ချစ်သူနဲ့ ဒီလိုချစ်စရာကောင်းအောင် Roတာလေးတွေကို ဘဝတူစုံတွဲလေးတွေသာ နားလည် 😍

ချစ်ပြီဆိုမှတော့ နာကျင်၊ ဝမ်းနည်း ၊ စိတ်ထိခိုက်စရာတွေအများကြီး ကြုံရသလို ၊ သူ့ကြောင့် ပျော်ရွှင်ရတဲ့ ကြည်နူးစရာလေးတွေကလည်း တန်ဖိုးမဖြတ်နိုင်စရာပဲ။ နှစ်ယောက်သားရဲ့မထင်မှတ်ထားတဲ့ အပြုမူတွေဟာ ပြန်တွေးမိရင် ရင်ထဲနွေးစေသလိုခံစားရဖူးလား… ဘဝတူစုံတွဲလေးတွေပဲ ဒီလိုခံစားချက်ကိုကောင်းကောင်းနားလည်မှာနော်.. ဟုတ်လား… မဟုတ်လား ဒီကာတွန်းလေးတွေကို ကြည့်လိုက်ပါဦး..

ချွေးနံ့ နံလို့လည်း ရှက်ရကောင်းမှန်း ဂရုမစိုက်တော့

ချစ်သူအီးပေါက်သံထက် လေကျဉ်တက်သံက ပိုပြီးဆွဲဆောင်မှုရှိနေ

စကြိုက်ခါစတုန်းကလို ချစ်သူကို အရာရာဦးစားမပေးတော့ .. စားချင် ကွကိုယ် ဝယ်စား :3

မှန်ကန်တဲ့ အကြံတွေပဲပေးတော့… အားနာလို့မပြောတာတွေ ဘာတွေမရှိ

တစ်ယောက်နဲ့တစ်ယောက် snap တွေရိုက်ပြီး ဆေးထိုး ၊အရှက်ခွဲ

အရင်ကတော့ သူဖက်ပေးတာလေးကို ကြိုက်တယ်.. အခုတော့ ကိုယ်တိုင်ဖက်ရမှအားရတယ် :3

ကြိုက်တဲ့ဆိုင်တွေ့ပြီဆိုတာနဲ့ အဲ့ဒီတစ်ဆိုင်တည်းမှာပဲ အမြဲထိုင်စားဖြစ်

သန့်စင်ခန်း အတူတူသုံးချိန် စကားတွေအကြာကြီးပြော

နွေပူပူမှာလည်း ဖက်အိပ်တယ်

အေးရင် ပိုဖက်တယ်… <3

ရေချွေတာတဲ့အနေနဲ့ အတူတူရေချိုးကြတယ် ☺

ရုပ်ရှင်တူတူကြည့်ရင်း ပေါက်ပေါက်ဖောက်

ဒီလိုအတူတူချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးရမယ့် ချစ်သူ သင့်မှာပိုင်ဆိုင်နေပြီ
လား ? 💖

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.