ဒီလုိေတြရိုေနေတာ့ အားက်စရာေတာင္ေကာင္းေနပါျပီ Justin ေရ ❤️

Love Bird ေလးေတြျဖစ္တဲ႔ Justin Bieber နဲ႔ Hailey Baldwin တုိ႔ရဲ႔ျပန္လည္အသက္သြင္း အခ်စ္ဇာတ္လမ္းကလည္း တစ္ေန႔တစ္မ်ိဳးမရုိးရေအာင္မီဒီယာေတြေပၚမွာနာမည္ၾကီး ပ်ံ႔ႏွံ႔ေနပါေတာ့တယ္။ ဇြန္လတည္းက သူတုိ႔စံုတြဲကုိ ဟုိေနရာမွာအတူေတြ႔၊ ဒီေနရာမွာအတူေတြ႔နဲ႔။ ျပန္တြဲေနျပီလို႔ေၾကညာျပီးေတာ့လည္း ခ်စ္ၾကည္ႏူးေနၾကတဲ႔ပံုေတြက အင္တာနက္တစ္ခြင္အႏွံ႔ပါပဲ။ ဇူလုိင္လရဲ ႔ ပထမဆံုးေန႔၊တနဂၤေႏြေန႔ကလည္း သူတုိ႔စံုတြဲကုိ နယူးေယာ့ခ္မွာေတြ႔လိုက္ပါသတဲ႔။ ၂၀၁၈ အတြက္ရုိမန္တစ္ရုပ္ရွင္ရုိက္ေနသလုိကုိ သူတို႔စံုတြဲရဲ ႔ဓာတ္ပံုေတြကအသက္၀င္ေနေတာ့ တာပါ။

နယူးေယာ့ခ္၊Brooklyn ရဲ ႔သစ္ပင္ေတြ၀န္းရံေနတဲ႔ေနရာေလးမွာ Justin နဲ႔ Hailey တို႔ တစ္ေယာက္လက္ကုိတစ္ေယာက္ကုိင္ျပီးတြဲေလ်ွာက္ခဲ႔ၾကတာျမင္ေတြ႔ရသလို Justin က Hailey ရဲ႔နဖူးကုိနမ္းေနတာျမင္ေတြ႔ရပါတယ္။နဖူးကုိနမ္းတယ္ဆုိတာက အနမ္းေတြထဲမွာ ၾကင္နာျမတ္ႏုိးျခင္းဆုိတဲ႔ အဓိပၸာယ္ပါပဲ။Justin တစ္ေယာက္ Hailey အေပၚတကယ္ပဲ ျမတ္ျမတ္ႏုိးႏုိးၾကင္နာတတ္ေနျပီထင္ပါရ႔ဲ။ေန႔လည္စာစားျပီး ျပန္အထြက္အလာမွာ ခုလုိခ်စ္ၾကည္ႏူးေနၾက တာပဲျဖစ္ပါတယ္။

Selena နဲ႔လမ္းခြဲျပီးေနာက္ပုိင္း ခ်စ္သူေဟာင္းျဖစ္ျပီး သူ႔အေပၚအႏြံတာခံျပီးခ်စ္တဲ႔ Hailey ဆီျပန္သြားျပီးေနာက္မွာ JB ရဲ ႔ပရိသတ္ေတြက သေဘာတူၾကတာေတြရွိသလုိ အရင္လို Selena ဆီျပန္သြားျပီး ျပန္အသည္းကြဲေနမွာလည္းစိုးရိမ္ေနၾကပါတယ္။ဒါေပမ႔ဲ JB ကျပီးခဲ႔တဲ႔လကပဲ
Hailey ဟာ သူလက္ထပ္မယ့္မိန္းကေလးျဖစ္လာႏုိင္တယ္လို႔ေျပာခဲ႔တဲ႔အတြက္ JB ရဲ ႔အခ်စ္ေရးက တည္ျငိမ္ျပီလုိ႔ဆုိရမလိုပါပဲ။

သူတို႔နဲ႔ရင္းႏွီးသူတစ္ေယာက္ကလည္း “Justin နဲ႔ Hailey ဟာ အျမဲတမ္းတစ္ေယာက္အတြက္ တစ္ေယာက္ရွိေပးၾကပါတယ္။သူတို႔က 2016 တုန္းကဒိတ္ခဲ႔ျပီး ျပတ္စဲခဲ႔ၾကေပမဲ႔ ခံစားခ်က္ေတြကေတာ့ေပ်ာက္ကြယ္မသြားေသးဘူးထင္ပါတယ္။အခုသူတို႔ႏွစ္ေယာက္ ျပန္တြဲတာတစ္လနီးပါးေလာက္ပဲရွိေသးေပမဲ႔ အရင္ကထက္ သူတို႔ကုိ တပူးပူးတတြဲတြဲ ပုိျပီးျမင္လာရပါတယ္။နွစ္ေယာက္သားအတူအခ်ိန္ကုန္ဆံုးၾကတာမ်ားပါတယ္”လုိ႔ေျပာျပခဲ႔ပါတယ္။
သူတို႔ရဲ႔ အခ်စ္ေရးေလးတည္ျငိမ္သြားဖုိ႔ပဲ ေမ်ွာ္လင့္ပါတယ္ ❤️

Unicode

Love Bird လေးတွေဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ပြန်လည်အသက်သွင်း အချစ်ဇာတ်လမ်းကလည်း တစ်နေ့တစ်မျိုးမရိုးရအောင်မီဒီယာတွေပေါ်မှာနာမည်ကြီး ပျံ့နှံ့နေပါတော့တယ်။ ဇွန်လတည်းက သူတို့စုံတွဲကို ဟိုနေရာမှာအတူတွေ့၊ ဒီနေရာမှာအတူတွေ့နဲ့။ ပြန်တွဲနေပြီလို့ကြေညာပြီးတော့လည်း ချစ်ကြည်နူးနေကြတဲ့ပုံတွေက အင်တာနက်တစ်ခွင်အနှံ့ပါပဲ။ ဇူလိုင်လရဲ ့ ပထမဆုံးနေ့၊တနင်္ဂနွေနေ့ကလည်း သူတို့စုံတွဲကို နယူးယော့ခ်မှာတွေ့လိုက်ပါသတဲ့။ ၂၀၁၈ အတွက်ရိုမန်တစ်ရုပ်ရှင်ရိုက်နေသလိုကို သူတို့စုံတွဲရဲ ့ဓာတ်ပုံတွေကအသက်ဝင်နေတော့ တာပါ။

နယူးယော့ခ်၊Brooklyn ရဲ ့သစ်ပင်တွေဝန်းရံနေတဲ့နေရာလေးမှာ Justin နဲ့ Hailey တို့ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီးတွဲလျှောက်ခဲ့ကြတာမြင်တွေ့ရသလို Justin က Hailey ရဲ့နဖူးကိုနမ်းနေတာမြင်တွေ့ရပါတယ်။နဖူးကိုနမ်းတယ်ဆိုတာက အနမ်းတွေထဲမှာ ကြင်နာမြတ်နိုးခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။Justin တစ်ယောက် Hailey အပေါ်တကယ်ပဲ မြတ်မြတ်နိုးနိုးကြင်နာတတ်နေပြီထင်ပါရဲ့။နေ့လည်စာစားပြီး ပြန်အထွက်အလာမှာ ခုလိုချစ်ကြည်နူးနေကြ တာပဲဖြစ်ပါတယ်။

Selena နဲ့လမ်းခွဲပြီးနောက်ပိုင်း ချစ်သူဟောင်းဖြစ်ပြီး သူ့အပေါ်အနွံတာခံပြီးချစ်တဲ့ Hailey ဆီပြန်သွားပြီးနောက်မှာ JB ရဲ ့ပရိသတ်တွေက သဘောတူကြတာတွေရှိသလို အရင်လို Selena ဆီပြန်သွားပြီး ပြန်အသည်းကွဲနေမှာလည်းစိုးရိမ်နေကြပါတယ်။ဒါပေမဲ့ JB ကပြီးခဲ့တဲ့လကပဲ
Hailey ဟာ သူလက်ထပ်မယ့်မိန်းကလေးဖြစ်လာနိုင်တယ်လို့ပြောခဲ့တဲ့အတွက် JB ရဲ ့အချစ်ရေးက တည်ငြိမ်ပြီလို့ဆိုရမလိုပါပဲ။

သူတို့နဲ့ရင်းနှီးသူတစ်ယောက်ကလည်း “Justin နဲ့ Hailey ဟာ အမြဲတမ်းတစ်ယောက်အတွက် တစ်ယောက်ရှိပေးကြပါတယ်။သူတို့က 2016 တုန်းကဒိတ်ခဲ့ပြီး ပြတ်စဲခဲ့ကြပေမဲ့ ခံစားချက်တွေကတော့ပျောက်ကွယ်မသွားသေးဘူးထင်ပါတယ်။အခုသူတို့နှစ်ယောက် ပြန်တွဲတာတစ်လနီးပါးလောက်ပဲရှိသေးပေမဲ့ အရင်ကထက် သူတို့ကို တပူးပူးတတွဲတွဲ ပိုပြီးမြင်လာရပါတယ်။နှစ်ယောက်သားအတူအချိန်ကုန်ဆုံးကြတာများပါတယ်”လို့ပြောပြခဲ့ပါတယ်။
သူတို့ရဲ့ အချစ်ရေးလေးတည်ငြိမ်သွားဖို့ပဲ မျှော်လင့်ပါတယ် ❤️

535 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.