အသားနာေအာင္႐ုိက္တာထက္ စိတ္ပုိင္းဆိုင္ရာနာက်င္ေအာင္လုပ္ျခင္းက ပိုထိခိုက္မႈ႐ွိ

စိတ္ပုိင္းဆိုင္ရာ အႏုိင္က်င့္ခံရျခင္းေၾကာင့္ ထပ္တလဲလဲ မြန္းၾကပ္ေစတဲ့အေတြးေတြနဲ႔ လူကိုထြက္ေပါက္မ႐ွိတဲ့ထိ ျဖစ္ေစျပီး ကိုယ့္ရဲ႕အရည္ခ်င္းကိုထိခုိက္လာေစတာဟာ ယေန႔ေခတ္အေနထားမွာ လူအမ်ားစုၾကံဳေနရတဲ့ ျပႆနာတစ္ခုပါ။ ကိုယ့္ရဲ႕စကားေၾကာင့္ ဘယ္သူမဆို စိတ္ပုိင္းဆုိင္ရာ နာက်င္ႏုိင္တယ္ဆိုတာ သတိထားေစခ်င္ပါတယ္။

စိတ္ပုိင္းဆိုင္ရာ အႏုိင္က်င့္တယ္ဆိုတာ –

– လူေ႐ွ႔သူေ႐ွ႔ နာမည္ဖ်က္ ေလွာင္ေျပာင္သေရာ္ျခင္း
– စကားလံုးေတြနဲ႔ ထိခိုက္နာက်င္၊ စိတ္ဆင္းရဲေအာင္လုပ္ျခင္း
– မတူ ၊ မတန္သလို အေပါင္းသင္းမလုပ္ ၊ အဖက္မလုပ္ျခင္း
– အုပ္စုလုိက္ အႏုိင္က်င့္ျခင္း
– စိတ္အားငယ္ေအာင္ ၊ ဘယ္သူမွအနားမွာမ႐ွိေတာ့သလို ခံစားရေအာင္ျပဳမူျခင္း

ေဖာ္ျပပါအခ်က္ေတြနဲ႔ သင့္ကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ သြယ္ဝိုက္ျပီးျဖစ္ေစ ၊ တိုက္႐ုိက္ျဖစ္ေစ ထိခိုက္လာေစပါတယ္။ အႏုိင္က်င့္ခ်င္စရာျဖစ္ေအာင္ေနရင္ အႏုိင္က်င့္ခံရမယ္ဆိုတဲ့ အေတြး ၊ ကိုယ့္ကိုကိုယ္အျပစ္႐ွိသလို ခံစားခ်က္မ်ဳိး၀င္လာေအာင္ ယေန႔ေခတ္လူ႔အဖဲြ႔စည္းက ႐ုိက္သြင္းႏုိင္တယ္။

တစ္ခါတစ္ေလ ရင္းႏွီးေနတဲ့လူေတြထဲမွာေတာင္ စိတ္အားေလ်ာ့ေအာင္ စကားနဲ႔ စိတ္ပုိင္းဆိုင္ရာ အႏုိင္က်င့္ေနတာေတြ ႐ွိပါတယ္။ တစ္ခါလည္းမဟုတ္ ၊ ႏွစ္ခါလည္းမဟုတ္။ လူကုိေတြ႔တိုင္း ဒီလိုစကားေတြနဲ႔အႏုိင္ပုိင္းေနတာဟာ လူတစ္ေယာက္ရဲ႕စိတ္ကို ႐ုိက္ခ်ဳိးပစ္လိုက္သလိုပါပဲ။

မေတြ႔တာ တစ္ပတ္ေလာက္္ၾကာျပီျဖစ္တဲ့ သူငယ္ခ်င္းနဲ႔ လမ္းမွာဆံုတဲ့အခါ ” ဝလာတယ္ေနာ္ ” ၊ ” ပိန္သြားတယ္ေနာ္ ” လို႔ အရင္ဆံုးဆီးျပီး ႏႈတ္ဆက္တာကလည္း တစ္ဖက္သားရဲ႕စိတ္ကို အႏုိင္က်င့္လိုက္တာပါပဲ။ သူ႔ရဲ႕စိတ္ထဲ ကိုယ္မျမင္ႏုိင္တဲ့ ခံစားခ်က္ေပါင္းမ်ားစြာ ဝင္သြားေစပါတယ္။”ငါ အရမ္းဝေနျပီလား … ပံုမလာေတာ့ဘူးလား ၊ ငါ့ကို ခ်စ္မယ့္သူ မ႐ွိေတာ့ဘူးလား ”ဝတာၾကီးကအျပစ္တစ္ခုကိုျဖစ္လုိ႔။ အဲ့ဒီလိုအေတြးမ်ဳိးဝင္ေအာင္ ၊ ဝလာတယ္လုိ႔ ေျပာခ်င္စရာျဖစ္ေအာင္လုပ္ေနတာက နင္ပဲ၊ နင့္မွာ တာဝန္႐ွိတယ္လို႔ လက္ညွိဳးထိုးေျပာလိုက္သလုိပဲ။

The Key to True Success is Mindfulness read more below!

စိတ္ထဲမွာျဖစ္ေနတဲ့ အစိုင္ခဲေတြ စုျပံဳလာတဲ့အခါ လက္ေတြ႔မွာ အၾကမ္းဖက္တာေတြျဖစ္လာႏုိင္ပါတယ္။ သူမ်ားပါးစပ္ဖ်ားက ထြက္က်လာတဲ့ အဓိပါၸယ္မ႐ွိစကားေတြေၾကာင့္ မိမိဘဝေတာ့အပ်က္မခံပါနဲ႔။ ဒီအေျခအေနက ႐ုန္းထြက္ႏုိင္ဖုိ႔နည္းလမ္းဟာ ဥပကၡာျပဳလုိက္ျခင္းပါပဲ။ ျဖစ္ႏုိင္ရင္ ဒီစကားေတြကို စိတ္ထဲမမွတ္ထားပါနဲ႔။ ထုတ္ပစ္လိုက္ပါ။ ကိုယ္တိုင္ စိတ္ခ်မ္းသာဖို႔ထက္ ဘယ္အရာကမွ အေရးမၾကီးပါဘူး။ ရင္ဖြင့္ေဖာ္ ႐ွာပါ။ စိတ္ပုိင္းဆိုင္ရာ အၾကံေပးပုဂိၢဳလ္ေတြနဲ႔ တိုင္ပင္ပါ။ နာက်င္မႈေတြကေန လြတ္ေျမာက္ပါေစ။

(Unicode)

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကြောင့် ထပ်တလဲလဲ မွန်းကြပ်စေတဲ့အတွေးတွေနဲ့ လူကိုထွက်ပေါက်မရှိတဲ့ထိ ဖြစ်စေပြီး ကိုယ့်ရဲ့အရည်ချင်းကိုထိခိုက်လာစေတာဟာ ယနေ့ခေတ်အနေထားမှာ လူအများစုကြုံနေရတဲ့ ပြဿနာတစ်ခုပါ။ ကိုယ့်ရဲ့စကားကြောင့် ဘယ်သူမဆို စိတ်ပိုင်းဆိုင်ရာ နာကျင်နိုင်တယ်ဆိုတာ သတိထားစေချင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ –

– လူရှေ့သူရှေ့ နာမည်ဖျက် လှောင်ပြောင်သရော်ခြင်း
– စကားလုံးတွေနဲ့ ထိခိုက်နာကျင်၊ စိတ်ဆင်းရဲအောင်လုပ်ခြင်း
– မတူ ၊ မတန်သလို အပေါင်းသင်းမလုပ် ၊ အဖက်မလုပ်ခြင်း
– အုပ်စုလိုက် အနိုင်ကျင့်ခြင်း
– စိတ်အားငယ်အောင် ၊ ဘယ်သူမှအနားမှာမရှိတော့သလို ခံစားရအောင်ပြုမူခြင်း

ဖော်ပြပါအချက်တွေနဲ့ သင့်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သွယ်ဝိုက်ပြီးဖြစ်စေ ၊ တိုက်ရိုက်ဖြစ်စေ ထိခိုက်လာစေပါတယ်။ အနိုင်ကျင့်ချင်စရာဖြစ်အောင်နေရင် အနိုင်ကျင့်ခံရမယ်ဆိုတဲ့ အတွေး ၊ ကိုယ့်ကိုကိုယ်အပြစ်ရှိသလို ခံစားချက်မျိုးဝင်လာအောင် ယနေ့ခေတ်လူ့အဖွဲ့စည်းက ရိုက်သွင်းနိုင်တယ်။

တစ်ခါတစ်လေ ရင်းနှီးနေတဲ့လူတွေထဲမှာတောင် စိတ်အားလျော့အောင် စကားနဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နေတာတွေ ရှိပါတယ်။ တစ်ခါလည်းမဟုတ် ၊ နှစ်ခါလည်းမဟုတ်။ လူကိုတွေ့တိုင်း ဒီလိုစကားတွေနဲ့အနိုင်ပိုင်းနေတာဟာ လူတစ်ယောက်ရဲ့စိတ်ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။

မတွေ့တာ တစ်ပတ်လောက််ကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ လမ်းမှာဆုံတဲ့အခါ ” ဝလာတယ်နော် ” ၊ ” ပိန်သွားတယ်နော် ” လို့ အရင်ဆုံးဆီးပြီး နှုတ်ဆက်တာကလည်း တစ်ဖက်သားရဲ့စိတ်ကို အနိုင်ကျင့်လိုက်တာပါပဲ။ သူ့ရဲ့စိတ်ထဲ ကိုယ်မမြင်နိုင်တဲ့ ခံစားချက်ပေါင်းများစွာ ဝင်သွားစေပါတယ်။”ငါ အရမ်းဝနေပြီလား … ပုံမလာတော့ဘူးလား ၊ ငါ့ကို ချစ်မယ့်သူ မရှိတော့ဘူးလား ”ဝတာကြီးကအပြစ်တစ်ခုကိုဖြစ်လို့။ အဲ့ဒီလိုအတွေးမျိုးဝင်အောင် ၊ ဝလာတယ်လို့ ပြောချင်စရာဖြစ်အောင်လုပ်နေတာက နင်ပဲ၊ နင့်မှာ တာဝန်ရှိတယ်လို့ လက်ညှိုးထိုးပြောလိုက်သလိုပဲ။

စိတ်ထဲမှာဖြစ်နေတဲ့ အစိုင်ခဲတွေ စုပြုံလာတဲ့အခါ လက်တွေ့မှာ အကြမ်းဖက်တာတွေဖြစ်လာနိုင်ပါတယ်။ သူများပါးစပ်ဖျားက ထွက်ကျလာတဲ့ အဓိပါ္ပယ်မရှိစကားတွေကြောင့် မိမိဘဝတော့အပျက်မခံပါနဲ့။ ဒီအခြေအနေက ရုန်းထွက်နိုင်ဖို့နည်းလမ်းဟာ ဥပက္ခာပြုလိုက်ခြင်းပါပဲ။ ဖြစ်နိုင်ရင် ဒီစကားတွေကို စိတ်ထဲမမှတ်ထားပါနဲ့။ ထုတ်ပစ်လိုက်ပါ။ ကိုယ်တိုင် စိတ်ချမ်းသာဖို့ထက် ဘယ်အရာကမှ အရေးမကြီးပါဘူး။ ရင်ဖွင့်ဖော် ရှာပါ။ စိတ်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပါ။ နာကျင်မှုတွေကနေ လွတ်မြောက်ပါစေ။

596 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.