မိုးရာသီမှာ ခြင်တွေဝေးဝေးပြေးစေဖို့ ဆောင်ထားသင့်တဲ့ ပန်းပင်လေးတွေ 🍃

မိုးတွင်းရောက်လို့ ခြင်တွေလည်း တော်တော်ပေါလာတယ်။ အိမ်မှာ အဲကွန်းနဲ့မနေတဲ့ လူတွေအတွက်တော့ ခြင်တွေရဲ့ရန်ကို တော်တော်လေးဖြေရှင်းရတယ်။ ခြင်ဆေးခွင်တွေ၊ ခြင်ဆေးဘူးတွေက လေထုကိုဆိုးဝါးစေပြီး ခြင်တွေကိုပါမက လူတွေရဲ့အသက်ရှုလမ်းကြောင်းကိုလည်း ထိခိုက်စေပါတယ်။ခြင်ဆေးမထွန်းရင်လည်း ခြင်တွေကသယ်ဆောင်လာတဲ့ အန္တရာယ်ရှိရောဂါတွေဖြစ်တဲ့ ငှက်ဖျား ၊ အသားဝါရောဂါ၊ တုပ်ကွေးကြီးရောဂါနဲ့ ဇီကာဗိုင်းရပ်တွေက စိုးရိမ်ရပါတယ်။ ဒါကြောင့် လေထုလည်း သန့်စင်၊ ခြင်လည်းပြေးစေမယ့် ပန်းပင်လေးတွေ အိမ်တွင်းထားမယ်ဆိုရင်ရော …?

Lavender


လာဗန်ဒါ ပန်းက ဒီမှာတော့မရှိဘူး။ ဗဟုသုတအနေနဲ့ သိရအောင် ပြောပြပေးလိုက်ပါတယ်။ ဒီပန်းလေးရဲ့အနံ့ကို ခြင်တွေ မခံနိုင်ပါဘူး။ ပြီးတော့ မှိုစွဲတာတွေ ၊ ရောဂါပိုးတွေကိုလည်း သေစေပါတယ်။ ကိုယ့်ရဲ့ဥယျာဉ်ထဲမှာ ကိုယ်တိုင်စိုက်ပျိုးနိုင်ပြီး တံခါးနဲ့ ပြတင်းပေါက်နားမှာ ထားလို့ရတယ်။ ပိုပြီးအကာကွယ်ကောင်းချင်ရင် ပန်းရဲ့အနံ့ အရေပြားစွဲနေအောင် ပွတ်ထားတာပိုထိရောက်ပါတယ်။

Marigolds


Marigolds ပန်းလေးတွေဟာ ပွင့်လွယ်တဲ့ ပန်းအမျိုးစားပါ။ thiophennes ပါဝင်ပြီး ပိုးမွှားတွေ သန့်စင်နိုင်တဲ့ဓာတ် သူ့မှာရှိတယ်။ ခြင်နဲ့ အခြားပိုးမွှားတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပန်းပင်မျိုးဟာ မက်စီကိုမှာ ပိုပေါက်ရောက်လေ့ရှိပါတယ်။

Rosemary


ဒီအပင်ကို ဟင်းလျာအမွှေးကြိုင်အဖြစ်လည်း အသုံးများကြပါတယ်။ ခြင်တွေ၊ အရွက်သစ်သီးတွေ
ကြားက ပိုးတွေကိုလည်း ကောင်းကောင်းဖယ်ရှားပေးနိုင်ပါတယ်။ Rosemary ပင်ကို မီးရှို့ပြီးအနံ့လေးပေးလိုက်ရင် ခြင်တွေ အိမ်ထဲတစ်ကောင်တောင် ပေကပ်ပြီးမနေနိုင်ပါဘူး။

Peppermint


ပင်စိမ်းကတော့ ဒီမှာလည်း ပေါပေါသီသီရနေတော့ ခက်ခက်ခဲခဲရှာနေစရာမလိုပါဘူး ။
ပင်စိမ်းအဆီမှာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ အနံ့ရှိပါတယ်။

Basil


ပူစီနံလည်း အများကြီးရှိပါတယ်။ အီတလီအစားစာတွေမှာလည်း အများဆုံးအသုံးပြုကြပါတယ်သူက ခြင်တွေကိုလည်း ပြေးစေနိုင်ပါတယ်။ ပူစီနံရွက်က အနံစူးတော့ ပြတင်းပေါက်နားဖြစ်ဖြစ် ၊ တံခါးနားဖြစ်ဖြစ် ထားထားပေးလို့ရပါတယ်။ ခြင်တွေပြေးကိုပြေးပါတယ်။

991 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.