ဘယ်အချိန်ကြည့်ကြည့် လှပြီး စမတ်ကျနေတဲ့ သူမရဲ့လျှို့ ဝှက်ချက်က ဘာများလဲ

မင်းသမီး Jun Ji Hyun ဆိုတာနဲ့ ၂ဝဝ၁ခုနှစ်မှာထွက်ရှိခဲ့တဲ့ My Sassy Girl ရုပ်ရှင်လေးကို အားလုံးသိမယ်ထင်ပါတယ်။ ဒီကားလေးနဲ့ သူမကို Gianna Jun အဖြစ်ပရိတ်သတ်တွေစပြီးသတိထားမိခဲ့တာကိုး။

အောင်မြင်ချက်ကတော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ ၊ နီပေါနဲ့ အခြားနိုင်ငံအများစုမှာ ပြန်လည်ရိုက်ကူးပြီး ဖန်တီးရတဲ့အထိပါပဲ။ My Sassy Girl ပြီးတည်းက သူမပါတဲ့ ဇာတ်ကားတွေ ၊ စီးရီးတွေလည်း လူကြိုက်များခဲ့ပါတယ်။

အခုဆို Jun Ji Hyunက ကလေးနှစ်ယောက်အမေဆိုတာလည်း သိပြီးမှာပါ။ လှချက်ကတော့
အပျိုတောင် အရှုံးပေးရတယ်။ My Sassy Girl နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၇က ထွက်ရှိထားတဲ့ The Legend of the Blue Sea ကိုယှဉ်ကြည့်လိုက်တဲ့အခါ သူမပုံစံလေးက အရင်ကထက်တောင်
ပိုလှနေသလိုလို။

မကြာသေးခင်က ဗီဒီယိုတစ်ခုမှာ သူမရဲ့ ခန္ဓာကိုယ်အလှ ထိန်းသိမ်းထားတဲ့ လျှို့ ဝှက်ချက်ကို ပြောပြသွားခဲ့ပါတယ်။ အမြဲတမ်း သူမစားတဲ့ အစားစာတွေအပေါ် အာရုံစိုက်တယ်လို့ ပြောပါတယ်။ ခန္ဓာကိုယ်အနေထားကို အမြဲဂရုစိုက်တယ်။ နေရတာထိုင်ရတာ သက်တောင့်သက်သာရှိဖို့ကို သူမပိုအလေးပေးပါတယ်။

အနုပညာ မောင်နှမဖြစ်တဲ့ Lee Min Ho ကိုယ်တိုင်က သူမရဲ့နေထိုင်မှုပုံစံ ၊ ကျန်းမာရေးလိုက်
စားပုံနဲ့ လေ့ကျင့်ခန်းကျင့်စဉ်တွေကို တော်တော်သဘောကျကြောင်း ဝန်ခံခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ဖို့ရှိတာတောင် ဘယ်တော့မှ လေ့ကျင့်ခန်းလုပ်ဖို့ မပျက်ကွက်ခဲ့ဘူးတဲ့။

ရိုက်ကွင်းမရှိတဲ့နေ့တွေ Lee Min Ho ကတော့ အေးဆေးအနားယူပေမယ့် သူမကတော့ လေ့ကျင့်ခန်းလုပ်မပျက်ဘူး။ ဒီလို ထက်သန်တဲ့ စိတ်ဓာတ်ကြောင့်လည်း ဒီလောက်လှတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားနိုင်တာပေါ့။ အဓိကကတော့ မနက်တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစားသောက်ဆင်ခြင်ရင် ၃လအတွင်း ပြောင်းလဲနိုင်တယ်ဆိုတာ သူမက သက်သေပြထားပါတယ်။ ပရိတ်သတ်တွေကိုလည်း လှစေချင်လို့ သူမရဲ့လျှို့ ဝှက်ချက်လေးကို ပြောလိုက်ပြီနော်။

Related image

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.