ဒါေလးကိုဖတ္ျပီးသင္႔အတြက္အေကာင္းဆံုးဆိုတဲ႔သူေတြကို သတိရလုိက္ပါ…

လူတုိင္းမွာ တန္ဖိုးထားရတဲ႔အရာကိုယ္စီရွိတတ္ျကပါတယ္။ ဒါမဲ႔တစ္ခါတေလမွာကိုယ္တန္ဖိုးထားပါတယ္ဆိုတဲ႔အရာေတြက သူမ်ားေတြအတြက္ ဘာမွအေရးမပါတဲ႔ တန္ဖိုးမရွိတဲ႔အရာေတြျဖစ္ေနတတ္ပါတယ္။

ဒီလုိအေျခေနမ်ိဳးေတြမွာ ပတ္၀န္းက်င္ကလူေတြေျပာေလ႔ရွိတာက ဘာေကာင္းလို႕လဲ ၊ ဘာေတြမ်ား သေဘာေတြ႕စရာရွိလို႕လည္းဆုိတာမ်ိဳးေတြေပါ႔ ၊ ဒီလိုေမးလာတဲ႔လူမ်ိဳးေတြကို ေျပာခ်င္တာကေတာ႔ အရာရာတိုင္းက နဂိုတည္းက သူ႕ဘာသာသူေနရင္ ဘာတန္ဖိုးမွမရွိတတ္ျကပါဘူး၊ ေအးးးး တစ္စံုတစ္ေယာက္ရဲ႕ တန္ဖိုးထားျခင္းကို ခံရမွသာတန္ဖိုးရွိတယ္မရွိဘူးေတြျဖစ္သြားတတ္ျကတာပါ၊။ ဥပမာ အစားေသာက္နဲ႕ေျပာျကေျကးဆုိရင္ေပါ႔- ကိုယ္႔ရဲဲ႕အျကိုက္ဆံုးဟင္းျဖစ္တဲ႔ ကန္စြန္းရြက္ေျကာ္ ကို ကိုယ္ကတသသ စားျပီး ျမိန္ေရရွက္ေရစားေနရင္ တစ္ျခားသူအျမင္မွာ ကိုယ္က ဘာမွမဟုတ္တဲ႔ အစားစာကို ဟန္လုပ္ျပီးေကာင္းေအာင္စားျပေနတယ္ထင္ေနမွာပါပဲ။

တကယ္ေတာ႔ကိုယ္႔အတြက္ ဘာနဲ႕မွအစားထုိုးလုိ႕မရတဲ႔ဟင္းတစ္ခြက္ဟာသူမ်ားေတြအတြက္အရန္ဟင္းျဖစ္ပါေစ ကိုယ္႔အတြက္နတ္သုဒၶါပဲျဖစ္ေနတတ္တာပါ။ ဒါေျကာင္႔ ေလာကျကီးမွာကိုယ္တကယ္သေဘာက်တယ္ ကိုယ္တကယ္ခ်စ္တယ္ ကိုယ္တကယ္ျမတ္နုိးတယ္၊ ကိုယ္တကယ္လိုအပ္တယ္လို႕ ခံစားရတဲ႔အရာေတြဟာ သူမ်ားေတြအတြက္ဘာပဲျဖစ္ေနျဖစ္ေန ကိုယ္႔ဘက္ကေတာ႔ ဆက္လက္ျပီးတန္ဖိုးထားနုိင္ပါေစ။

ကိုယ္႔ရဲ႕အျကိုက္ဆံုးဟင္း ျဖစ္တဲ႔ကန္စြန္းရြက္ေျကာ္ကိုစားပါမ်ားလို႕ရိုးရင္ရိုးမယ္ အေျပာင္းလဲေလးျဖစ္ေအာင္ ျကက္သားဟင္းေလးစားျဖစ္ခ်င္စားျဖစ္မယ္ ၊ ဒါမဲ႔ျကက္သားဟင္းစားလည္းကန္စြန္းရြက္ေျကာ္ မပါရင္ေတာ႔ သတိတရရွိျပီးဘာလိုေနမွန္းျဖစ္ေနမယ္မဟုတ္လား။

ဆိုေတာ႔ သူမ်ားအျမင္မွာ ဘယ္သူေတြကပိုေကာင္းပိုသာ ပိုေခ်ာျပီးပိုျပည္႔စံုေနပါေစ၊ ကိုယ္႔အျမင္ကိုယ္႔အေတြးထဲမွာ လူတစ္ေယာက္ ဒီလူတစ္ေယာက္ရွိေနတယ္ဆိုတာနဲ႕တင္ ဒီလူနဲ႕ခ်စ္ေနရတာနဲ႕တင္ ျပည္႔စံုတယ္ ေအးျမတယ္ ၊ လံုျခံဳတယ္ ၊ စိတ္ေအးခ်မ္းသာတယ္လို႕ခံစားရရင္ ဒီလူဟာသင္႔ရဲ႕အေကာင္းဆံုးအရာ ၊ အေကာင္းဆံုးပိုင္ဆုိင္မႈတစ္ခုျဖစ္ေနပါျပီ၊ သူ႕ထက္ေကာင္းပါတယ္ဆုိတဲ႔လူေတြရွိလာရင္ေတာင္ သင္႔အတြက္ကေတာ႔သူ႕ထက္ျပည္႔စံုတဲ႔အရာဆိုတာရွိနုိင္မယ္မထင္ပါဘူး။

သင္တုိ႕မွာေရာ သင္တို႕ရဲ႕အေကာင္းဆံုးဆုိတဲ႔ လူေတြရွိေနျပီလား …ရွိေနရင္ေတာ႔ အခုပဲ ဒီစာေလးကိုေခၚျပလို္က္ျပီး သူဟာသင္႔အတြက္မေျပာင္းလဲေသာအေကာင္းဆံုးအရာျဖစ္ေျကာင္းေျပာသာျပလုိက္ပါေတာ႔…လူတစ္ေယာက္ရဲ႕စိတ္ခံစားခ်က္ကို ထည္႔မတြက္ပဲ ဘာေတြမ်ားေကာင္းေနလို႕လဲဆိုျပီးသူမ်ားရဲ႕ေရြးခ်ယ္မႈ၊ သူမ်ားတန္ဖိုးထားတဲ႔အရာတစ္ခုကို အပုပ္ခ်ကဲ႔ရဲ႕တာမ်ိဳး မလုပ္မိျကပါေစနဲ႕…

Unicode

လူတိုင်းမှာ တန်ဖိုးထားရတဲ့အရာကိုယ်စီရှိတတ်ကြပါတယ်။ ဒါမဲ့တစ်ခါတလေမှာကိုယ်တန်ဖိုးထားပါတယ်ဆိုတဲ့အရာတွေက သူများတွေအတွက် ဘာမှအရေးမပါတဲ့ တန်ဖိုးမရှိတဲ့အရာတွေဖြစ်နေတတ်ပါတယ်။

ဒီလိုအခြေနေမျိုးတွေမှာ ပတ်ဝန်းကျင်ကလူတွေပြောလေ့ရှိတာက ဘာကောင်းလို့လဲ ၊ ဘာတွေများ သဘောတွေ့စရာရှိလို့လည်းဆိုတာမျိုးတွေပေါ့ ၊ ဒီလိုမေးလာတဲ့လူမျိုးတွေကို ပြောချင်တာကတော့ အရာရာတိုင်းက နဂိုတည်းက သူ့ဘာသာသူနေရင် ဘာတန်ဖိုးမှမရှိတတ်ကြပါဘူး၊ အေးးးး တစ်စုံတစ်ယောက်ရဲ့ တန်ဖိုးထားခြင်းကို ခံရမှသာတန်ဖိုးရှိတယ်မရှိဘူးတွေဖြစ်သွားတတ်ကြတာပါ၊။ ဥပမာ အစားသောက်နဲ့ပြောကြကြေးဆိုရင်ပေါ့- ကိုယ့်ရဲဲ့အကြိုက်ဆုံးဟင်းဖြစ်တဲ့ ကန်စွန်းရွက်ကြော် ကို ကိုယ်ကတသသ စားပြီး မြိန်ရေရှက်ရေစားနေရင် တစ်ခြားသူအမြင်မှာ ကိုယ်က ဘာမှမဟုတ်တဲ့ အစားစာကို ဟန်လုပ်ပြီးကောင်းအောင်စားပြနေတယ်ထင်နေမှာပါပဲ။

တကယ်တော့ကိုယ့်အတွက် ဘာနဲ့မှအစားထိုုးလို့မရတဲ့ဟင်းတစ်ခွက်ဟာသူများတွေအတွက်အရန်ဟင်းဖြစ်ပါစေ ကိုယ့်အတွက်နတ်သုဒ္ဓါပဲဖြစ်နေတတ်တာပါ။ ဒါကြောင့် လောကကြီးမှာကိုယ်တကယ်သဘောကျတယ် ကိုယ်တကယ်ချစ်တယ် ကိုယ်တကယ်မြတ်နိုးတယ်၊ ကိုယ်တကယ်လိုအပ်တယ်လို့ ခံစားရတဲ့အရာတွေဟာ သူများတွေအတွက်ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ဘက်ကတော့ ဆက်လက်ပြီးတန်ဖိုးထားနိုင်ပါစေ။

ကိုယ့်ရဲ့အကြိုက်ဆုံးဟင်း ဖြစ်တဲ့ကန်စွန်းရွက်ကြော်ကိုစားပါများလို့ရိုးရင်ရိုးမယ် အပြောင်းလဲလေးဖြစ်အောင် ကြက်သားဟင်းလေးစားဖြစ်ချင်စားဖြစ်မယ် ၊ ဒါမဲ့ကြက်သားဟင်းစားလည်းကန်စွန်းရွက်ကြော် မပါရင်တော့ သတိတရရှိပြီးဘာလိုနေမှန်းဖြစ်နေမယ်မဟုတ်လား။

ဆိုတော့ သူများအမြင်မှာ ဘယ်သူတွေကပိုကောင်းပိုသာ ပိုချောပြီးပိုပြည့်စုံနေပါစေ၊ ကိုယ့်အမြင်ကိုယ့်အတွေးထဲမှာ လူတစ်ယောက် ဒီလူတစ်ယောက်ရှိနေတယ်ဆိုတာနဲ့တင် ဒီလူနဲ့ချစ်နေရတာနဲ့တင် ပြည့်စုံတယ် အေးမြတယ် ၊ လုံခြုံတယ် ၊ စိတ်အေးချမ်းသာတယ်လို့ခံစားရရင် ဒီလူဟာသင့်ရဲ့အကောင်းဆုံးအရာ ၊ အကောင်းဆုံးပိုင်ဆိုင်မှုတစ်ခုဖြစ်နေပါပြီ၊ သူ့ထက်ကောင်းပါတယ်ဆိုတဲ့လူတွေရှိလာရင်တောင် သင့်အတွက်ကတော့သူ့ထက်ပြည့်စုံတဲ့အရာဆိုတာရှိနိုင်မယ်မထင်ပါဘူး။

သင်တို့မှာရော သင်တို့ရဲ့အကောင်းဆုံးဆိုတဲ့ လူတွေရှိနေပြီလား …ရှိနေရင်တော့ အခုပဲ ဒီစာလေးကိုခေါ်ပြလို်က်ပြီး သူဟာသင့်အတွက်မပြောင်းလဲသောအကောင်းဆုံးအရာဖြစ်ကြောင်းပြောသာပြလိုက်ပါတော့…လူတစ်ယောက်ရဲ့စိတ်ခံစားချက်ကို ထည့်မတွက်ပဲ ဘာတွေများကောင်းနေလို့လဲဆိုပြီးသူများရဲ့ရွေးချယ်မှု၊ သူများတန်ဖိုးထားတဲ့အရာတစ်ခုကို အပုပ်ချကဲ့ရဲ့တာမျိုး မလုပ်မိကြပါစေနဲ့…

360 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.