ပရိသတ္ေတြကုိ ဒီလုိစိတ္မေကာင္းျဖစ္ေအာင္မလုပ္သင့္ပါ…😣

ပရိသတ္ေတြအခုမွအားက်လို႔ေကာင္းေနတုန္း အႏုပညာရွင္စုံတြဲေလးကေတာ့ စိတ္မေကာင္း ျဖစ္ေအာင္ လုပ္ခဲ႔ျပန္ပါျပီ။နာမည္ေက်ာ္အႏုပညာရွင္စံုတြဲေလးျဖစ္တဲ႔  Lee Dong Wook နဲ႔ Suzy တုိ႔လမ္းခြဲလိုက္ၾကပါျပီတဲ႔။ဒိတ္လုပ္ေနေၾကာင္းအတည္ျပဳေၾကညာျပီးတာ ၄လေလာက္ ပဲရွိေသးေပမဲ႔ သူတို႔ႏွစ္ေယာက္က အရင္တုန္းကလည္း အတူတူေလွ်ာက္သြား ေလ်ွာက္လာခဲ႔ၾကေတာ့ ေလးလမကတဲ႔သံေယာဇဥ္ေတြရွိပါတယ္။

Image result for Lee Dong Wook and Suzy

သူတို႔စုံတြဲနဲ႔ရင္းႏွီးသူတစ္ေယာက္ရဲ႔ေျပာျပခ်က္အရ သူတို႔ႏွစ္ေယာက္ဟာ ရုပ္ရွင္ရိုက္ကူးေရး ေတြနဲ႔အလုပ္ရႈပ္ေနျပီးတစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးႏုိင္တဲ႔အတြက္ ေတြ႔လည္းမေတြ႔ႏုိင္ပဲ အလိုလိုလမ္းခြဲျပီးသားျဖစ္သြားၾကတာပါတဲ႔။ဒါေပမဲ႔သူငယ္ခ်င္းေတြအျဖစ္ေတာ့ရွိေနပါေသးတယ္လို႔သိရပါတယ္။စီနီယာနဲ႔ဂ်ဴနီယာအျဖစ္ေတာ့သူတုိ႔က ဆက္ဆံေျပာဆိုသြားဦးမွာျဖစ္ပါတယ္။

လမ္းခြဲတဲ႔သတင္းနဲ႔ပတ္သက္ျပီးေတာ့ သူတို႔ရဲ ႔ေအဂ်င္စီေတြျဖစ္တဲ႔ JYP Entertainment နဲ႔ King Kong တုိ႔က “မ်ားျပားလွတဲ႔အလုပ္အခ်ိန္ဇယားေတြေၾကာင့္ သူတို႔က အလုိလုိလမ္းခြဲျပီးသားျဖစ္သြားၾကပါတယ္။သူတို႔လမ္းခြဲလုိက္ၾကျပီဆိုတာအမွန္ပါပဲ။ဒါေပမဲ႔ သူငယ္ခ်င္းေတြလိုေကာင္းမြန္တဲ႔ဆက္ဆံေရးမ်ိဳးက်န္ရွိေနတုန္းပါပဲ”လုိ႔ အတည္ျပဳေျပာၾကားခဲ႔ပါတယ္။

သူတို႔က တစ္ေယာက္အေၾကာင္းကိုတစ္ေယာက္ေလ့လာေနဆဲကာလမွာ ပရိသတ္ေတြဆီက ဒိတ္သတင္းေကာလဟာလထြက္ရွိလာခဲ႔တာျဖစ္ျပီး ေနာက္ေတာ့သူတို႔တြဲေနျပီ ဆိုတဲ႔အေၾကာင္းအတည္ျပဳ၀န္ခံခဲ႔တာျဖစ္ပါတယ္။အခုလက္ရွိမွာေတာ့မင္းသားေခ်ာ Lee Dong Wook က JTBC drama ရဲ ႔Life ဆိုတဲ႔ဇာတ္ကားကုိ Jo Seung Woo နဲ႔တြဲဖက္ရုိက္ကူးေနျပီး Suzy ကေတာ့ မင္းသားေခ်ာ Lee Seung Gi နဲ႔တြဲဖက္ျပီး SBS blockbuster drama ျဖစ္တဲ႔
Vagabond ဆုိတဲ႔ဇာတ္ကားကုိရိုက္ကူးေနတယ္လုိ႔သိရပါတယ္။သူတုိ႔ရဲ ႔လမ္းခြဲေၾကာင္း သတင္းၾကားျပီး ပရိသတ္ေတြကေတာ့စိတ္မေကာင္းျဖစ္ေနေလရဲ႔ 😥

Unicode

ပရိသတ်တွေအခုမှအားကျလို့ကောင်းနေတုန်း အနုပညာရှင်စုံတွဲလေးကတော့ စိတ်မကောင်း ဖြစ်အောင် လုပ်ခဲ့ပြန်ပါပြီ။နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ Lee Dong Wook နဲ့ Suzy တို့လမ်းခွဲလိုက်ကြပါပြီတဲ့။ဒိတ်လုပ်နေကြောင်းအတည်ပြုကြေညာပြီးတာ ၄လလောက် ပဲရှိသေးပေမဲ့ သူတို့နှစ်ယောက်က အရင်တုန်းကလည်း အတူတူလျှောက်သွား လျှောက်လာခဲ့ကြတော့ လေးလမကတဲ့သံယောဇဉ်တွေရှိပါတယ်။

သူတို့စုံတွဲနဲ့ရင်းနှီးသူတစ်ယောက်ရဲ့ပြောပြချက်အရ သူတို့နှစ်ယောက်ဟာ ရုပ်ရှင်ရိုက်ကူးရေး တွေနဲ့အလုပ်ရှုပ်နေပြီးတစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်တဲ့အတွက် တွေ့လည်းမတွေ့နိုင်ပဲ အလိုလိုလမ်းခွဲပြီးသားဖြစ်သွားကြတာပါတဲ့။ဒါပေမဲ့သူငယ်ချင်းတွေအဖြစ်တော့ရှိနေပါသေးတယ်လို့သိရပါတယ်။စီနီယာနဲ့ဂျူနီယာအဖြစ်တော့သူတို့က ဆက်ဆံပြောဆိုသွားဦးမှာဖြစ်ပါတယ်။

လမ်းခွဲတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ ့အေဂျင်စီတွေဖြစ်တဲ့ JYP Entertainment နဲ့ King Kong တို့က “များပြားလှတဲ့အလုပ်အချိန်ဇယားတွေကြောင့် သူတို့က အလိုလိုလမ်းခွဲပြီးသားဖြစ်သွားကြပါတယ်။သူတို့လမ်းခွဲလိုက်ကြပြီဆိုတာအမှန်ပါပဲ။ဒါပေမဲ့ သူငယ်ချင်းတွေလိုကောင်းမွန်တဲ့ဆက်ဆံရေးမျိုးကျန်ရှိနေတုန်းပါပဲ”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့က တစ်ယောက်အကြောင်းကိုတစ်ယောက်လေ့လာနေဆဲကာလမှာ ပရိသတ်တွေဆီက ဒိတ်သတင်းကောလဟာလထွက်ရှိလာခဲ့တာဖြစ်ပြီး နောက်တော့သူတို့တွဲနေပြီ ဆိုတဲ့အကြောင်းအတည်ပြုဝန်ခံခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့မင်းသားချော Lee Dong Wook က JTBC drama ရဲ ့Life ဆိုတဲ့ဇာတ်ကားကို Jo Seung Woo နဲ့တွဲဖက်ရိုက်ကူးနေပြီး Suzy ကတော့ မင်းသားချော Lee Seung Gi နဲ့တွဲဖက်ပြီး SBS blockbuster drama ဖြစ်တဲ့
Vagabond ဆိုတဲ့ဇာတ်ကားကိုရိုက်ကူးနေတယ်လို့သိရပါတယ်။သူတို့ရဲ ့လမ်းခွဲကြောင်း သတင်းကြားပြီး ပရိသတ်တွေကတော့စိတ်မကောင်းဖြစ်နေလေရဲ့ 😥

159 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.