ေဘဘီေလးေတြရဲ႔ေျခဖ၀ါးလုိ ႏူးညံ႔ေခ်ာမြတ္သြားေစမယ့္ နည္္းလမ္းအလြယ္ေလးေတြ…

မိန္းကေလးေတြရဲ ႔ေျခဖ၀ါးဆုိတာ အျမဲျဖဴႏုမေနရင္ေတာင္ ၾကမ္းၾကမ္းၾကီးျဖစ္မေနသင့္ပါေနာ္။ ကေလးဘ၀တုန္းက ေျခဖ၀ါးေလးက ျဖဴဥေနသေလာက္အရြယ္ေရာက္လာေတာ့တျဖည္းျဖည္းနဲ႔ အေရျပားေျခာက္ေသြ႔တာမ်ိဳး၊ေျခဖေနာင့္ကြဲအက္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ဒါေပမဲ႔လည္း လူမျမင္ဘူးဆုိျပီးေတာ္တန္ရံုေပါ့ေပါ့ပဲသေဘာထားမိၾကတယ္ဟုတ္! အဲ႔ဒီလုိေပါ့ေပါ့ေနတာ မေကာင္းပါဘူး။ကုိယ့္ရဲ႔ေျခဖ၀ါးက ျဖဴဥမေနရင္ေတာင္ ႏူးည့ံျပီးသန္႔ရွင္းသပ္ရပ္တဲ႔ေျခဖ၀ါးေလး၊ လွပတဲ႔ေျခဖ၀ါးေလးျဖစ္ေနသင့္ပါတယ္။ဒီလုိေျခဖ၀ါးေလးျဖဴႏုသန္႔ရွင္းေနေစဖုိ႔ ေငြေၾကးအကုန္အက်ေတြအမ်ားၾကီးခံစရာမလိုပါဘူး။အိမ္မွာပဲ အလြယ္တကူလုပ္လို႔ ရတဲ႔နည္းလမ္းေလးေတြရွိေနပါျပီ။တစ္ပတ္ကုိတစ္ခါေလာက္ပဲ အခ်ိန္ေပးျပီးလုပ္ေပးရံုနဲ႔ သန္႔ရွင္းျပီးလွပတဲ႔ေျခဖ၀ါးေလး၊ႏူးညံ႔တဲ႔ေျခဖ၀ါးေလးရလာႏုိင္ပါတယ္။

၁)မုန္႔ဖုတ္ဆိုဒါ
အိမ္မွာ မုန္႔ဖုတ္ဆိုဒါကုိ အလြယ္တကူျမင္ေတြ႔ႏုိင္ပါတယ္။မုန္႔ဖုတ္ဆိုဒါက အလွအပအတြက္ေတာ့ မရွိမျဖစ္အသံုး၀င္ပါတယ္ေနာ္။ဒီလုိမုန္႔ဖုတ္ဆုိဒါဟာေျခဖ၀ါးမွာရွိတဲ႔အညစ္အေၾကးေတြကုိ အလြယ္တကူဖယ္ရွားေပးႏုိင္ပါတယ္တဲ႔။မုန္႔ဖုတ္ဆိုဒါထမင္းစားဇြန္းသံုးဇြန္းနဲ႔ေရအနည္းငယ္ေရာစပ္ပါ။ျပီးရင္ ေျခေထာက္ကုိ အဲ႔ဒီခြက္ထဲမွာစိမ္ျပီး ေျခဖ၀ါးေတြကုိႏွိပ္နယ္ေပးပါ။ ေျခေခ်ာင္းၾကားေတြအစ ေသခ်ာပြတ္တုိက္ႏွိပ္နယ္ေပးပါ။၁၀မိနစ္ေလာက္
စိမ္ျပီးသန္႔ရွင္းျပီးသြားျပီဆုိရင္ေတာ့ ေရခပ္ေႏြးေႏြးေလးနဲ႔အဆံုးပိတ္ေဆးခ်ျပီး အစိုဓာတ္ထိန္းကရင္မ္ေလးကိုေသခ်ာလိမ္းေပးထားပါ။ဒါဆုိရင္ ေျခေထာက္
ေလးက အရင္ကထက္ႏူးည့ံျပီးျဖဴေဖြးသြားမွာပါ။

၂)ပန္းသီးအရက္ရွာလကာရည္

ပန္းသီးအရက္ရွာလကာရည္ကလည္း အလွအပေရးရာအတြက္အမ်ားၾကီးအသံုး၀င္ပါတယ္။ လုိအပ္တာကေတာ့ ပန္းသီးအရက္ရွာလကာရည္ထမင္းစားဇြန္း ၂ဇြန္းကို ေရခပ္ေႏြးေႏြးနဲ႔ေရာစပ္ပါ။ေျခေထာက္စိမ္လို႔ရရံုအေနေတာ္ေလာက္ေပါ့။ျပီးရင္ အဲ႔ဒီခြက္္ထဲမွာ ေျခေထာက္ကုိ ၁၅မိနစ္ေလာက္စိမ္ထားပါ။စိမ္ျပီးရင္ေတာ့ ေျခဖ၀ါးကုိေျခာက္ေသြ႔ေအာင္ သုတ္ေပးပါ။အားလံုးျပီးရင္ အစိုဓာတ္ထိန္းကရင္မ္ေလးလိမ္းေပးထားပါ။

၃)သံလြင္ဆီ

အလွအပအတြက္မရွိမျဖစ္လိုအပ္တဲ႔အရာကေတာ့သံလြင္ဆီပါပဲ။သံလြင္ဆီကခႏၶာကိုယ္တစ္ခုလံုး အတြက္အသံုး၀င္ပါတယ္။သဘာ၀အစိုဓာတ္ထိန္းကရင္မ္လည္းျဖစ္ပါတယ္။သံလြင္ဆီကုိဘယ္လုိသံုးရမလဲဆုိေတာ့ အိပ္ရာမ၀င္ခင္ေျခဖ၀ါးကုိလိမ္းလုိက္ပါ။ျပီးရင္ေျခအိတ္စြပ္ထားပါ။ အခိ်န္ပုိရင္ေတာ့သံလြင္ဆီေတြစိမ့္၀င္သြားေအာင္ ေျခဖ၀ါးကုိျဖည္းျဖည္းခ်င္းႏွိပ္နယ္ ေပးပါ။မနက္ႏုိးရင္ေတာ့ ေျခဖ၀ါးေလးကႏူးညံ႔အိစက္ေနတာကုိသတိထားမိပါလိမ့္မယ္။
၂ရက္ျခားတစ္ခါ၊သံုးရက္ျခားတစ္ခါေလာက္ ပံုမွန္လုပ္ေပးရင္အေကာငး္ဆံုးပါ။

၄)ပ်ားရည္

ပ်ားရည္က အလွအပေတြအတြက္ ဘုရင္တစ္ဆူလုိပဲအသံုး၀င္ပါတယ္။ပ်ားရည္ေလာက္ ေကာင္းတဲ႔သဘာ၀အလွဆီ၊သဘာ၀အလွအပထိန္းသိမ္းနည္းမရွိေတာ့ပါဘူး။ ပ်ားရည္ကုိ ဘယ္လုိသံုးရမလဲဆုိရင္ သၾကားညိဳခြက္ေလးပံုတစ္ပံုစာ၊အုန္းဆီစားပဲြတင္ဇြန္း ၂ဇြန္း၊ပ်ားရည္ ၂ဇြန္းကုိေရာစပ္ျပီး ေျခဖ၀ါးတစ္ခြင္ညင္သာစြာပြတ္လိမ္းေပးရံုပါပဲ။၁၅မိနစ္ေလာက္ထားျပီးရင္ ေရနဲ႔ေသခ်ာေဆးေၾကာျပီး ေျခာက္ေသြ႔ေအာင္သုတ္လိုက္ပါ။အားလံုးျပီးရင္ေတာ့ အစုိဓာတ္ထိန္း
ကရင္မ္ေလးလိမ္းေပးထားလိုက္ပါ။

၅)ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက ေျခဖ၀ါးကုိႏူးည့ံျဖဴႏုေစတယ္ဆိုတာ ယံုရဲ႔လား။တကယ္ပါ ငွက္ေပ်ာသီးက ေျခဖ၀ါးေလးအတြက္အရမ္းအက်ိဳးျပဳပါတယ္။ငွက္ေပ်ာသီးမွာပါ၀င္တဲ႔Amino acid နဲ႔ဗီတာမင္ဓာတ္ေတြက အသားအရည္ကိုႏူးညံ႔ေခ်ာမြတ္ေစပါတယ္။ဘယ္လိုသံုးရမလဲဆုိရင္ ငွက္ေပ်ာသီးမွည့္ႏွစ္လံုးကုိၾကိတ္ေျချပီးေျခဖ၀ါးမွာ မိနစ္ ၂၀ေလာက္ကပ္ထား လိမ္းထားေပးရံုပါပဲ။ျပီးရင္ ၾကက္သီးေႏြးေရေလးနဲ႔ေဆးေၾကာေပးပါ။ေျခာက္ေသြ႔တာေတြကုိလည္း ျပန္ျပီးစုိျပည္လာေစပါတယ္။

ဒီနည္းေလးေတြကုိ အားလပ္ရက္ေတြမွာလုပ္ေစခ်င္ပါတယ္။ဘာလုိ႔လဲဆိုေတာ့ ဒီလုိမ်ိဳးေျခေထာက္ကုိ စိမ္ထား၊ႏွိပ္ထားျပီးရင္ ခဏေလာက္ေတာ့ျငိမ္ျငိိမ္ေန ဖုိ႔လိုပါတယ္။ ခုပဲ ေျခေထာက္ေလးကုိႏူးညံ႔ေအာင္လုပ္ထားျပီးခုပဲအျပင္ထသြားေနရင္ေျခေထာက္ေလးမွာနားခ်ိန္မရိွေတာ့ပဲေနပါလိမ့္မယ္။ေျခေထာက္ေလးလွပႏူးညံ႔ခ်င္တယ္ဆိုရင္ အားလပ္ရက္ေလးမွာ အက်ိဳးရွိရွိအသံုးခ်ဖုိ႔ မေမ့ပါနဲ႔ 😎

Unicode

မိန်းကလေးတွေရဲ ့ခြေဖဝါးဆိုတာ အမြဲဖြူနုမနေရင်တောင် ကြမ်းကြမ်းကြီးဖြစ်မနေသင့်ပါနော်။ ကလေးဘဝတုန်းက ခြေဖဝါးလေးက ဖြူဥနေသလောက်အရွယ်ရောက်လာတော့တဖြည်းဖြည်းနဲ့ အရေပြားခြောက်သွေ့တာမျိုး၊ခြေဖနောင့်ကွဲအက်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါပေမဲ့လည်း လူမမြင်ဘူးဆိုပြီးတော်တန်ရုံပေါ့ပေါ့ပဲသဘောထားမိကြတယ်ဟုတ်! အဲ့ဒီလိုပေါ့ပေါ့နေတာ မကောင်းပါဘူး။ကိုယ့်ရဲ့ခြေဖဝါးက ဖြူဥမနေရင်တောင် နူးည့ံပြီးသန့်ရှင်းသပ်ရပ်တဲ့ခြေဖဝါးလေး၊ လှပတဲ့ခြေဖဝါးလေးဖြစ်နေသင့်ပါတယ်။ဒီလိုခြေဖဝါးလေးဖြူနုသန့်ရှင်းနေစေဖို့ ငွေကြေးအကုန်အကျတွေအများကြီးခံစရာမလိုပါဘူး။အိမ်မှာပဲ အလွယ်တကူလုပ်လို့ ရတဲ့နည်းလမ်းလေးတွေရှိနေပါပြီ။တစ်ပတ်ကိုတစ်ခါလောက်ပဲ အချိန်ပေးပြီးလုပ်ပေးရုံနဲ့ သန့်ရှင်းပြီးလှပတဲ့ခြေဖဝါးလေး၊နူးညံ့တဲ့ခြေဖဝါးလေးရလာနိုင်ပါတယ်။

၁)မုန့်ဖုတ်ဆိုဒါ
အိမ်မှာ မုန့်ဖုတ်ဆိုဒါကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါက အလှအပအတွက်တော့ မရှိမဖြစ်အသုံးဝင်ပါတယ်နော်။ဒီလိုမုန့်ဖုတ်ဆိုဒါဟာခြေဖဝါးမှာရှိတဲ့အညစ်အကြေးတွေကို အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်တဲ့။မုန့်ဖုတ်ဆိုဒါထမင်းစားဇွန်းသုံးဇွန်းနဲ့ရေအနည်းငယ်ရောစပ်ပါ။ပြီးရင် ခြေထောက်ကို အဲ့ဒီခွက်ထဲမှာစိမ်ပြီး ခြေဖဝါးတွေကိုနှိပ်နယ်ပေးပါ။ ခြေချောင်းကြားတွေအစ သေချာပွတ်တိုက်နှိပ်နယ်ပေးပါ။၁ဝမိနစ်လောက်
စိမ်ပြီးသန့်ရှင်းပြီးသွားပြီဆိုရင်တော့ ရေခပ်နွေးနွေးလေးနဲ့အဆုံးပိတ်ဆေးချပြီး အစိုဓာတ်ထိန်းကရင်မ်လေးကိုသေချာလိမ်းပေးထားပါ။ဒါဆိုရင် ခြေထောက်
လေးက အရင်ကထက်နူးည့ံပြီးဖြူဖွေးသွားမှာပါ။

၂)ပန်းသီးအရက်ရှာလကာရည်

ပန်းသီးအရက်ရှာလကာရည်ကလည်း အလှအပရေးရာအတွက်အများကြီးအသုံးဝင်ပါတယ်။ လိုအပ်တာကတော့ ပန်းသီးအရက်ရှာလကာရည်ထမင်းစားဇွန်း ၂ဇွန်းကို ရေခပ်နွေးနွေးနဲ့ရောစပ်ပါ။ခြေထောက်စိမ်လို့ရရုံအနေတော်လောက်ပေါ့။ပြီးရင် အဲ့ဒီခွက််ထဲမှာ ခြေထောက်ကို ၁၅မိနစ်လောက်စိမ်ထားပါ။စိမ်ပြီးရင်တော့ ခြေဖဝါးကိုခြောက်သွေ့အောင် သုတ်ပေးပါ။အားလုံးပြီးရင် အစိုဓာတ်ထိန်းကရင်မ်လေးလိမ်းပေးထားပါ။

၃)သံလွင်ဆီ

အလှအပအတွက်မရှိမဖြစ်လိုအပ်တဲ့အရာကတော့သံလွင်ဆီပါပဲ။သံလွင်ဆီကခန္ဓာကိုယ်တစ်ခုလုံး အတွက်အသုံးဝင်ပါတယ်။သဘာဝအစိုဓာတ်ထိန်းကရင်မ်လည်းဖြစ်ပါတယ်။သံလွင်ဆီကိုဘယ်လိုသုံးရမလဲဆိုတော့ အိပ်ရာမဝင်ခင်ခြေဖဝါးကိုလိမ်းလိုက်ပါ။ပြီးရင်ခြေအိတ်စွပ်ထားပါ။ အချိန်ပိုရင်တော့သံလွင်ဆီတွေစိမ့်ဝင်သွားအောင် ခြေဖဝါးကိုဖြည်းဖြည်းချင်းနှိပ်နယ် ပေးပါ။မနက်နိုးရင်တော့ ခြေဖဝါးလေးကနူးညံ့အိစက်နေတာကိုသတိထားမိပါလိမ့်မယ်။
၂ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါလောက် ပုံမှန်လုပ်ပေးရင်အကောငး်ဆုံးပါ။

၄)ပျားရည်

ပျားရည်က အလှအပတွေအတွက် ဘုရင်တစ်ဆူလိုပဲအသုံးဝင်ပါတယ်။ပျားရည်လောက် ကောင်းတဲ့သဘာဝအလှဆီ၊သဘာဝအလှအပထိန်းသိမ်းနည်းမရှိတော့ပါဘူး။ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုရင် သကြားညိုခွက်လေးပုံတစ်ပုံစာ၊အုန်းဆီစားပွဲတင်ဇွန်း ၂ဇွန်း၊ပျားရည် ၂ဇွန်းကိုရောစပ်ပြီး ခြေဖဝါးတစ်ခွင်ညင်သာစွာပွတ်လိမ်းပေးရုံပါပဲ။၁၅မိနစ်လောက်ထားပြီးရင် ရေနဲ့သေချာဆေးကြောပြီး ခြောက်သွေ့အောင်သုတ်လိုက်ပါ။အားလုံးပြီးရင်တော့ အစိုဓာတ်ထိန်း
ကရင်မ်လေးလိမ်းပေးထားလိုက်ပါ။

၅)ငှက်ပျောသီး

ငှက်ပျောသီးက ခြေဖဝါးကိုနူးည့ံဖြူနုစေတယ်ဆိုတာ ယုံရဲ့လား။တကယ်ပါ ငှက်ပျောသီးက ခြေဖဝါးလေးအတွက်အရမ်းအကျိုးပြုပါတယ်။ငှက်ပျောသီးမှာပါဝင်တဲ့Amino acid နဲ့ဗီတာမင်ဓာတ်တွေက အသားအရည်ကိုနူးညံ့ချောမွတ်စေပါတယ်။ဘယ်လိုသုံးရမလဲဆိုရင် ငှက်ပျောသီးမှည့်နှစ်လုံးကိုကြိတ်ခြေပြီးခြေဖဝါးမှာ မိနစ် ၂ဝလောက်ကပ်ထား လိမ်းထားပေးရုံပါပဲ။ပြီးရင် ကြက်သီးနွေးရေလေးနဲ့ဆေးကြောပေးပါ။ခြောက်သွေ့တာတွေကိုလည်း ပြန်ပြီးစိုပြည်လာစေပါတယ်။

ဒီနည်းလေးတွေကို အားလပ်ရက်တွေမှာလုပ်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီလိုမျိုးခြေထောက်ကို စိမ်ထား၊နှိပ်ထားပြီးရင် ခဏလောက်တော့ငြိမ်ငြိိမ်နေ ဖို့လိုပါတယ်။ ခုပဲ ခြေထောက်လေးကိုနူးညံ့အောင်လုပ်ထားပြီးခုပဲအပြင်ထသွားနေရင်ခြေထောက်လေးမှာနားချိန်မရှိတော့ပဲနေပါလိမ့်မယ်။ခြေထောက်လေးလှပနူးညံ့ချင်တယ်ဆိုရင် အားလပ်ရက်လေးမှာ အကျိုးရှိရှိအသုံးချဖို့ မမေ့ပါနဲ့ 😎

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.