္ျခင္းကုိ ပုိုျပီးအေထာက္အကူျပဳလာမယ္

၁၀နာရီ၊၁၁နာရီျဖစ္ေနျပီမ်က္လံုးကအိပ္မေပ်ာ္ေသးဘူး၊အိပ္လို႔မရေသးဘူးဆိုတဲ႔သူေတြအတြက္နည္းလမ္းေကာင္းတစ္ခုပါ။ေျခေထာက္ကုိေျမွာက္ထားရတဲ႔အက်ိဳးေက်းဇူးေတြေၾကာင့္ ေသြးလည္ပတ္မႈေတြေကာင္းမြန္လာျပီးအသက္ရႈရာကေနတစ္ဆင့္ဦးေႏွာက္ကုိ ပုိျပီးေအာက္ဆီဂ်င္ရရွိလာေစပါတယ္။အဲ႔ဒီအခါပုိုျပီးနွစ္ျခိဳက္စြာအိပ္ေပ်ာ္သြားမွာျဖစ္ျပီးမနက္ႏုိးတဲ႔အခါမွာလည္း လန္းဆန္းေနပါလိမ့္မယ္။ဒီေလ့က်င္ခန္းမ်ိဳးက တရားထုိင္တာနဲ႔လည္း အက်ိဳးေက်းဇူးရတာတူတူပါပဲတဲ႔။တစ္ျခားသူေတြရဲ ႔အေႏွာင့္အယွက္မရွိပဲ ခႏၶာကုိယ္နဲ႔စိတ္ကုိ တစ္ေနရာတည္းမွာထားထားသလိုျဖစ္လို႔ ဒီလုိအက်ိဳးေက်းဇူးေတြအမ်ားၾကီး
ရရွိလာတာပဲျဖစ္ပါတယ္။

ကဲ ဒီေန႔ညကစလုိ႔ စမ္းလုပ္ၾကည့္ေတာ့ေနာ္။သင့္ရဲ ႔အျမင္ေတြကိုလည္း ေကာမန္႔မွာမ်ွေ၀ခဲ႔ပါဦး။

Unicode

အချိန်လည်းအများကြီးမပေးရပဲ အကျိုးကျေးဇူးအများဆုံးရရှိနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ကိုပြောပါဆိုရင် ဒါလေးကိုညွှန်းရမှာပါပဲ။တစ်နေ့ကိုမိနစ် ၂ဝစီအချိန်ပေးရုံနဲ့ ဒီလေ့ကျင့်ခန်းက သင့်ခန္ဓာကိုယ်ကိုအများကြီးအကျိုးပြုပါလိမ့်မယ်တဲ့။ဒါဖြင့်ဘယ်လိုလုပ်ရမလဲ၊ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဘယ်လိုလုပ်ရမလဲ?
နံရံနဲ့အနီးစပ်ဆုံးသင့်တော်တဲ့နေရာအနေအထားယူလိုက်ပါ။သင့်ရဲ ့နောက်ကျောမနာအောင် အောက်မှာနူးညံ့တဲ့အခင်းတစ်ခုခုချထားပေးဖို့မမေ့ပါနဲ့။အားလုံးနေရာချပြီးပြီဆိုရင် သင့်ရဲ ့ခြေထောက်ကို နံရံနဲ့ အပြိုင်ဖြစ်အောင် ဖြည်းဖြည်းချင်းမြှောက်လိုက်ပါ။လက်နှစ်ဖက်ကို ပုံထဲကလို ဘေးနှစ်ဖက်မှာချထားပါ။အဲ့ဒီအနေအထားအတိုင်းမိနစ်၂ဝနေပါတဲ့။သက်တောင့်သက်သာဖြစ်အောင် ဝတ်စားထားဖို့လည်း လိုပါတယ်။ဒီလေ့ကျင့်ခန်းကြောင့်သွေးတွင်းလည်ပတ်မှုစနစ်မှာ အကျိုးကျေးဇူးပိုပြီးရရှိနိုင်မှာဖြစ်ပါတယ်။

၁)ခြေထောက်ရောင်ရမ်းလေးလံတာတွေပျောက်သွားမယ်
ဒီလိုခြေထောက်ကို မိနစ် ၂ဝလောက်ပုံမှန်မြှောက်ထားမယ်ဆိုရင် ခြေထောက်ရောင်ရမ်းတတ်တာ ၊လေးလံသလိုခံစားနေရတာတွေပျောက်သွားပါလိမ့်မယ်။အဓိကသွေးတွင်းလည်ပတ်မှုစနစ်ကောင်းမွန်လာတဲ့အတွက် ခြေထောက်ကိုသက်သာသွားစေတာပါ။

၂)ဖိနပ်အမြင့်တွေစီးတဲ့အခါ အရမ်းအားစိုက်ရတာမျိုး၊သတိထားပြီးစီးနေရတာမျိုးမရှိတော့ဘူး
ဖိနပ်အမြင့်စီးထားလို့သတိထားနေရတာတွေ၊ချော်မလဲအောင်ဂရုစိုက်လျှောက်နေရတာတွေမဖြစ်တော့ပါဘူးတဲ့။ဒီလေ့ကျင့်ခန်းက ခြေထောက်အကျိုးကျေးဇူးပိုများလို့ နေ့တိုင်း ညောင်းညာ ကိုက်ခဲနေသူတွေအတွက်လုံးဝသင့်တော်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ဖိနပ်အမြင့်စီးရလို့ခြေထောက်နာတာတွေလည်းမဖြစ်စေတော့ပါဘူး။

၃)ခြေထောက်ကိုအပေါ်မြှောက်ထားတာနဲ့အစာအိမ်နဲ့သက်ဆိုင်လားဆိုုသက်ဆိုင်တယ်လို့ပဲပြောရမှာပါပဲ။သွေးလည်ပတ်မှုကောင်းမွန်လာတာကြောင့်ခြေထောက်ကသွေးတွေဟာအစာအိမ်တစ်ဝိုက်ကို အထောက်အပံ့ဖြစ်စေလာတာပါတဲ့။အစာခြေဖျက်မှုကောင်းမွန်လာတော့ အစာမကြေတာမျိုး
လည်းမဖြစ်တော့သလိုအာဟာရလည်းပိုပြီးပြည့်ဝလာပါတယ်။စားသလောက်အားဖြစ်လာမယ်ဆိုတဲ့သဘောပါပဲ။ဗိုက်ခဏခဏဆာတာမျိုးမဖြစ်တော့ပဲ ကိုယ်အလေးချိန်ပါထိန်းသိမး်ပြီး သားဖြစ်စေပါတယ်။

၄)စိတ်ဖိစီးမှုတွေကိုလျှော့ချပေးတယ်
ဒီလေ့ကျင်ခန်းလုပ်ရုံနဲ့ စိတ်ဖိစီးမှုတွေပြေပျောက်မယ်ဆိုရင် တကယ်ကိုကောင်းတဲ့လေ့ကျင်ခန်း တစ်ခု၊လိုက်လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုလို့ပဲပြောချင်ပါတယ်။ဘာမဆိုစိတ်ပျက်လွယ်နေတယ်၊ခံစားလွယ်နေတယ်ဆိုတဲ့သူတွေအတွက်ဒီလေ့ကျင့်ခန်းလေးလုပ်ဖို့တိုက်တွန်းချင်ပါတယ်။ခြေထောက်ကိုမြှောက်ထားရတဲ့အကျိုးကျေးဇူးကြောင့် လည်ပင်းကြွက်သားတစ်ဝိုက်က တင်းအားတွေကိုလျှော့ချပေးပြီး စိတ်ဖိစီးမှုကို တားဆီးပေးနိုင်ပါတယ်။

၅)အိပ်စက်ခြင်းကို ပိုုပြီးအထောက်အကူပြုလာမယ်
၁ဝနာရီ၊၁၁နာရီဖြစ်နေပြီမျက်လုံးကအိပ်မပျော်သေးဘူး၊အိပ်လို့မရသေးဘူးဆိုတဲ့သူတွေအတွက်နည်းလမ်းကောင်းတစ်ခုပါ။ခြေထောက်ကိုမြှောက်ထားရတဲ့အကျိုးကျေးဇူးတွေကြောင့် သွေးလည်ပတ်မှုတွေကောင်းမွန်လာပြီးအသက်ရှုရာကနေတစ်ဆင့်ဦးနှောက်ကို ပိုပြီးအောက်ဆီဂျင်ရရှိလာစေပါတယ်။အဲ့ဒီအခါပိုုပြီးနှစ်ခြိုက်စွာအိပ်ပျော်သွားမှာဖြစ်ပြီးမနက်နိုးတဲ့အခါမှာလည်း လန်းဆန်းနေပါလိမ့်မယ်။ဒီလေ့ကျင်ခန်းမျိုးက တရားထိုင်တာနဲ့လည်း အကျိုးကျေးဇူးရတာတူတူပါပဲတဲ့။တစ်ခြားသူတွေရဲ ့အနှောင့်အယှက်မရှိပဲ ခန္ဓာကိုယ်နဲ့စိတ်ကို တစ်နေရာတည်းမှာထားထားသလိုဖြစ်လို့ ဒီလိုအကျိုးကျေးဇူးတွေအများကြီး
ရရှိလာတာပဲဖြစ်ပါတယ်။

ကဲ ဒီနေ့ညကစလို့ စမ်းလုပ်ကြည့်တော့နော်။သင့်ရဲ ့အမြင်တွေကိုလည်း ကောမန့်မှာမျှဝေခဲ့ပါဦး။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.