ကုိယ့္ခ်စ္သူက သူ႔အရင္ေကာင္မေလးနဲ႔ျပန္ျပီးအဆက္အသြယ္ရွိေနတယ္ဆုိရင္ ဘယ္လုိလုပ္သင့္လဲ?

တကယ္လို႔မ်ားကုိယ့္ရဲ ႔ခ်စ္သူက သူ႔ရဲ႔အရင္ေကာင္မေလး၊အရင္ခ်စ္သူနဲ႔စကားေျပာဆိုဆက္ဆံေန တုန္း ဆုိတာသိလုိက္ရရင္ ဘယ္မိန္းကေလးမဆို စိတ္မွာခိုးလိုးခုလုျဖစ္သြားမွာပါပဲ။ အရင္ေကာင္မေလးကို ခ်စ္ေနတုန္းလား။သူ႔ကုိကစားေနတာလား၊အရင္ေကာင္မေလးဆီ
ျပန္သြားေတာ့မွာလားစသျဖင့္ အေၾကာင္းအရာမ်ိဳးစံုကသင့္စိတ္ကုိဒုကၡေပးေနေတာ့မွာပါ။ သံသယဆိုတာသိတဲ႔အတိုင္း တစ္ခါ၀င္ျပီးရင္ ဆက္တုိက္ကုိသံသယ၀င္ေနမိေတာ့တာပါပဲ။ ဒါေပမဲ႔ ေလ့လာခ်က္ေတြအရေတာ့ ခ်စ္သူေကာင္ေလးက သူ႔ရဲ ႔အရင္ေကာင္မေလးနဲ ႔စကားေျပာဆို ဆက္ဆံတယ္ဆိုတာျပတ္သြားၾကေပမဲ႔ သူငယ္ခ်င္းေတြျဖစ္ေနတုန္းပါပဲ။ အဲ့ဒါေၾကာင့္ သူငယ္ခ်င္းေတြအျဖစ္ဆက္ျပီးစကားေျပာဆုိဆက္ဆံေနၾကတာျဖစ္တယ္လို႔သိရပါတယ္။

သူ႔ရဲ ႔အရင္ေကာင္မေလးနဲ႔ အြန္လိုင္းမွာစကားေျပာေနမယ္။တစ္ခါတစ္ေလဖုန္းဆက္ထားေတြ ေတြ႔ရမယ္။စကားေျပာရမယ့္ အေၾကာင္းရင္းမ်ားစြာလည္းရွိႏုိင္ပါတယ္။စိတ္ပူစရာမလိုတာ လည္းျဖစ္ႏုိင္သလုိ စိတ္ပူမယ္ဆိုရင္လည္းစိတ္ပူရမယ့္အေျခအေနေတြေပါ့။ဒါေပမဲ႔ မိန္းကေလးတုိင္းကသူတို႔ခ်စ္သူ အရင္တစ္ေယာက္ကုိသံေယာဇဥ္မျပတ္ေသးမွာ၊ အရင္လူဆီျပန္သြားခ်င္ေနမွာကုိ ထိတ္လန္႔စိုးရိမ္ၾကတာလည္း အျပစ္ေတာ့မဆိုသာပါဘူး။

တကယ္လု႔ိသင့္ခ်စ္သူကသူ႔အရင္ေကာင္မေလးနဲ႔စကားေျပာဆုိေနတုန္း၊ဆက္သြယ္ေနတုန္းပဲလုိ႔သင္သိတဲ႔အခ်ိန္မွာ သင္အေကာင္းဆံုးလုပ္ႏုိင္တဲ႔အရာကသူ႔ကုိ ပြင့္ပြင့္လင္းလင္း ေမးလိုက္ဖုိ႔ပါပဲ။ ပြင့္ပြင့္လင္းလင္းေျပာဆုိဆက္ဆံတာက အဆင္ေျပေခ်ာေမြ႔တဲ႔ခ်စ္သူဆက္ဆံေရး ျဖစ္ဖို႔ အေရးၾကီးဆံုးလုိအပ္ခ်က္တစ္ခုပါ။သူက သူ႔ရဲ ႔အရင္ရည္းစားနဲ႔အြန္လိုင္းမွာ စကားစေျပာျဖစ္ကတည္းက သင့္ကုိေျပာျပမယ္။ဒါမွမဟုတ္ သူတို႔စကားေျပာေနတာကုိ သင့္ကုိလည္းျပန္ျပမယ္ဆုိရင္ ဒါက သူ႔ဘက္က ဘာမွဖံုးကြယ္ထားစရာမရွိဘူး။အရင္ ရည္းစားနဲ႔က သူငယ္ခ်င္းေတြပဲျဖစ္လို႔ စိတ္ပူစရာမရွိဘူးဆုိတဲ႔သေဘာပါပဲ။သူေျပာျပတယ္ဆိုတာကလည္း
ေနာက္က်မွသင္သိသြားရင္ သင္၀မ္းနည္းရမွာစုိးလို႔၊စိတ္အဆင္မေျပမွာစိုးလို႔ သင့္ဘက္က စိုးရိမ္ပူပန္မႈေတြကုိ သူလုပ္ေပးႏုိင္သေလာက္ေျဖေလ်ွာ့ေပးတာပါ။အဲ့ဒါဆိုရင္ေတာ့ သင့္ရဲ႔ ခ်စ္သူကုိယံုၾကည္ေပးလိုက္ပါ။အဲ႔ဒီလုိရွင္းျပေျပာျပေနတဲ႔ၾကားက အရမ္းစုိးရိမ္လြန္၊ သ၀န္ေတြတိုလြန္းျပီးဟုိဘက္မိန္းကေလးကုိသြားေျပာ၊ကုိယ့္ခ်စ္သူကုိလည္းေဒါသေတြထြက္၊ေအာ္ဟစ္ေနမယ္ဆိုရင္ သင္တို႔ရဲ ႔အခ်စ္ေရးမွာ ဆူးေျငွာင့္ခလုတ္တစ္ခုလိုျဖစ္သြားပါလိမ့္မယ္။

သင့္ဘက္က ခံစားခ်က္ေတြကိုတတ္ႏုိင္သေလာက္သိမ္းထားဖုိ႔ကအေကာင္းဆံုးပါ။ စိုးရိမ္ေနတာေတြ၊စိတ္ပူေနတာေတြ၊သ၀န္တုိေနတာေတြကုိ ဖြင့္မထုတ္ပဲခဏေလာက္သိမ္းထားပါ။ မဟုတ္ရင္ဒီအေျခအေနကပုိဆိုးသြားပါလိမ့္မယ္။ခ်စ္သူအေပၚယံုၾကည္မႈ မရွိဘူးဆုိရင္ အဲ႔ဒီကစလို႔တစ္ေလ်ွာက္လံုးဘာပဲလုပ္လုပ္ရန္ျဖစ္ေနရေတာ့မွာပါ။ မယံုၾကည္မႈေတြနဲ ႔ေရွ႔ဆက္သြားရေတာ့မွာပါ။

အဲ႔ဒါေၾကာင့္ Rs တစ္ခုမွာ ပြင့္ပြင့္လင္းလင္းရွိဖုိ႔ကအရမ္းကုိအေရးၾကီးပါတယ္။သူ႔ဘက္က သင့္ကုိပြင့္ပြင့္လင္းလင္းရုိးရိုးသားသားေျပာျပေနတယ္ဆုိရင္ အေပၚမွာေျပာခဲ႔သလိုပဲ သင့္ခ်စ္သူကုိ
ယံုၾကည္မႈေပးထားလိုက္ပါ။သူ႔ဘက္ကရိုးသားမႈမရွိဘူး။သူ႔အရင္ရည္းစားနဲ႔စကားေျပာထားတာလည္း ဖ်က္ထားတယ္၊ဖြက္ထားတယ္၊တစ္ျခားတစ္ေယာက္ကလာေျပာမွ သူ႔အရင္ရည္းစားနဲ ႔ျပန္ျပီးဆက္သြယ္ စကားေျပာဆုိေနတာသိရတယ္ဆိုရင္လည္း တစ္ဖက္မိန္းကေလးကုိ သြားျပီးရမ္းမေနပဲ သင္တို႔ႏွစ္ေယာက္ပဲ ပြင့္ပြင့္လင္းလင္းရင္ဆုိင္ေျဖရွင္းလိုက္တာ အေကာင္းဆံုးပါ။ေဒါသထြက္္ရင္အမွားပါတတ္လို႔ ေခါင္းေအးေအး၊ေသြးေအးေအးနဲ႔ စကားေျပာဆုိေျဖရွင္းဖုိ႔လိုပါတယ္။

Unicode

တကယ်လို့များကိုယ့်ရဲ ့ချစ်သူက သူ့ရဲ့အရင်ကောင်မလေး၊အရင်ချစ်သူနဲ့စကားပြောဆိုဆက်ဆံနေ တုန်း ဆိုတာသိလိုက်ရရင် ဘယ်မိန်းကလေးမဆို စိတ်မှာခိုးလိုးခုလုဖြစ်သွားမှာပါပဲ။ အရင်ကောင်မလေးကို ချစ်နေတုန်းလား။သူ့ကိုကစားနေတာလား၊အရင်ကောင်မလေးဆီ
ပြန်သွားတော့မှာလားစသဖြင့် အကြောင်းအရာမျိုးစုံကသင့်စိတ်ကိုဒုက္ခပေးနေတော့မှာပါ။ သံသယဆိုတာသိတဲ့အတိုင်း တစ်ခါဝင်ပြီးရင် ဆက်တိုက်ကိုသံသယဝင်နေမိတော့တာပါပဲ။ ဒါပေမဲ့ လေ့လာချက်တွေအရတော့ ချစ်သူကောင်လေးက သူ့ရဲ ့အရင်ကောင်မလေးနဲ ့စကားပြောဆို ဆက်ဆံတယ်ဆိုတာပြတ်သွားကြပေမဲ့ သူငယ်ချင်းတွေဖြစ်နေတုန်းပါပဲ။ အဲ့ဒါကြောင့် သူငယ်ချင်းတွေအဖြစ်ဆက်ပြီးစကားပြောဆိုဆက်ဆံနေကြတာဖြစ်တယ်လို့သိရပါတယ်။

သူ့ရဲ ့အရင်ကောင်မလေးနဲ့ အွန်လိုင်းမှာစကားပြောနေမယ်။တစ်ခါတစ်လေဖုန်းဆက်ထားတွေ တွေ့ရမယ်။စကားပြောရမယ့် အကြောင်းရင်းများစွာလည်းရှိနိုင်ပါတယ်။စိတ်ပူစရာမလိုတာ လည်းဖြစ်နိုင်သလို စိတ်ပူမယ်ဆိုရင်လည်းစိတ်ပူရမယ့်အခြေအနေတွေပေါ့။ဒါပေမဲ့ မိန်းကလေးတိုင်းကသူတို့ချစ်သူ အရင်တစ်ယောက်ကိုသံယောဇဉ်မပြတ်သေးမှာ၊ အရင်လူဆီပြန်သွားချင်နေမှာကို ထိတ်လန့်စိုးရိမ်ကြတာလည်း အပြစ်တော့မဆိုသာပါဘူး။

တကယ်လို့သင့်ချစ်သူကသူ့အရင်ကောင်မလေးနဲ့စကားပြောဆိုနေတုန်း၊ဆက်သွယ်နေတုန်းပဲလို့သင်သိတဲ့အချိန်မှာ သင်အကောင်းဆုံးလုပ်နိုင်တဲ့အရာကသူ့ကို ပွင့်ပွင့်လင်းလင်း မေးလိုက်ဖို့ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာက အဆင်ပြေချောမွေ့တဲ့ချစ်သူဆက်ဆံရေး ဖြစ်ဖို့ အရေးကြီးဆုံးလိုအပ်ချက်တစ်ခုပါ။သူက သူ့ရဲ ့အရင်ရည်းစားနဲ့အွန်လိုင်းမှာ စကားစပြောဖြစ်ကတည်းက သင့်ကိုပြောပြမယ်။ဒါမှမဟုတ် သူတို့စကားပြောနေတာကို သင့်ကိုလည်းပြန်ပြမယ်ဆိုရင် ဒါက သူ့ဘက်က ဘာမှဖုံးကွယ်ထားစရာမရှိဘူး။အရင် ရည်းစားနဲ့က သူငယ်ချင်းတွေပဲဖြစ်လို့ စိတ်ပူစရာမရှိဘူးဆိုတဲ့သဘောပါပဲ။သူပြောပြတယ်ဆိုတာကလည်း
နောက်ကျမှသင်သိသွားရင် သင်ဝမ်းနည်းရမှာစိုးလို့၊စိတ်အဆင်မပြေမှာစိုးလို့ သင့်ဘက်က စိုးရိမ်ပူပန်မှုတွေကို သူလုပ်ပေးနိုင်သလောက်ဖြေလျှော့ပေးတာပါ။အဲ့ဒါဆိုရင်တော့ သင့်ရဲ့ ချစ်သူကိုယုံကြည်ပေးလိုက်ပါ။အဲ့ဒီလိုရှင်းပြပြောပြနေတဲ့ကြားက အရမ်းစိုးရိမ်လွန်၊ သဝန်တွေတိုလွန်းပြီးဟိုဘက်မိန်းကလေးကိုသွားပြော၊ကိုယ့်ချစ်သူကိုလည်းဒေါသတွေထွက်၊အော်ဟစ်နေမယ်ဆိုရင် သင်တို့ရဲ ့အချစ်ရေးမှာ ဆူးငြှောင့်ခလုတ်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်။

သင့်ဘက်က ခံစားချက်တွေကိုတတ်နိုင်သလောက်သိမ်းထားဖို့ကအကောင်းဆုံးပါ။ စိုးရိမ်နေတာတွေ၊စိတ်ပူနေတာတွေ၊သဝန်တိုနေတာတွေကို ဖွင့်မထုတ်ပဲခဏလောက်သိမ်းထားပါ။ မဟုတ်ရင်ဒီအခြေအနေကပိုဆိုးသွားပါလိမ့်မယ်။ချစ်သူအပေါ်ယုံကြည်မှု မရှိဘူးဆိုရင် အဲ့ဒီကစလို့တစ်လျှောက်လုံးဘာပဲလုပ်လုပ်ရန်ဖြစ်နေရတော့မှာပါ။ မယုံကြည်မှုတွေနဲ ့ရှေ့ဆက်သွားရတော့မှာပါ။

အဲ့ဒါကြောင့် Rs တစ်ခုမှာ ပွင့်ပွင့်လင်းလင်းရှိဖို့ကအရမ်းကိုအရေးကြီးပါတယ်။သူ့ဘက်က သင့်ကိုပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပြောပြနေတယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ သင့်ချစ်သူကို
ယုံကြည်မှုပေးထားလိုက်ပါ။သူ့ဘက်ကရိုးသားမှုမရှိဘူး။သူ့အရင်ရည်းစားနဲ့စကားပြောထားတာလည်း ဖျက်ထားတယ်၊ဖွက်ထားတယ်၊တစ်ခြားတစ်ယောက်ကလာပြောမှ သူ့အရင်ရည်းစားနဲ ့ပြန်ပြီးဆက်သွယ် စကားပြောဆိုနေတာသိရတယ်ဆိုရင်လည်း တစ်ဖက်မိန်းကလေးကို သွားပြီးရမ်းမနေပဲ သင်တို့နှစ်ယောက်ပဲ ပွင့်ပွင့်လင်းလင်းရင်ဆိုင်ဖြေရှင်းလိုက်တာ အကောင်းဆုံးပါ။ဒေါသထွက််ရင်အမှားပါတတ်လို့ ခေါင်းအေးအေး၊သွေးအေးအေးနဲ့ စကားပြောဆိုဖြေရှင်းဖို့လိုပါတယ်။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.