ဒီအခ်က္ေတြသာ အျမဲလုပ္မိေနတယ္ဆုိရင္ သင့္ရဲ ႔ခ်စ္သူေကာင္ေလးကုိ မၾကာခင္ဆံုးရွံဳးရႏုိင္

ခ်စ္သူရည္းစားေတြၾကားထဲမွာ ျပႆနာေျမာက္ျမားစြာရွိႏုိင္ပါတယ္။ေသးေသးေလးကစလို႔ အမိ်ဳးမ်ိဳးအေထြေထြမဆံုးႏုိင္ေအာင္ပါပဲ။တစ္ခိ်ဳ႔ျပႆနာေတြကေျဖရွင္းျပီးေျပလည္သြားၾကတယ္။ ရန္ျဖစ္ျပီး ပုိျပီးခ်စ္သြားၾကပါတယ္။ဒါေပမဲ႔ မိန္းကေလးေတြအေနနဲ႔ကုိယ့္ခ်စ္သူကုိမဆံုးရွံဳးခ်င္ဘူး ဆုိရင္ ဒီအခ်က္ေတြမလုပ္မိေအာင္ေရွာင္သင့္ပါတယ္။ေလ့လာခ်က္ေတြအရေတာ့ ဒီအခ်က္ေတြေၾကာင့္ေယာက်္ားေလးေတြက သူတို႔ရဲ ႔ခ်စ္သူမိန္းကေလးေတြကုိ ထားပစ္ခဲ႔ၾကတာ၊
လမ္းခြဲခဲ႔ၾကတာပါတဲ့။

ဘယ္လိုအခ်က္ေတြက ခ်စ္သူမိန္းကေလးေတြကုိ စိတ္ကုန္သြားေစလဲဆုိရင္…

၁)သူတို႔ကုိေျပာင္းလဲဖုိ႔ၾကိဳးစားေနတာ…
ခ်စ္သူရယ္လို႔ျဖစ္လာရင္ တစ္ေယာက္နဲ႔တစ္ေယာက္အဆင္မေျပတာေတြညိွႏိႈင္းျပီး ေရွ႔ဆက္တာ အေကာင္းဆံုးပါပဲ။ဒီလုိမဟုတ္ပဲ တစ္ဖက္လူကုိကိုယ့္စိတ္ၾကိဳက္ျဖစ္ေအာင္ေျပာင္းလဲမယ္၊ ကုိယ့္မိဘေတြသေဘာက်ေအာင္ေျပာင္းလဲခုိင္းမယ္။အတင္းတိုက္တြန္းေနမယ္ဆိုရင္ ဒါက
သင့္ခ်စ္သူ သင့္ကုိစိတ္ကုန္သြားေစမယ့္၊စိတ္ပ်က္သြားေစမယ့္ပထမဆံုးအခ်က္ပါပဲ လို႔ေျပာလုိက္ပါရေစ။

၂)ထိန္းခ်ဳပ္ဖုိ႔ၾကိဳးစားေနတာ…
ဒါလည္းေျပာင္းလဲတာနဲ႔အတူတူပါပဲ။ဟုိမသြားရဘူး၊ဒီမသြားရဘူးခ်ဳပ္ခ်ယ္တာ၊အမိန္႔ေပးတာမိ်ဳး၊အသိမိန္းကေလးနဲ႔လမ္းမွာေတြ႔တာေတာင္မႏႈတ္ဆက္ရဘူးတို႔၊ဘာတုိ႔ေျပာလာရင္ ဒါကသူတို႔အတြက္ေတာ့မာနထိခိုက္စရာပါပဲ။ခ်စ္သူဆိုေပမဲ႔သူလည္းေယာက်္ားေလးတစ္ေယာက္ပါ။မိန္းကေလးတုိင္းနဲ႔လိုက္ျပီးသ၀န္တိုေနရေအာင္၊ဘယ္မိန္းကေလးနဲ႔မွစကားမေျပာခုိင္းပဲေနရေအာင္ သင့္ခ်စ္သူက မယံုရဘူးလား?ကုိယ့္ခ်စ္သူကုိယံုၾကည္မႈ၊ေလးစားမႈေတာ့ရွိသင့္ပါတယ္။

၃)သူတို႔ကုိစိတ္ၾကည္ႏူးေစတာမ်ိဳးမရွိတာ…
ေယာက်္ားေလးေတြကသူတို႔ရဲ႔ခ်စ္သူနဲ႔ေတြ႔ရင္လက္ကေလးကုိင္ထားတာမ်ိဳး၊ပုခံုးေလးဖက္ထားတာမ်ိဳး၊ပါးကုိေမႊးေမႊးေပးတာမိ်ဳးတို႔လုပ္ခ်င္ၾကပါတယ္။ဒါေပမဲ႔ တစ္ခ်ိဳ႔မိန္းကေလးေတြက်ေတာ့ ႏွစ္ေယာက္အျပင္မွာေတြ႔ရင္ေတာင္လက္တစ္ကမ္းအကြာေလာက္ကထိုင္ခုိင္းတာမိ်ဳး၊စကားေျပာရင္လက္ကပုခံုးကုိမဖက္ထားနဲ႔တို႔၊မကုိင္ထားနဲ႔တို႔ေျပာတတ္ၾကပါတယ္။အဲ႔ဒီလုိမ်ိဳးခ်စ္ၾကည္ႏူးမ်ိဳးကုိလက္မခံႏုိင္ဘူး။အဲ႔လိုမလုပ္တဲ႔ေယာက်္ားမ်ိဳးကုိရွာမယ္ဆိုရင္ေတာ့ရွားပါတယ္ေနာ္။ျပီးေတာ့ သူက ကုိယ့္ခ်စ္သူပဲမဟုတ္လား။တစ္ျခားမိန္းကေလးကုိသြားလုပ္ေနတာမ်ိဳးလည္းမဟုတ္။ဒါကုိ သေဘာမက်ဘူး၊အျမဲတမ္းေရွာင္ဖယ္ေနမယ္ဆိုရင္ ေယာက်္ားေလးဘက္ကုိ အထင္ေသးသလို လည္းျဖစ္ျပီးသူတို႔သင့္အေပၚထားရွိတဲ႔စိတ္ခံစားခ်က္ကလည္းေလ်ာ့ပါးသြားပါလိမ့္မယ္။
အဲ႔ဒီလုိမ်ိဳးလုပ္ခ်င္တာထက္ ဒါေလးေတာင္နားမလည္ေပးႏုိင္ဘူးလားဆုိတာမ်ိဳးကုိ ေတြးလာပါလိမ့္မယ္။

၄)အျမဲတမ္းကုိယ့္အားကုိယ္ကုိးတတ္တာ…
ကုိယ့္အားကုိယ္ကုိးတယ္ဆုိတာေကာင္းပါတယ္။ဘယ္အရာမဆိုကုိယ္တိုင္တတ္ထားေတာ့အေကာင္းဆံုးေပါ့။ဒါေပမဲ႔ေယာက်္ားေလးေတြကသူတို႔ခ်စ္သူေရွ႔ဆုိအျမဲဟီးရိုးျဖစ္ခ်င္ၾကတာပါ။ ကိစၥေသးေသးေလးပဲျဖစ္ျဖစ္၊ၾကီးၾကီးမားမားျဖစ္ျဖစ္ ကိုယ္တိုင္လုပ္နုိင္ရင္ေတာင္သူတို႔ကုိ လုပ္ခိုင္းတာမ်ိဳး၊အကူအညီေတာင္းတာမ်ိဳးလုပ္သင့္ပါတယ္။အျမဲတမ္းကုိယ့္ဘာကိုယ္လုပ္ေနမယ္ဆိုရင္ သူတို႔ရဲ ႔စိတ္ထဲမွာသူတို႔ကအဲ႔ေလာက္ေတာင္အားမကုိးရဘူးလား။ အကူအညီမေပးႏုိင္ေတာ့ဘူးလားဆိုတဲ႔အေတြးမ်ိဳး၀င္လာတတ္ပါတယ္။ ဒါကသူတို႔ကုိသိမ္ငယ္သြားသလိုခံစားရေစပါလိမ့္မယ္။

၅)သူ႔မိသားစုျပႆနာေတြၾကား၀င္ပါတတ္တာ…
တကယ္လို႔မ်ားသူတို႔မိသားစုၾကားမွာ ျပႆနာေတြရွိခဲ႔ရင္ေတာင္ သင္က ေဘးနားကေန သူ႔ကုိအားေပးႏွစ္သိမ့္ဖို႔ပဲလုပ္ပါ။အဲ႔ဒီလုိမဟုတ္ပဲသူ႔မိသားစုမေကာင္းတဲ႔အေၾကာင္းေတြကုိသူ႔ေရွ႔မွာမေျပာပါနဲ႔။သူက သင္မေျပာခင္တည္းကသိျပီးသားပါ။သူနဲ႔သူ႔မိသားစုၾကားမွာ ဘယ္လိုျပႆနာပဲတက္တက္ မီးထပ္ေမႊးတာမ်ိဳးမလုပ္ပဲ သင့္ခ်စ္သူကိုသာ အားေပးပါ။ေလးစားပါ။လူတိုင္းမွာမိသားစုျပႆနာဆိုတာရွိၾကတာပါပဲ။ဒါကုိအစသြားေဖာ္ျပီး
မိသားစုကိစၥနဲ႔ရန္မျဖစ္မိပါေစနဲ႔။

ဒီလုိအခ်က္ေတြသာအျမဲလုပ္မိေနတယ္ဆုိရင္ သင့္ရဲ ႔ခ်စ္သူေကာင္ေလးကုိ မၾကာခင္ဆံုးရွံဳးရႏုိင္ပါတယ္။ျဖစ္နုိင္မယ္ဆုိရင္ေတာ့ သင့္ခ်စ္သူကို မေလ်ွာ့မတင္းေလး ခ်စ္ေစခ်င္တာပါပဲ။ၾကိဳးဆုိတာ တင္းလြန္းရင္ျပတ္တတ္တယ္မဟုတ္လား။ ခ်စ္တယ္ဆုိျပီး တအားဖက္တြယ္ထားတယ္ဆိုေပမဲ႔ မလုိခ်င္တဲ႔အခ်စ္ခံရမႈေတြ၊ခ်ဳပ္ခ်ယ္မႈေတြကို အခ်စ္ခံရတယ္လို႔ျမင္မွာမဟုတ္ပါဘူး 🍀

Unicode

ချစ်သူရည်းစားတွေကြားထဲမှာ ပြဿနာမြောက်မြားစွာရှိနိုင်ပါတယ်။သေးသေးလေးကစလို့ အမျိုးမျိုးအထွေထွေမဆုံးနိုင်အောင်ပါပဲ။တစ်ချို့ပြဿနာတွေကဖြေရှင်းပြီးပြေလည်သွားကြတယ်။ ရန်ဖြစ်ပြီး ပိုပြီးချစ်သွားကြပါတယ်။ဒါပေမဲ့ မိန်းကလေးတွေအနေနဲ့ကိုယ့်ချစ်သူကိုမဆုံးရှုံးချင်ဘူး ဆိုရင် ဒီအချက်တွေမလုပ်မိအောင်ရှောင်သင့်ပါတယ်။လေ့လာချက်တွေအရတော့ ဒီအချက်တွေကြောင့်ယောကျ်ားလေးတွေက သူတို့ရဲ ့ချစ်သူမိန်းကလေးတွေကို ထားပစ်ခဲ့ကြတာ၊
လမ်းခွဲခဲ့ကြတာပါတဲ့။

ဘယ်လိုအချက်တွေက ချစ်သူမိန်းကလေးတွေကို စိတ်ကုန်သွားစေလဲဆိုရင်…

၁)သူတို့ကိုပြောင်းလဲဖို့ကြိုးစားနေတာ…
ချစ်သူရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတာတွေညှိနှိုင်းပြီး ရှေ့ဆက်တာ အကောင်းဆုံးပါပဲ။ဒီလိုမဟုတ်ပဲ တစ်ဖက်လူကိုကိုယ့်စိတ်ကြိုက်ဖြစ်အောင်ပြောင်းလဲမယ်၊ ကိုယ့်မိဘတွေသဘောကျအောင်ပြောင်းလဲခိုင်းမယ်။အတင်းတိုက်တွန်းနေမယ်ဆိုရင် ဒါက
သင့်ချစ်သူ သင့်ကိုစိတ်ကုန်သွားစေမယ့်၊စိတ်ပျက်သွားစေမယ့်ပထမဆုံးအချက်ပါပဲ လို့ပြောလိုက်ပါရစေ။

၂)ထိန်းချုပ်ဖို့ကြိုးစားနေတာ…
ဒါလည်းပြောင်းလဲတာနဲ့အတူတူပါပဲ။ဟိုမသွားရဘူး၊ဒီမသွားရဘူးချုပ်ချယ်တာ၊အမိန့်ပေးတာမျိုး၊အသိမိန်းကလေးနဲ့လမ်းမှာတွေ့တာတောင်မနှုတ်ဆက်ရဘူးတို့၊ဘာတို့ပြောလာရင် ဒါကသူတို့အတွက်တော့မာနထိခိုက်စရာပါပဲ။ချစ်သူဆိုပေမဲ့သူလည်းယောကျ်ားလေးတစ်ယောက်ပါ။မိန်းကလေးတိုင်းနဲ့လိုက်ပြီးသဝန်တိုနေရအောင်၊ဘယ်မိန်းကလေးနဲ့မှစကားမပြောခိုင်းပဲနေရအောင် သင့်ချစ်သူက မယုံရဘူးလား?ကိုယ့်ချစ်သူကိုယုံကြည်မှု၊လေးစားမှုတော့ရှိသင့်ပါတယ်။

၃)သူတို့ကိုစိတ်ကြည်နူးစေတာမျိုးမရှိတာ…
ယောကျ်ားလေးတွေကသူတို့ရဲ့ချစ်သူနဲ့တွေ့ရင်လက်ကလေးကိုင်ထားတာမျိုး၊ပုခုံးလေးဖက်ထားတာမျိုး၊ပါးကိုမွှေးမွှေးပေးတာမျိုးတို့လုပ်ချင်ကြပါတယ်။ဒါပေမဲ့ တစ်ချို့မိန်းကလေးတွေကျတော့ နှစ်ယောက်အပြင်မှာတွေ့ရင်တောင်လက်တစ်ကမ်းအကွာလောက်ကထိုင်ခိုင်းတာမျိုး၊စကားပြောရင်လက်ကပုခုံးကိုမဖက်ထားနဲ့တို့၊မကိုင်ထားနဲ့တို့ပြောတတ်ကြပါတယ်။အဲ့ဒီလိုမျိုးချစ်ကြည်နူးမျိုးကိုလက်မခံနိုင်ဘူး။အဲ့လိုမလုပ်တဲ့ယောကျ်ားမျိုးကိုရှာမယ်ဆိုရင်တော့ရှားပါတယ်နော်။ပြီးတော့ သူက ကိုယ့်ချစ်သူပဲမဟုတ်လား။တစ်ခြားမိန်းကလေးကိုသွားလုပ်နေတာမျိုးလည်းမဟုတ်။ဒါကို သဘောမကျဘူး၊အမြဲတမ်းရှောင်ဖယ်နေမယ်ဆိုရင် ယောကျ်ားလေးဘက်ကို အထင်သေးသလို လည်းဖြစ်ပြီးသူတို့သင့်အပေါ်ထားရှိတဲ့စိတ်ခံစားချက်ကလည်းလျော့ပါးသွားပါလိမ့်မယ်။
အဲ့ဒီလိုမျိုးလုပ်ချင်တာထက် ဒါလေးတောင်နားမလည်ပေးနိုင်ဘူးလားဆိုတာမျိုးကို တွေးလာပါလိမ့်မယ်။

၄)အမြဲတမ်းကိုယ့်အားကိုယ်ကိုးတတ်တာ…
ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာကောင်းပါတယ်။ဘယ်အရာမဆိုကိုယ်တိုင်တတ်ထားတော့အကောင်းဆုံးပေါ့။ဒါပေမဲ့ယောကျ်ားလေးတွေကသူတို့ချစ်သူရှေ့ဆိုအမြဲဟီးရိုးဖြစ်ချင်ကြတာပါ။ ကိစ္စသေးသေးလေးပဲဖြစ်ဖြစ်၊ကြီးကြီးမားမားဖြစ်ဖြစ် ကိုယ်တိုင်လုပ်နိုင်ရင်တောင်သူတို့ကို လုပ်ခိုင်းတာမျိုး၊အကူအညီတောင်းတာမျိုးလုပ်သင့်ပါတယ်။အမြဲတမ်းကိုယ့်ဘာကိုယ်လုပ်နေမယ်ဆိုရင် သူတို့ရဲ ့စိတ်ထဲမှာသူတို့ကအဲ့လောက်တောင်အားမကိုးရဘူးလား။ အကူအညီမပေးနိုင်တော့ဘူးလားဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်။ ဒါကသူတို့ကိုသိမ်ငယ်သွားသလိုခံစားရစေပါလိမ့်မယ်။

၅)သူ့မိသားစုပြဿနာတွေကြားဝင်ပါတတ်တာ…
တကယ်လို့များသူတို့မိသားစုကြားမှာ ပြဿနာတွေရှိခဲ့ရင်တောင် သင်က ဘေးနားကနေ သူ့ကိုအားပေးနှစ်သိမ့်ဖို့ပဲလုပ်ပါ။အဲ့ဒီလိုမဟုတ်ပဲသူ့မိသားစုမကောင်းတဲ့အကြောင်းတွေကိုသူ့ရှေ့မှာမပြောပါနဲ့။သူက သင်မပြောခင်တည်းကသိပြီးသားပါ။သူနဲ့သူ့မိသားစုကြားမှာ ဘယ်လိုပြဿနာပဲတက်တက် မီးထပ်မွှေးတာမျိုးမလုပ်ပဲ သင့်ချစ်သူကိုသာ အားပေးပါ။လေးစားပါ။လူတိုင်းမှာမိသားစုပြဿနာဆိုတာရှိကြတာပါပဲ။ဒါကိုအစသွားဖော်ပြီး
မိသားစုကိစ္စနဲ့ရန်မဖြစ်မိပါစေနဲ့။

ဒီလိုအချက်တွေသာအမြဲလုပ်မိနေတယ်ဆိုရင် သင့်ရဲ ့ချစ်သူကောင်လေးကို မကြာခင်ဆုံးရှုံးရနိုင်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တော့ သင့်ချစ်သူကို မလျှော့မတင်းလေး ချစ်စေချင်တာပါပဲ။ကြိုးဆိုတာ တင်းလွန်းရင်ပြတ်တတ်တယ်မဟုတ်လား။ ချစ်တယ်ဆိုပြီး တအားဖက်တွယ်ထားတယ်ဆိုပေမဲ့ မလိုချင်တဲ့အချစ်ခံရမှုတွေ၊ချုပ်ချယ်မှုတွေကို အချစ်ခံရတယ်လို့မြင်မှာမဟုတ်ပါဘူး 🍀

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.