Crush ေလးကုိ အထာက်က်ဆြဲေဆာင္ၾကမယ္…💜

ဒီစာကိုသင္ဖတ္ေနျပီဆုိရင္ေတာ့ ခရက္ရွ္ေလးရဲ ႔စိတ္၀င္စားမႈကုိရေတာ့မွာလို႔သိထား လုိက္ပါ။ကုိယ္သေဘာက်ရတဲ႔လူနဲ႔အျပန္အလွန္စကားေတြေျပာေနေပမဲ႔ ဘာမွစိတ္၀င္စားဖုိ႔ မေကာင္းရင္ သူက ကုိယ့္အေပၚမွာလည္းစိတ္၀င္စားမႈေတြထပ္ျပီးေပၚလာမွာမဟုတ္ပါဘူးေနာ္။ တမူထူးျခားတဲ႔က်ီစယ္စကားေလးေတြ၊ဆြဲေဆာင္မႈေလးေတြရွိမွသာ စကားေျပာရတာေပ်ာ္ျပီး
ေန႔တုိင္းေန႔တုိင္းသူနဲ႔ပဲေျပာခ်င္စိတ္ေပၚလာမွာမဟုတ္လား။”ရံုးကျပန္ေရာက္ျပီလား၊ထမင္းစားျပီးျပီလား၊ဘယ္သြားလဲ၊ဘာလုပ္ေနလဲ”ဆုိျပီးေန႔တုိင္း ဒါပဲေမးေနလုိ႔ကေတာ့ So Boring ပါ။ သင့္အေပၚစိတ္၀င္စားခ်င္စိတ္ေတာင္ေပ်ာက္လုနီးပါးျဖစ္ပါလိ့မ္မယ္။

ဒီစာက မိန္းကေလးေရာ၊ေယာက်္ားေလးေတြအတြက္ပါ Crush ေလးကုိယ့္ဘက္ပါလာေအာင္၊ ကုိယ့္အေပၚစိတ္၀င္စားလာေအာင္ၾကိဳးစားဖုိ႔ အသံုး၀င္ပါတယ္။ကိုယ္သေဘာက်တဲ႔သူက ကုိယ့္ကုိျပန္ျပီးေၾကြလာေအာင္ဘယ္လိုလုပ္ရမလဲဆုိတဲ႔ေခါင္းစဥ္နဲ႔အၾကံေပးခ်က္ေတြကုိလည္း သင္ျမင္ေတြ႔ဖူးမွာပါ (သင့္မွာသာ ခရက္ရွ္ရွိတယ္ဆုိရင္ အဲ႔စာကုိဖတ္မိမွာလည္းမလြဲပါဘူး)။ ဒီတစ္ခါေတာ့ အဲ႔ဒီထက္ျမင့္သြားပါျပီ။ဘယ္လိုေျပာရမလဲ ။အခုေျပာျပမယ့္နည္းလမ္းေလးေတြက အထာက်တယ္။ေခတ္မီတယ္၊ဒါေပမဲ႔ ကုိယ္သူ႔အေပၚခရက္ရွ္ေနတယ္ဆုိတာလည္းမသိသာဘူး။ ဒါ့အျပင္ သူကုိယ့္အေပၚစိတ္၀င္စားလာမယ့္ႏႈန္းကလည္း ၂ဆေလာက္ျမင့္လာမယ္ေပါ့ ။
ကဲ ဟုတ္ပါ့မလားလို႔ေတြးေနတာေတြရပ္ျပီး စာေလးဆက္ဖတ္ၾကည့္လိုက္ပါဦး

၁)အေကာင္းျမင္စကားေလးေတြေျပာပါ
ဒီေလာကၾကီးထဲမွာ တျဖည္းျဖည္းနဲ႔အေကာင္းျမင္သမားေတြနည္းလာျပီး တစ္ေယာက္ကုိ တစ္ေယာက္ မယံုၾကည္မႈေတြနဲ႔ဆက္ဆံေျပာေနၾကတာပါ။ဒါေပမဲ႔ သင္က သင့္ရဲ ႔အေကာင္းျမင္ စိတ္ေလးကုိသူ႔ကုိဖြင့္ဟျပလိုက္မယ္ဆုိရင္ သူ႔ဘက္က သင္ဟာ ဘာမဆိုအေကာင္းျမင္စိတ္ရွိသူ၊ စိတ္သေဘာထားၾကည္လင္သူတစ္ေယာက္ရယ္လုိ႔သူ႔စိတ္ထဲမွာ သတိထားျမင္မိသြားပါလိမ့္မယ္။ အဲ႔ဒီလိုဖြင့္ဟျပဖုိ႔လည္း အမ်ားၾကီးေျပာစရာမလိုပါဘူး။ဥပမာ ရာသီဥတုနဲ႔သက္ဆုိင္တာပဲ ဆုိပါေတာ့။သူမ်ားေတြကမုိးေတြရြာေနလုိ႔စိတ္ပ်က္ေနရင္ေတာင္သင္က မုိးစက္ေလးေတြက်တာ အရမ္းလွတယ္၊မိုးရြာေတာ့ စိတ္ေတြေအးခ်မး္သြားသလိုပဲတို႔ေျပာတာမ်ိဳးေပါ့။

၂)မေတာ္တဆလိုလို စာပို႔ၾကည့္ပါ
ဒီနည္းလမ္းက ရိုးစင္းေပမဲ႔ ထိေရာက္ပါတယ္။မေတာ္တဆလုိလုိနဲ႔ သင့္ခရက္ရွ္ေလးဆီ ကုိစာပို႔လိုက္ပါ။ဥပမာ သူငယ္ခ်င္းကုိပုိ႔သလိုလိုနဲ႔ “ေဟးငါေကာ္ဖီေကာင္းေကာင္း ေသာက္ခ်င္တာ နင္ဆုိင္အသစ္ေတြဘာေတြသိလား”ေပါ့။တစ္မိနစ္ေလာက္ေစာင့္ၾကည့္ပါ။ျပီးမွ “အိုး ေဆာရီး ငါ့သူငယ္ခ်င္းတစ္ေယာက္နာမည္နဲ႔တူေနလို႔ သူဆုိျပီးပုိ႔လိုက္တာ။ ဒါေပမဲ႔နင္ေရာေကာ္ဖီဆုိင္ ေကာင္းေကာင္း ေလးမ်ားမသိဘူးလား။သိရင္ ဆိုင္နာမည္ေလးေျပာျပပါဦး”လုိ႔ျပန္ပို႔လုိက္ပါ။ဒါက မေတာ္တဆတမင္တကာဆြဲေဆာင္လိုက္တာပါပဲ။ေကာ္ဖီမွမဟုတ္ပါဘူးေနာ္။ျဖစ္ႏုိင္ရင္ သင့္ခရက္ရွ္စိတ္၀င္စားတဲ႔အရာတစ္ခုခုျဖစ္ရင္ပုိေကာင္းပါတယ္။အဲ႔ဒါမွ စကားထပ္ဆက္
လို႔ရမွာပါ။သူကေရကူး၀ါသနာပါတယ္ဆုိရင္လည္းေရကူးတဲ႔အေၾကာင္းအရာနဲ႔ပတ္သက္ျပီးတစ္ခုခုမွားပို႔လိုက္ေပါ့။ဒါမ်ိဳးေတြ ယူတို႔ကြ်မ္းပါတယ္ 😎

၃)မိတ္ကပ္ေတြဘာေတြမျခယ္သပဲ ခရက္ရွ္ေလးနဲ႔ေတြ႔ပါ
ခရက္ရွ္ေလးနဲ႔ေတြ႔မွာ လွေနမွျဖစ္မွာ ဘလာ ဘလာ !အဲ႔ဒါေတြထားခဲ႔လိုက္ပါေတာ့။ ဒီေန႔ေခတ္ၾကီးထဲ မိတ္ကပ္ေတြဖ်က္ခ်လိုက္ရင္နဂိုရုပ္နဲ႔တစ္စက္ကေလးမွ မတူတာေတြရွိေနေတာ့ သင့္ခရက္ရွ္ေလးက သင့္ကုိအဲ႔ဒီလုိျမင္မသြားဘူးလုိ႔မေျပာႏုိင္ပါဘူး။ဒါေၾကာင့္ တကယ္တမ္းခရက္ရွ္ေလးနဲ႔အျပင္မွာ တမင္တကာတုိက္ဆုိင္ျပီးေတြ႔ဖုိ႔ၾကိဳးစားထားတယ္ဆုိရင္ Natural look ေလးပဲျပင္သြားပါ။ေနရာအေနအထားကုိၾကည့္ျပီးေတာ့ေပါ့။
အ၀တ္အစားကိုလည္းသက္ေတာင့္သက္သာရွိျပီး သင့္ကုိျမင္လိုက္တာနဲ႔ လြတ္လပ္ေပါ့ပါးတဲ ႔ေကာင္မေလးပံုစံအျဖစ္ျမင္သြားေအာင္လုပ္ပါ။

၄)သူတို႔ရဲ ႔ထူးျခားတဲ႔အရည္အခ်င္းကုိခ်ီးက်ဴးပါ
တစ္ခါတစ္ေလ ရုပ္ရည္ေခ်ာေမာတာကုိခ်ီးက်ဴးတာထက္ တစ္ျခားသူေတြအလြယ္တကူ မျမင္ေတြ႔လြယ္တဲ႔အရည္အခ်င္းမ်ိဳးကုိခ်ီးက်ဴးသင့္ပါတယ္။သင့္ခရက္ရွ္က ရုပ္ရည္ေခ်ာေမာ သူဆုိရင္ေတာင္ သူတုိ႔ရဲ႔ အေပၚယံအသြင္အျပင္ကုိမခ်ီးက်ဴးပဲ သူတို႔ကုိအမွန္တကယ္ ေပ်ာ္ေစတဲ႔ခ်ီးက်ဴးမႈကဘာလဲဆုိတာရွာေဖြျပီး ခ်ီးက်ဴးပါ။ဒါက သူတုိ႔ရဲ ႔စိတ္ထဲမွာသင့္အေပၚ မွတ္မွတ္ရရရွိသြားေစမယ့္နည္းလမ္းတစ္ခုပါပဲ။

၅)သင့္ရဲ႔ထူးျခားတဲ႔အရည္အခ်င္းကုိမသိမသာျပသပါ
သင္က ပန္းခ်ီဆြဲေတာ္တဲ႔သူတစ္ေယာက္လား ၊သီခ်င္းဆုိေကာင္းသူတစ္ေယာက္လား သင့္ရဲ ႔ထူးျခားတဲ႔အရည္အခ်င္းတစ္ခုခုကုိသူျမင္ေအာင္မသိမသာျပပါ။ေဖ့ဘြတ္ခ္ရဲ ႔My day လုိမ်ိဳးမွာသင္ဆြဲထားတဲ႔ပံုေလးျဖစ္ျဖစ္၊သီခ်င္းဆုိထားတာေလးျဖစ္ျဖစ္တင္လို႔ရပါတယ္ေနာ္။ဒါကမသိမသာနဲ႔ သူ႔ကုိဆြဲေဆာင္လုိက္တဲ႔သေဘာပါပဲ။သူကလည္း ပန္းခ်ီဆြဲတာ၀ါသနာပါတယ္ဆုိရင္ သင့္ကုိတစ္ခုခုေတာ့ စကားလာစေျပာမွာအမွန္ပါပဲ။

ဒီနည္းေလးေတြကေတာ့ သိသာသိေစ၊မျမင္ေစနဲ႔ဆုိတဲ႔စကားေလးအတုိင္း Crush ကုိ အထာက်က်ဆြဲေဆာင္တဲ႔နည္းေလးေတြပါပဲ။ခုပဲစမ္းသံုးၾကည့္လိုက္ေတာ့ေနာ္

Unicode

ဒီစာကိုသင်ဖတ်နေပြီဆိုရင်တော့ ခရက်ရှ်လေးရဲ ့စိတ်ဝင်စားမှုကိုရတော့မှာလို့သိထား လိုက်ပါ။ကိုယ်သဘောကျရတဲ့လူနဲ့အပြန်အလှန်စကားတွေပြောနေပေမဲ့ ဘာမှစိတ်ဝင်စားဖို့ မကောင်းရင် သူက ကိုယ့်အပေါ်မှာလည်းစိတ်ဝင်စားမှုတွေထပ်ပြီးပေါ်လာမှာမဟုတ်ပါဘူးနော်။ တမူထူးခြားတဲ့ကျီစယ်စကားလေးတွေ၊ဆွဲဆောင်မှုလေးတွေရှိမှသာ စကားပြောရတာပျော်ပြီး
နေ့တိုင်းနေ့တိုင်းသူနဲ့ပဲပြောချင်စိတ်ပေါ်လာမှာမဟုတ်လား။”ရုံးကပြန်ရောက်ပြီလား၊ထမင်းစားပြီးပြီလား၊ဘယ်သွားလဲ၊ဘာလုပ်နေလဲ”ဆိုပြီးနေ့တိုင်း ဒါပဲမေးနေလို့ကတော့ So Boring ပါ။ သင့်အပေါ်စိတ်ဝင်စားချင်စိတ်တောင်ပျောက်လုနီးပါးဖြစ်ပါလိ့မ်မယ်။

ဒီစာက မိန်းကလေးရော၊ယောကျ်ားလေးတွေအတွက်ပါ Crush လေးကိုယ့်ဘက်ပါလာအောင်၊ ကိုယ့်အပေါ်စိတ်ဝင်စားလာအောင်ကြိုးစားဖို့ အသုံးဝင်ပါတယ်။ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်ပြီးကြွေလာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့အကြံပေးချက်တွေကိုလည်း သင်မြင်တွေ့ဖူးမှာပါ (သင့်မှာသာ ခရက်ရှ်ရှိတယ်ဆိုရင် အဲ့စာကိုဖတ်မိမှာလည်းမလွဲပါဘူး)။ ဒီတစ်ခါတော့ အဲ့ဒီထက်မြင့်သွားပါပြီ။ဘယ်လိုပြောရမလဲ ။အခုပြောပြမယ့်နည်းလမ်းလေးတွေက အထာကျတယ်။ခေတ်မီတယ်၊ဒါပေမဲ့ ကိုယ်သူ့အပေါ်ခရက်ရှ်နေတယ်ဆိုတာလည်းမသိသာဘူး။ ဒါ့အပြင် သူကိုယ့်အပေါ်စိတ်ဝင်စားလာမယ့်နှုန်းကလည်း ၂ဆလောက်မြင့်လာမယ်ပေါ့ ။
ကဲ ဟုတ်ပါ့မလားလို့တွေးနေတာတွေရပ်ပြီး စာလေးဆက်ဖတ်ကြည့်လိုက်ပါဦး

၁)အကောင်းမြင်စကားလေးတွေပြောပါ
ဒီလောကကြီးထဲမှာ တဖြည်းဖြည်းနဲ့အကောင်းမြင်သမားတွေနည်းလာပြီး တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုတွေနဲ့ဆက်ဆံပြောနေကြတာပါ။ဒါပေမဲ့ သင်က သင့်ရဲ ့အကောင်းမြင် စိတ်လေးကိုသူ့ကိုဖွင့်ဟပြလိုက်မယ်ဆိုရင် သူ့ဘက်က သင်ဟာ ဘာမဆိုအကောင်းမြင်စိတ်ရှိသူ၊ စိတ်သဘောထားကြည်လင်သူတစ်ယောက်ရယ်လို့သူ့စိတ်ထဲမှာ သတိထားမြင်မိသွားပါလိမ့်မယ်။ အဲ့ဒီလိုဖွင့်ဟပြဖို့လည်း အများကြီးပြောစရာမလိုပါဘူး။ဥပမာ ရာသီဥတုနဲ့သက်ဆိုင်တာပဲ ဆိုပါတော့။သူများတွေကမိုးတွေရွာနေလို့စိတ်ပျက်နေရင်တောင်သင်က မိုးစက်လေးတွေကျတာ အရမ်းလှတယ်၊မိုးရွာတော့ စိတ်တွေအေးချမး်သွားသလိုပဲတို့ပြောတာမျိုးပေါ့။

၂)မတော်တဆလိုလို စာပို့ကြည့်ပါ
ဒီနည်းလမ်းက ရိုးစင်းပေမဲ့ ထိရောက်ပါတယ်။မတော်တဆလိုလိုနဲ့ သင့်ခရက်ရှ်လေးဆီ ကိုစာပို့လိုက်ပါ။ဥပမာ သူငယ်ချင်းကိုပို့သလိုလိုနဲ့ “ဟေးငါကော်ဖီကောင်းကောင်း သောက်ချင်တာ နင်ဆိုင်အသစ်တွေဘာတွေသိလား”ပေါ့။တစ်မိနစ်လောက်စောင့်ကြည့်ပါ။ပြီးမှ “အိုး ဆောရီး ငါ့သူငယ်ချင်းတစ်ယောက်နာမည်နဲ့တူနေလို့ သူဆိုပြီးပို့လိုက်တာ။ ဒါပေမဲ့နင်ရောကော်ဖီဆိုင် ကောင်းကောင်း လေးများမသိဘူးလား။သိရင် ဆိုင်နာမည်လေးပြောပြပါဦး”လို့ပြန်ပို့လိုက်ပါ။ဒါက မတော်တဆတမင်တကာဆွဲဆောင်လိုက်တာပါပဲ။ကော်ဖီမှမဟုတ်ပါဘူးနော်။ဖြစ်နိုင်ရင် သင့်ခရက်ရှ်စိတ်ဝင်စားတဲ့အရာတစ်ခုခုဖြစ်ရင်ပိုကောင်းပါတယ်။အဲ့ဒါမှ စကားထပ်ဆက်
လို့ရမှာပါ။သူကရေကူးဝါသနာပါတယ်ဆိုရင်လည်းရေကူးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတစ်ခုခုမှားပို့လိုက်ပေါ့။ဒါမျိုးတွေ ယူတို့ကျွမ်းပါတယ် 😎

၃)မိတ်ကပ်တွေဘာတွေမခြယ်သပဲ ခရက်ရှ်လေးနဲ့တွေ့ပါ
ခရက်ရှ်လေးနဲ့တွေ့မှာ လှနေမှဖြစ်မှာ ဘလာ ဘလာ !အဲ့ဒါတွေထားခဲ့လိုက်ပါတော့။ ဒီနေ့ခေတ်ကြီးထဲ မိတ်ကပ်တွေဖျက်ချလိုက်ရင်နဂိုရုပ်နဲ့တစ်စက်ကလေးမှ မတူတာတွေရှိနေတော့ သင့်ခရက်ရှ်လေးက သင့်ကိုအဲ့ဒီလိုမြင်မသွားဘူးလို့မပြောနိုင်ပါဘူး။ဒါကြောင့် တကယ်တမ်းခရက်ရှ်လေးနဲ့အပြင်မှာ တမင်တကာတိုက်ဆိုင်ပြီးတွေ့ဖို့ကြိုးစားထားတယ်ဆိုရင် Natural look လေးပဲပြင်သွားပါ။နေရာအနေအထားကိုကြည့်ပြီးတော့ပေါ့။
အဝတ်အစားကိုလည်းသက်တောင့်သက်သာရှိပြီး သင့်ကိုမြင်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးတဲ ့ကောင်မလေးပုံစံအဖြစ်မြင်သွားအောင်လုပ်ပါ။

၄)သူတို့ရဲ ့ထူးခြားတဲ့အရည်အချင်းကိုချီးကျူးပါ
တစ်ခါတစ်လေ ရုပ်ရည်ချောမောတာကိုချီးကျူးတာထက် တစ်ခြားသူတွေအလွယ်တကူ မမြင်တွေ့လွယ်တဲ့အရည်အချင်းမျိုးကိုချီးကျူးသင့်ပါတယ်။သင့်ခရက်ရှ်က ရုပ်ရည်ချောမော သူဆိုရင်တောင် သူတို့ရဲ့ အပေါ်ယံအသွင်အပြင်ကိုမချီးကျူးပဲ သူတို့ကိုအမှန်တကယ် ပျော်စေတဲ့ချီးကျူးမှုကဘာလဲဆိုတာရှာဖွေပြီး ချီးကျူးပါ။ဒါက သူတို့ရဲ ့စိတ်ထဲမှာသင့်အပေါ် မှတ်မှတ်ရရရှိသွားစေမယ့်နည်းလမ်းတစ်ခုပါပဲ။

၅)သင့်ရဲ့ထူးခြားတဲ့အရည်အချင်းကိုမသိမသာပြသပါ
သင်က ပန်းချီဆွဲတော်တဲ့သူတစ်ယောက်လား ၊သီချင်းဆိုကောင်းသူတစ်ယောက်လား သင့်ရဲ ့ထူးခြားတဲ့အရည်အချင်းတစ်ခုခုကိုသူမြင်အောင်မသိမသာပြပါ။ဖေ့ဘွတ်ခ်ရဲ ့My day လိုမျိုးမှာသင်ဆွဲထားတဲ့ပုံလေးဖြစ်ဖြစ်၊သီချင်းဆိုထားတာလေးဖြစ်ဖြစ်တင်လို့ရပါတယ်နော်။ဒါကမသိမသာနဲ့ သူ့ကိုဆွဲဆောင်လိုက်တဲ့သဘောပါပဲ။သူကလည်း ပန်းချီဆွဲတာဝါသနာပါတယ်ဆိုရင် သင့်ကိုတစ်ခုခုတော့ စကားလာစပြောမှာအမှန်ပါပဲ။

ဒီနည်းလေးတွေကတော့ သိသာသိစေ၊မမြင်စေနဲ့ဆိုတဲ့စကားလေးအတိုင်း Crush ကို အထာကျကျဆွဲဆောင်တဲ့နည်းလေးတွေပါပဲ။ခုပဲစမ်းသုံးကြည့်လိုက်တော့နော်

343 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.