တစ္စံုတစ္ေယာက္ကသင္႔ကိုလမ္းခြဲစကားဆုိလာတဲ႔အခါ…

လူအနည္းနဲ႕အမ်ားေတာ႔ခံစားဖူးျကတဲ႔ျဖစ္စဥ္တစ္ခုပါ။ သိပ္ဆန္းျကယ္တဲ႔အရာေတာ႔ မဟုတ္ပင္မဲ႔ သိပ္နာက်င္ခံစားရတဲ႔ အရာလို႕ေျပာရင္ေတာ႔မမွားနုိင္ပါဘူး။ အထူးသျဖင္႔ကိုယ္ခ်စ္ရတဲ႔သူတစ္ေယာက္ ကိုယ္မေမ်ွာ္လင္႔ထားတဲ႔သူတစ္ေယာက္ဆီက ဒီလုိ စကားျကားရတဲ႔အခါေပါ႔ ။ ဆုိေတာ႔ ကိုယ္နဲ႕ခ်စ္သူရည္စားျဖစ္ေနတဲ႔သူတစ္ေယာက္ဆီကလမ္းခြဲစကားဆုိလာတဲ႔အခါ အေကာင္းဆံုးလုပ္သင္႔တဲ႔အရာေတြကဘာေတြလဲ…
(၁) သင္႔ဘက္ကအမွားရွိလို႕လမ္းခြဲစကားဆိုသလားဆိုတာသိေအာင္လုပ္ပါ
သင္႔ခ်စ္သူကသင္႔ကိုလမ္းခြဲစကားဆိုလာတဲ႔အခါသူလမ္းခြဲရတဲ႔အေျကာင္းအရင္းဟာသင္႔အမွားတစ္ခုေျကာင္႔လား ၊ သင္မေကာင္းလို႕လား သင္ဘာေတြတာ၀န္မေက် အလိုက္မသိလုိ႕လား ဆိုတဲ႔အေျကာင္းအရင္းေတြကို စဥ္းစားပါ ၊ ေမးျကည္႔႔ပါ။ ေမးျကည္႔စဥ္းစားျကည္႔တဲ႔အခါ ကိုယ္႔ဘက္က အမွားမရွိတာေသခ်ာရင္ လမ္းခြဲဖို႕ကိုသေဘာတူလုိက္ပါ။ ေသခ်ာပါတယ္ သူသင္႔အေပၚ
စိတ္မရွိေတာ႔ဘူးဆိုတာ။
(၂) အျကိမ္ျကိမ္မေမးပါနဲ႕
ဘာလို႕လမ္းခြဲတာလည္း ဘာလို႕ထားသြားတာလည္း ဆိုျပီး မ်က္နွာငယ္ေလးနဲ႕အျကိမ္ျကိမ္အခါခါ မေမးပါနဲ႕(ကိုယ္ဘက္ကမွန္ေအာင္ေနခဲ႔တယ္ဆိုရင္ေပါ႔) ။ တကယ္ကိုယ္႔အေပၚခ်စ္တဲ႔သူဆိုတာ လမ္းခြဲစကားေျပာဖို႕ ပါးစပ္ကေတာင္ထြက္မွာမဟုတ္မလုိ စိတ္အလိုမက်လို႕ေျပာခဲ႔မိရင္ေတာင္ မျကာခင္မွာ ျပန္ရုတ္သိမ္းတတ္တဲ႔အမ်ိဳးပါ။ ဒါေျကာင္႔ သူ႕ဘက္က စိတ္တိုျပီးခဏတာ ေျပာတာမ်ိဳး
မဟုတ္ပဲ အတည္တက်ေလးေလးနက္နက္ေျပာလာရင္ ေရွ႕ဆက္မတိုးပဲ လမ္းခြဲေပးလုိက္ပါ။
(၃) ျပန္စဥ္းစားဖုိ႕ညိွႏိႈင္းပါ၊ မေတာင္းပန္ပါနဲ႕
ျပန္ညိွႏႈိုင္းပါ ၊ အခ်ိန္ျကာျကာခ်စ္ခဲ႔ျကတဲ႔ ခ်စ္သူရည္းစားေတြပဲျဖစ္ျဖစ္ ခဏေလးခ်စ္ခဲ႔ျကတာပဲျဖစ္ျဖစ္ သံေယာဇဥ္ေတြရွိခဲ႔ျကမွာပါ ၊ ဆုိေတာ႔ ဒီသံေယာဇဥ္ေတြကို အေျကာင္းျပဳျပီး ျပန္စဥ္းစားဖုိ႕ျပန္ေတြးဖုိ႕ေျပာပါ။ဒါပင္မဲ႔ကိုယ္မမွားခဲ႔တဲ႔အရာေတြအတြက္ ေတာင္းပန္ပါတယ္ ျပန္လာပါ လို႕မေျပာမိပါေစနဲ႕။ မာနျကီးခိုင္းတာမဟုတ္ပင္မဲ႔ ကိုယ္ရဲ႕ေတာင္းပန္ပါတယ္ဆုိတဲ႔စကားတစ္ခြန္းေျကာင္႔ကိုယ္႔ဆီျပန္လာတဲ႔အခါ အရင္ကထက္ပိုျပီးအနုိင္ပိုင္းတာမ်ိဳး၊ တစ္ဦးနဲ႕တစ္ဦးေလးေလးစားစားခ်စ္တာမ်ိဳးမျဖစ္လာနုိင္ေတာ႔လို႕႔ပါပဲ။ ျပန္စဥ္းစားလို႕ကိုယ္႔စိတ္ကိုသူနားလည္ရင္းျပန္လာတာကိုသာ
ေစာင္႔႔ပါ။
(၄) တစ္ဖက္လူရဲ႕အက်င္႔ကိုသိေနပါေစ
ဒါကေတာ႔ရွင္းပါတယ္။ ကိုယ္႔ခ်စ္သူအေျကာင္းသိေနပါေစ၊ သူကစျပီးေျပာေနတာလား စိတ္ဆိုးျပီးေျပာမိတာလား တကယ္စိတ္ရင္းနဲ႕ေျပာေနတာလားခြဲျခားတတ္ပါေစ။ တစ္ခါတစ္ရံစိတ္တိုလို႕ေျပာမိလိုက္ရင္းကိုယ္ကတကယ္ထင္သြားတဲ႔အခါ မလိုအပ္ပဲတစ္ေယာက္နဲ႕တစ္ေယာက္ေ၀းကြာသြားတတ္ျကတာမလို႕ လမ္းခြဲစကားဆိုပင္မဲ႔စိတ္ရင္းလား ခဏေသြးပူျပီးေျပာတာလား ဆိုတာေလးခြဲျခားတတ္ပါေစ။
(၅) မဆီေလ်ာ္တဲ႔အေျကာင္းျပခ်က္ေတြကို ရယ္စရာမျဖစ္ဥေပကၡာျပဳလုိုက္ပါ
ဒါကေတာ႔ အေပၚကအခ်က္ေတြအားလံုးလုပ္ျပီးတဲ႔အခ်ိန္ ကိုယ္႔ဘက္ကဘာအမွားမွမရွိပဲ ေရာက္တက္ရာရာ အေျကာင္းျပခ်က္ေတြနဲ႕လမ္းခြဲစကားဆုိလာတဲ႔အခါ သူ႕ရဲ႕အက်ိဳးအေျကာင္းမဆီေလ်ာ္တဲ႔ အေျကာင္းျပခ်က္ေတြကို ရယ္စရာအျဖစ္သတ္မွတ္ျပီးလမ္းခြဲလိုက္ပါ။လိုက္ျပီးျပဳျပင္မေနပါနဲ႕။ သင္႕ကိုတကယ္ခ်စ္တဲ႔သူဆုိတာ သင္႔အားနည္းခ်က္ေတြကို ေဘးကေနကူညီေပးရင္းလမ္းတည္႔ေအာင္ ျပဳလုပ္ေပးခ်င္သူပါ။ ဒီလုိမဟုတ္ပဲသင္႔ရဲ႕အားနည္းခ်က္ေျကာင္႔ ဒါမွမဟုတ္ သင္နဲ႕သူမေပါင္းစည္းနုိင္ေလာက္ဘူးဆုိတဲ႔ ခပ္ေပါေပါ အေျကာင္းျပခ်က္ေတြေျကာင္႔လမ္းခြဲစကားေျပာရင္ေတာ႔ ခပ္
ျပံဳးျပံဳးသာလမ္းခြဲေပးလုိက္ပါ။
စေနတာ စိတ္တိုလို႕ေျပာေနတာမဟုတ္ပဲ အတည္တက်လမ္းခြဲစကားဆုိလာတဲ႔အခါ ငါ႔ကိုလမ္းခြဲရက္တယ္ဆုိျပီးအခ်ိန္ျကာျကာနာျကည္းမေနပဲ ဒီ႔ ထက္ေကာင္းတဲ႔ဘ၀ပိုင္ဆုိင္နုိင္ဖို႕လက္ရွိပိုင္ဆုိင္ထားတာကိုစြန္႕လႊတ္လိုက္ရပါလားလို႕ေတြးျပီး သင္႔ကို လမ္းခြဲစကားေျပာခဲ႔တဲ႔သူေတြကို ေက်းဇူးတင္ျပံဳးျပံဳးျပနုိင္ေလာက္တဲ႔ထိ ျကိုးစားျပီး အေကာင္းဆံုးရွင္သန္ေနထုိင္သြားနုိင္ျကပါေစ…

Unicode

လူအနည်းနဲ့အများတော့ခံစားဖူးကြတဲ့ဖြစ်စဉ်တစ်ခုပါ။ သိပ်ဆန်းကြယ်တဲ့အရာတော့ မဟုတ်ပင်မဲ့ သိပ်နာကျင်ခံစားရတဲ့ အရာလို့ပြောရင်တော့မမှားနိုင်ပါဘူး။ အထူးသဖြင့်ကိုယ်ချစ်ရတဲ့သူတစ်ယောက် ကိုယ်မမျှော်လင့်ထားတဲ့သူတစ်ယောက်ဆီက ဒီလို စကားကြားရတဲ့အခါပေါ့ ။ ဆိုတော့ ကိုယ်နဲ့ချစ်သူရည်စားဖြစ်နေတဲ့သူတစ်ယောက်ဆီကလမ်းခွဲစကားဆိုလာတဲ့အခါ အကောင်းဆုံးလုပ်သင့်တဲ့အရာတွေကဘာတွေလဲ…
(၁) သင့်ဘက်ကအမှားရှိလို့လမ်းခွဲစကားဆိုသလားဆိုတာသိအောင်လုပ်ပါ
သင့်ချစ်သူကသင့်ကိုလမ်းခွဲစကားဆိုလာတဲ့အခါသူလမ်းခွဲရတဲ့အကြောင်းအရင်းဟာသင့်အမှားတစ်ခုကြောင့်လား ၊ သင်မကောင်းလို့လား သင်ဘာတွေတာဝန်မကျေ အလိုက်မသိလို့လား ဆိုတဲ့အကြောင်းအရင်းတွေကို စဉ်းစားပါ ၊ မေးကြည့့်ပါ။ မေးကြည့်စဉ်းစားကြည့်တဲ့အခါ ကိုယ့်ဘက်က အမှားမရှိတာသေချာရင် လမ်းခွဲဖို့ကိုသဘောတူလိုက်ပါ။ သေချာပါတယ် သူသင့်အပေါ်
စိတ်မရှိတော့ဘူးဆိုတာ။
(၂) အကြိမ်ကြိမ်မမေးပါနဲ့
ဘာလို့လမ်းခွဲတာလည်း ဘာလို့ထားသွားတာလည်း ဆိုပြီး မျက်နှာငယ်လေးနဲ့အကြိမ်ကြိမ်အခါခါ မမေးပါနဲ့(ကိုယ်ဘက်ကမှန်အောင်နေခဲ့တယ်ဆိုရင်ပေါ့) ။ တကယ်ကိုယ့်အပေါ်ချစ်တဲ့သူဆိုတာ လမ်းခွဲစကားပြောဖို့ ပါးစပ်ကတောင်ထွက်မှာမဟုတ်မလို စိတ်အလိုမကျလို့ပြောခဲ့မိရင်တောင် မကြာခင်မှာ ပြန်ရုတ်သိမ်းတတ်တဲ့အမျိုးပါ။ ဒါကြောင့် သူ့ဘက်က စိတ်တိုပြီးခဏတာ ပြောတာမျိုး
မဟုတ်ပဲ အတည်တကျလေးလေးနက်နက်ပြောလာရင် ရှေ့ဆက်မတိုးပဲ လမ်းခွဲပေးလိုက်ပါ။
(၃) ပြန်စဉ်းစားဖို့ညှိနှိုင်းပါ၊ မတောင်းပန်ပါနဲ့
ပြန်ညှိနှိုုင်းပါ ၊ အချိန်ကြာကြာချစ်ခဲ့ကြတဲ့ ချစ်သူရည်းစားတွေပဲဖြစ်ဖြစ် ခဏလေးချစ်ခဲ့ကြတာပဲဖြစ်ဖြစ် သံယောဇဉ်တွေရှိခဲ့ကြမှာပါ ၊ ဆိုတော့ ဒီသံယောဇဉ်တွေကို အကြောင်းပြုပြီး ပြန်စဉ်းစားဖို့ပြန်တွေးဖို့ပြောပါ။ဒါပင်မဲ့ကိုယ်မမှားခဲ့တဲ့အရာတွေအတွက် တောင်းပန်ပါတယ် ပြန်လာပါ လို့မပြောမိပါစေနဲ့။ မာနကြီးခိုင်းတာမဟုတ်ပင်မဲ့ ကိုယ်ရဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်ကိုယ့်ဆီပြန်လာတဲ့အခါ အရင်ကထက်ပိုပြီးအနိုင်ပိုင်းတာမျိုး၊ တစ်ဦးနဲ့တစ်ဦးလေးလေးစားစားချစ်တာမျိုးမဖြစ်လာနိုင်တော့လို့့ပါပဲ။ ပြန်စဉ်းစားလို့ကိုယ့်စိတ်ကိုသူနားလည်ရင်းပြန်လာတာကိုသာ
စောင့့်ပါ။
(၄) တစ်ဖက်လူရဲ့အကျင့်ကိုသိနေပါစေ
ဒါကတော့ရှင်းပါတယ်။ ကိုယ့်ချစ်သူအကြောင်းသိနေပါစေ၊ သူကစပြီးပြောနေတာလား စိတ်ဆိုးပြီးပြောမိတာလား တကယ်စိတ်ရင်းနဲ့ပြောနေတာလားခွဲခြားတတ်ပါစေ။ တစ်ခါတစ်ရံစိတ်တိုလို့ပြောမိလိုက်ရင်းကိုယ်ကတကယ်ထင်သွားတဲ့အခါ မလိုအပ်ပဲတစ်ယောက်နဲ့တစ်ယောက်ဝေးကွာသွားတတ်ကြတာမလို့ လမ်းခွဲစကားဆိုပင်မဲ့စိတ်ရင်းလား ခဏသွေးပူပြီးပြောတာလား ဆိုတာလေးခွဲခြားတတ်ပါစေ။
(၅) မဆီလျော်တဲ့အကြောင်းပြချက်တွေကို ရယ်စရာမဖြစ်ဥပေက္ခာပြုလိုုက်ပါ
ဒါကတော့ အပေါ်ကအချက်တွေအားလုံးလုပ်ပြီးတဲ့အချိန် ကိုယ့်ဘက်ကဘာအမှားမှမရှိပဲ ရောက်တက်ရာရာ အကြောင်းပြချက်တွေနဲ့လမ်းခွဲစကားဆိုလာတဲ့အခါ သူ့ရဲ့အကျိုးအကြောင်းမဆီလျော်တဲ့ အကြောင်းပြချက်တွေကို ရယ်စရာအဖြစ်သတ်မှတ်ပြီးလမ်းခွဲလိုက်ပါ။လိုက်ပြီးပြုပြင်မနေပါနဲ့။ သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင့်အားနည်းချက်တွေကို ဘေးကနေကူညီပေးရင်းလမ်းတည့်အောင် ပြုလုပ်ပေးချင်သူပါ။ ဒီလိုမဟုတ်ပဲသင့်ရဲ့အားနည်းချက်ကြောင့် ဒါမှမဟုတ် သင်နဲ့သူမပေါင်းစည်းနိုင်လောက်ဘူးဆိုတဲ့ ခပ်ပေါပေါ အကြောင်းပြချက်တွေကြောင့်လမ်းခွဲစကားပြောရင်တော့ ခပ်
ပြုံးပြုံးသာလမ်းခွဲပေးလိုက်ပါ။
စနေတာ စိတ်တိုလို့ပြောနေတာမဟုတ်ပဲ အတည်တကျလမ်းခွဲစကားဆိုလာတဲ့အခါ ငါ့ကိုလမ်းခွဲရက်တယ်ဆိုပြီးအချိန်ကြာကြာနာကြည်းမနေပဲ ဒီ့ ထက်ကောင်းတဲ့ဘဝပိုင်ဆိုင်နိုင်ဖို့လက်ရှိပိုင်ဆိုင်ထားတာကိုစွန့်လွှတ်လိုက်ရပါလားလို့တွေးပြီး သင့်ကို လမ်းခွဲစကားပြောခဲ့တဲ့သူတွေကို ကျေးဇူးတင်ပြုံးပြုံးပြနိုင်လောက်တဲ့ထိ ကြိုးစားပြီး အကောင်းဆုံးရှင်သန်နေထိုင်သွားနိုင်ကြပါစေ…

305 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.