ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ချစ်ပါ ဆိုတဲ့ Priyanka Chopra ရဲ့မှတ်သားစရာစကားလေး
Related image
(Unicode)
လူတိုင်းမှာ ကိုယ့်ကိုကိုယ် တစ်ချိန်လုံးအားမရဖြစ်နေတတ်ပါတယ်။ ဘာလုပ်လုပ်အဆင်မပြေ၊ အရာမထင်တဲ့အခါ ဘာတွေ ငါမှားယွင်းနေလည်း ပြန်စဉ်းစားမိတယ်။ ဒါဟာ သာမန်လူတွေမှာလည်းမဟုတ်ပါဘူး။ နာမည်ကြီး အနုပညာရှင်တွေမှာလည်း ဒီလိုခံစားချက်တွေ အမြဲတမ်း ကိန်းအောင်းနေတတ်ပါတယ်တဲ့။
ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်တဲ့ Priyanka Chopra ရဲ့ စိတ်ညစ်နေချိန်
ကိုယ့်ကိုကိုယ် အားပေးနေကြ စကားလေးကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
သင်သိလား… လူတိုင်းက ပြည့်စုံတယ်လို့ မရှိပါဘူး။ တစ်ခုမဟုတ် တစ်ခုကတော့အမြဲတမ်း လိုအပ်နေဦးမှာပါ။ ပြည့်စုံခြင်းမှာ လူတွေက မပြီးဆုံးနိုင်ဘူး။ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ အများနဲ့ တန်းတူ ရပ်တည်နိုင်ဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးနေတာတွေ ရပ်လိုက်ပါတဲ့ Priyanka Chopra ကတော့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ချစ်တတ်အောင်ကြိုးစားတယ်။
” ကိုယ့်ဖြစ်တည်မှုကို အသိမှတ်မပြုတဲ့လူတွေအတွက်လည်း သိပ်ပြီးခံစားနေတာမျိုးမရှိပဲ
လုပ်စရာရှိတာ လုပ်သွားပါတယ်။ ဒီလူတွေရဲ့အမြင်ကို လိုက်စဉ်းစားနေရင် ပျော်ရတော့မှာ
မဟုတ်ဘူး။ ဘယ်သူ့မှ ဂရုမစိုက်ပဲ ကိုယ်တကယ် ပျော်ရွှင်ရဲ့လားပဲ မေးတယ်။ စိတ်မပါ ၊ မပျော်ရတဲ့ အလုပ်တစ်ခုမှာ အချိန်ကုန်ခံ ၊ လူအပင်ပန်းမခံဘူး။ အဲ့ဒီအတွက်လည်း ကိုယ့်ဘာသာ နောက်မှ နောင်တရနေတဲ့ အဖြစ်မျိုးကို မကြုံချင်လို့ အစတည်းကရှောင်တယ်။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲ။ ဘယ်သူမှ မထိန်းချုပ်နိုင်ဘူးလို့ ဆိုလိုတာပါ။ ကိုယ့်ကိုကိုယ် ချစ်တတ်အောင်ကြိုးစားပါ.. အမျိုးသမီးတို့… သင်သာလျှင် သင့်အတွက် အကောင်းဆုံးမိတ်ဆွေ ဖြစ်ပါတယ် ” – Priyanka Chopra
240 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.