ဖက္ရွင္နဲ႔ပတ္သက္ရင္ အႏုပညာရွင္ေတြကုိခ်န္ထားလို႔မရပါဘူး။အထူးသျဖင့္ ျပည္ပက နာမည္ေက်ာ္ အႏုပညာရွင္ေတြဟာဆုိရင္ ေခတ္နဲ႔အညီအမွီလိုက္ၾကတဲ႔ဖက္ရွင္မယ္ ေလးေတြပါ။ပြဲတစ္ပြဲမရွိလုိက္နဲ႔။အႏုပညာရွင္ေတြစံုၾကတဲ႔ အခမ္းအနားပြဲမွာဆုိရင္ မင္းသမီးေတြရဲ႔ ဖက္ရွင္ေတြဟာ အကုန္အလန္းေတြအဆန္းေတြခ်ည္းပါ။ႏွစ္စဥ္က်င္းပၾကတဲ႔ Red carpet ေအာ္စကာဆုေပးပြဲမွာဆုိလည္းအျပိဳင္အဆုိင္ပဲအႏုပညာရွင္မင္းသမီးေတြဖက္ရွင္အသစ္အဆန္းမ်ိဳးစံုနဲ႔ပြဲတစ္ပြဲလံုးကုိလႊမ္းမုိးထားၾကတာပါ။မီဒီယာတစ္ခုရဲ႔ စုစည္းေဖာ္ျပထားခ်က္အရ ေအာ္စကာဆုေပးပြဲတစ္ႏွစ္စီတိုင္းမွာ မင္းသမီးတစ္ေယာက္စီရဲ ႔ဖက္ရွင္ေတြက လႊမ္းမုိးထားတာကုိျမင္ေတြ႔ရပါတယ္။ဥပမာ ၂၀၀၃ မွာဆုိရင္ ဘယ္သူ႔ရဲ ႔ဖက္ရွင္က အမုိက္ဆံုး၊ေခတ္အစားဆံုး၊ပရိသတ္ေတြသေဘာအက်ဆံုးေပါ့။ဒါျဖင့္ ဘယ္သူေတြရဲ ႔ ဘယ္လိုဖက္ရွင္ေတြလဲဆုိတာၾကည့္လိုက္ပါဦး။
၁) Audrey Hepburn, 1954
Roman Holiday နဲ႔အေကာင္းဆံုးမင္းသမီးဆုရရွိခဲ႔တဲ႔ Audrey Hepburn ။သူမရဲ ႔ဖက္ရွင္ဟာဆုိရင္ အေကာင္းဆံုးအကယ္ဒမီ၀တ္စံုစာရင္းမွာေတာင္ထိပ္ဆံုးက ပါ၀င္ခဲ႔တာပါ။ ဒီဇုိင္နာ Givenchy ဖန္တီးေပးခဲ႔တာျဖစ္ျပီး အထက္တန္းလႊာေတြရဲ ႔ပံုစံဆန္ဆန္ျပန္ျပီး ျပင္ဆင္ထားတာပဲျဖစ္ပါတယ္။
၂)Elizabeth Taylor, 1961
Butterfield 8 နဲ႔အေကာင္းဆံုးမင္းသမီးဆုကုိရရွိခဲ႔တဲ႔ Eliszabeth ၀တ္လာတဲ႔ ဂါ၀န္ဒီဇုိင္းဟာဆုိရင္ အဲ႔ဒီႏွစ္တုန္းက အေတာ္ေလးေအာင္ျမင္ေရပန္းစား
ခဲ႔တာပါ။သူမရဲ ႔ခါးဆုိဒ္ကြက္တိက်တဲ႔ Dior ဂါ၀န္ကုိေရြးခ်ယ္၀တ္ဆင္ခဲ႔တာပဲျဖစ္ပါတယ္။
၃)Cate Blanchett, 2014
Blue Jasmine ဇာတ္ကားနဲ႔အေကာင္းဆံုးမင္းသမီးဆုကုိပုိင္ဆုိင္ခဲ႔တဲ႔ Cate Blanchett ပါ။သူမရဲ႔ ဂါ၀န္ကုိၾကည့္လိုက္တာနဲ႔လွတယ္လို႔ေျပာဖုိ႔မလိုေလာက္ေအာင္သိသာေနပါတယ္။ ပန္းပြင့္ေပါင္းမ်ားစြာကုိစီးကြင့္ထုိးထားတဲ႔ဂါ၀န္ဟာဆုိရင္မိန္းကေလးဆန္ျပီးယဥ္ေက်းသိမ္ေမြ႔တဲ႔အသြင္ကုိေဆာင္ေနတာျမင္ေတြ႔ရပါတယ္။
၄)Marilyn Monroe, 1951
Marilyn Monroe ကေတာ့အကယ္ဒမီဆုကုိမရရွိခဲ႔ပါဘူး။ဒါေပမဲ႔ ၁၉၅၁က ေအာ္စကာဆုေပးပြဲအခမ္းအနားမွာေတာ့ သူမရဲ႔ဖက္ရွင္က အေတာက္ပဆံုးျဖစ္
ခဲ႔ပါတယ္။ဂါ၀န္ကေတာ့ပံုထဲမွာျမင္ေတြ႔ရတဲ႔အတုိင္း ရင္ညႊန္႔ထိေဖာ္ထားတဲ႔ ဂါ၀န္အနက္ေရာင္တစ္ထည္ကုိ လိုက္ဖက္စြာ၀တ္ဆင္ထားတာျဖစ္စပါတယ္။
၅)Madonna, 1991
ေအာ္စကာဆုေပးပြဲမွာ Madonnaဟာ Marilyn Monroe ရဲ ႔ပံုရိပ္အျဖစ္ျပန္ေပၚ လာခဲ႔တာျဖစ္ပါတယ္။သူမရဲ႔ ကုိယ္နဲ႔ကြက္တိလွပတဲ႔ဂါ၀န္ရွည္ကုိ၀တ္ဆင္ထားျပီး “Sooner or Later (I Always Get My Man)” ဆုိတဲ႔သီခ်င္းကုိသီဆုိခဲ႔ ပါတယ္။ဒီသီခ်င္းက အေကာင္းဆံုးသီခ်င္းအျဖစ္ေအာ္စကာဆုလည္းရရွိခဲ႔တယ္လို႔သိရပါတယ္။
၆)Nicole Kidman, 1997
၁၉၉၇ခုႏွစ္တုန္းက သူမက ဆုရရွိခဲ႔တာမဟုတ္ေပမဲ႔ အသြင္တစ္မ်ိဳးဆန္းတဲ႔ အစိမ္းေရာင္ဂါ၀န္ရွည္ေၾကာင့္ ပရိသတ္ေတြရဲ ႔အာရံုစူးစုိက္ခံရဆံုးျဖစ္ခဲ႔ပါတယ္။
ေအာ္စကာဆုေပးပြဲတိုင္းရဲ ႔အေကာင္းဆံုးဖက္ရွင္စာရင္းထဲမွာေတာင္ပါ၀င္ခဲ႔တဲ႔အထိ သူမရဲ႔ဖက္ရွင္ကေ၇ပန္းစားေအာင္ျမင္ခဲ႔တာပါ။
၇)Jennifer Lawrence, 2013
ဘယ္လိုေတာင္လွလဲေမး။၂၀၁၃ခုနွစ္တုန္းက ေအာ္စကာဆုေပးပြဲရဲ ႔အာရံုစုိက္ျခင္းခံရတဲ့မင္းသမီး လို႔ေျပာရင္လည္းမမွားပါဘူး။Silver Linings Playbookမွာပါ၀င္ထားတဲ႔သူမရဲ႔ဇာတ္ေကာင္ အတြက္ဆုလက္ခံရယူဖို႔ Dior fashion houseကေနေရြးခ်ယ္၀တ္ဆင္ခဲ႔တာပဲျဖစ္ပါတယ္။ ဒီဂါ၀န္က ေဒၚလာ ၄သန္းျဖစ္ျပီးအကယ္ဒမီဆုေပးပြဲတစ္ေလ်ွာက္ ေစ်းအၾကီးဆံုး ဂါ၀န္တစ္ထည္လည္းျဖစ္တယ္လုိ႔သိရပါတယ္။
Unicode
ဖက်ရှင်နဲ့ပတ်သက်ရင် အနုပညာရှင်တွေကိုချန်ထားလို့မရပါဘူး။အထူးသဖြင့် ပြည်ပက နာမည်ကျော် အနုပညာရှင်တွေဟာဆိုရင် ခေတ်နဲ့အညီအမှီလိုက်ကြတဲ့ဖက်ရှင်မယ် လေးတွေပါ။ပွဲတစ်ပွဲမရှိလိုက်နဲ့။အနုပညာရှင်တွေစုံကြတဲ့ အခမ်းအနားပွဲမှာဆိုရင် မင်းသမီးတွေရဲ့ ဖက်ရှင်တွေဟာ အကုန်အလန်းတွေအဆန်းတွေချည်းပါ။နှစ်စဉ်ကျင်းပကြတဲ့ Red carpet အော်စကာဆုပေးပွဲမှာဆိုလည်းအပြိုင်အဆိုင်ပဲအနုပညာရှင်မင်းသမီးတွေဖက်ရှင်အသစ်အဆန်းမျိုးစုံနဲ့ပွဲတစ်ပွဲလုံးကိုလွှမ်းမိုးထားကြတာပါ။မီဒီယာတစ်ခုရဲ့ စုစည်းဖော်ပြထားချက်အရ အော်စကာဆုပေးပွဲတစ်နှစ်စီတိုင်းမှာ မင်းသမီးတစ်ယောက်စီရဲ ့ဖက်ရှင်တွေက လွှမ်းမိုးထားတာကိုမြင်တွေ့ရပါတယ်။ဥပမာ ၂၀၀၃ မှာဆိုရင် ဘယ်သူ့ရဲ ့ဖက်ရှင်က အမိုက်ဆုံး၊ခေတ်အစားဆုံး၊ပရိသတ်တွေသဘောအကျဆုံးပေါ့။ဒါဖြင့် ဘယ်သူတွေရဲ ့ ဘယ်လိုဖက်ရှင်တွေလဲဆိုတာကြည့်လိုက်ပါဦး။
၁) Audrey Hepburn, 1954
Roman Holiday နဲ့အကောင်းဆုံးမင်းသမီးဆုရရှိခဲ့တဲ့ Audrey Hepburn ။သူမရဲ ့ဖက်ရှင်ဟာဆိုရင် အကောင်းဆုံးအကယ်ဒမီဝတ်စုံစာရင်းမှာတောင်ထိပ်ဆုံးက ပါဝင်ခဲ့တာပါ။ ဒီဇိုင်နာ Givenchy ဖန်တီးပေးခဲ့တာဖြစ်ပြီး အထက်တန်းလွှာတွေရဲ ့ပုံစံဆန်ဆန်ပြန်ပြီး ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။
၂)Elizabeth Taylor, 1961
Butterfield 8 နဲ့အကောင်းဆုံးမင်းသမီးဆုကိုရရှိခဲ့တဲ့ Eliszabeth ဝတ်လာတဲ့ ဂါဝန်ဒီဇိုင်းဟာဆိုရင် အဲ့ဒီနှစ်တုန်းက အတော်လေးအောင်မြင်ရေပန်းစား
ခဲ့တာပါ။သူမရဲ ့ခါးဆိုဒ်ကွက်တိကျတဲ့ Dior ဂါဝန်ကိုရွေးချယ်ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
၃)Cate Blanchett, 2014
Blue Jasmine ဇာတ်ကားနဲ့အကောင်းဆုံးမင်းသမီးဆုကိုပိုင်ဆိုင်ခဲ့တဲ့ Cate Blanchett ပါ။သူမရဲ့ ဂါဝန်ကိုကြည့်လိုက်တာနဲ့လှတယ်လို့ပြောဖို့မလိုလောက်အောင်သိသာနေပါတယ်။ ပန်းပွင့်ပေါင်းများစွာကိုစီးကွင့်ထိုးထားတဲ့ဂါဝန်ဟာဆိုရင်မိန်းကလေးဆန်ပြီးယဉ်ကျေးသိမ်မွေ့တဲ့အသွင်ကိုဆောင်နေတာမြင်တွေ့ရပါတယ်။
၄)Marilyn Monroe, 1951
Marilyn Monroe ကတော့အကယ်ဒမီဆုကိုမရရှိခဲ့ပါဘူး။ဒါပေမဲ့ ၁၉၅၁က အော်စကာဆုပေးပွဲအခမ်းအနားမှာတော့ သူမရဲ့ဖက်ရှင်က အတောက်ပဆုံးဖြစ်
ခဲ့ပါတယ်။ဂါဝန်ကတော့ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ရင်ညွှန့်ထိဖော်ထားတဲ့ ဂါဝန်အနက်ရောင်တစ်ထည်ကို လိုက်ဖက်စွာဝတ်ဆင်ထားတာဖြစ်စပါတယ်။
၅)Madonna, 1991
အော်စကာဆုပေးပွဲမှာ Madonnaဟာ Marilyn Monroe ရဲ ့ပုံရိပ်အဖြစ်ပြန်ပေါ် လာခဲ့တာဖြစ်ပါတယ်။သူမရဲ့ ကိုယ်နဲ့ကွက်တိလှပတဲ့ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး “Sooner or Later (I Always Get My Man)” ဆိုတဲ့သီချင်းကိုသီဆိုခဲ့ ပါတယ်။ဒီသီချင်းက အကောင်းဆုံးသီချင်းအဖြစ်အော်စကာဆုလည်းရရှိခဲ့တယ်လို့သိရပါတယ်။
၆)Nicole Kidman, 1997
၁၉၉ရခုနှစ်တုန်းက သူမက ဆုရရှိခဲ့တာမဟုတ်ပေမဲ့ အသွင်တစ်မျိုးဆန်းတဲ့ အစိမ်းရောင်ဂါဝန်ရှည်ကြောင့် ပရိသတ်တွေရဲ ့အာရုံစူးစိုက်ခံရဆုံးဖြစ်ခဲ့ပါတယ်။
အော်စကာဆုပေးပွဲတိုင်းရဲ ့အကောင်းဆုံးဖက်ရှင်စာရင်းထဲမှာတောင်ပါဝင်ခဲ့တဲ့အထိ သူမရဲ့ဖက်ရှင်ကရေပန်းစားအောင်မြင်ခဲ့တာပါ။
၇)Jennifer Lawrence, 2013
ဘယ်လိုတောင်လှလဲမေး။၂၀၁၃ခုနှစ်တုန်းက အော်စကာဆုပေးပွဲရဲ ့အာရုံစိုက်ခြင်းခံရတဲ့မင်းသမီး လို့ပြောရင်လည်းမမှားပါဘူး။Silver Linings Playbookမှာပါဝင်ထားတဲ့သူမရဲ့ဇာတ်ကောင် အတွက်ဆုလက်ခံရယူဖို့ Dior fashion houseကနေရွေးချယ်ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဂါဝန်က ဒေါ်လာ ၄သန်းဖြစ်ပြီးအကယ်ဒမီဆုပေးပွဲတစ်လျှောက် စျေးအကြီးဆုံး ဂါဝန်တစ်ထည်လည်းဖြစ်တယ်လို့သိရပါတယ်။