တစ္ေနရာတည္းမွာပဲ ပိတ္ေနျပီး ကိုယ့္ကိုကိုယ္ မြန္းၾကပ္လာတယ္လုိ႔ ခံစားရရင္

ဘဝမွာ စိတ္အားေလ်ာ့တဲ့ ဖီလင္မ်ဳိးေတာ့ လူတိုင္းျဖစ္ဖူးမွာပါ … လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ ၊ အိမ္မွာပဲျဖစ္ျဖစ္ အေျခအေနေတြက အမ်ဳိးမ်ဳိးၾကံဳႏုိင္တာမို႔ စိတ္ဓာတ္အတက္က်ျဖစ္တဲ့ ခ်ိန္ေတြ႐ွိႏိုင္ပါတယ္။

သင္ဟာ တစ္ေနရာတည္းမွာပဲ ပိတ္မိေနျပီလို႔ ခံစားေနရရင္ ဒီ(၂)ခ်က္ ျဖစ္ပါလိမ့္မယ္…

– အေၾကာင္းရာတစ္ခုကို ထပ္တလဲလဲ ေတြးမိေနတယ္။
– အက္ေၾကာင္းထပ္ေနတဲ့ အေတြးအေခၚေတြနဲ႔ ခၽြတ္မရတဲ့ အက်င့္ေတြ သင့္မွာစဲြကပ္ေနလုိ႔ပါ။

ဒါေတြကို သင္မျပင္ႏုိင္ရင္ ဘဝတစ္ခုလံုးကို အၾကီးက်ယ္ထိခိုက္ေစႏုိင္ပါတယ္။ ေပ်ာ္ရႊင္မႈကို
လိုခ်င္တယ္.. ဘဝမွာ အဓိပၸာယ္႐ွိ႐ွိ ျပည့္ျပည့္ဝဝေနထုိင္သြားခ်င္တယ္ဆိုရင္ သတ္မွတ္ထားတဲ့
ပန္းတိုင္တစ္ခု႐ွိရမယ္။ ဒီပန္းတိုင္ကိုေရာက္ဖို႔ ေဖာက္ရမယ့္လမ္းေတြ စတင္ျပင္ဆင္ရေတာ့
မယ္။

ကိုယ့္ကိုကိုယ္ျပန္ေမးပါ… ငါတစ္ေနရာမွာပဲ ရပ္တန္႔ေနျပီး တစ္သက္လံုး ဒီလိုပဲေနသြားေတာ့မွာ
လား… အမ်ားနည္းတူ စြန္႔စားခန္းေတြ ဖြင့္ျပီး လူပီပီသသမေနထိုင္ခ်င္ဘူးလားလို႔ ။

(၁) မနက္ပုိင္း အစီစဥ္ကို စနစ္တက် ေဆာက္ရြက္တတ္ပါေစ

Reasons to keep a journal - thoughts matter

မနက္ပုိင္းလုပ္ေဆာင္မႈေတြကို စနစ္တက် စီမံတတ္တာက ေအာင္ျမင္တဲ့လူတိုင္းမွာ အမ်ားဆံုး
ေတြ႔ရတတ္တဲ့ အက်င့္တစ္ခုပါပဲ။ ဒီအက်င့္က သင့္ဘဝတစ္ခုလံုးကိုေျပာင္းလဲသြားႏုိင္တယ္။ မနက္တိုင္း အလုပ္ကို အေလာတၾကီးနဲ႔ သြား ၊ မနက္စာ မမွီ ၊ ဗုိက္ေဟာင္းေလာင္းနဲ႔ အလုပ္လုပ္ေနရတယ္ဆို သင့္ရဲ႕မနက္ပုိင္း အစီစဥ္ကို စီမံခန္႔ခဲြတာ ပံုစံမက်ေသးလို႔ပါ။ အခ်ိန္ယူတဲ့ေနရာမွာ လဲြမွားေနတယ္။ ဘယ္ေနရာမွာ ငါ့အခ်ိန္ေတြကို ျဖဳန္းမိလိုက္လဲ? လို႔ ေသခ်ာစဥ္းစားပါ။ မနက္ခင္းတစ္ခုသာယာေနမွ အဲ့ဒီတစ္ေန႔တာဟာ လူတစ္ေယာက္ကို စိတ္လန္းဆန္္းေစမွာမဟုတ္လား….

အခ်ိန္ ၅/ ၁ဝမိနစ္ေလာက္ယူျပီး စာအုပ္တစ္အုပ္ထဲမွာ ျဖစ္ခ်င္တဲ့ Goal တစ္ခုကို ခ်ေရးပါ။ ပန္းတိုင္ကိုေရာက္ဖို႔ ဒီေန႔ ၊ ဒီအခ်ိန္ကစျပီး ၾကိဳးစားေနျပီဆုိတာကို မွတ္သားထားေပါ့။ ပိုျပီး စိတ္တက္ၾကြေအာင္ ျမဴးၾကြတဲ့ပံုေလးေတြ တဲြကပ္ျပီး စာေလးေတြေရးထားပါ။ ကာလာစိုတဲ့ ေဘာပင္ေလးေတြ သံုးပါ။ အၾကံဥာဏ္သစ္ေတြ၊ ေန႔တစ္ေန႔ရဲ႕အစီစဥ္ေတြနဲ႔ ႐ႈပ္ေထြးတဲ့ ျပႆနာေတြအတြက္ အကူညီျဖစ္ေစမွာပါ။

အဆက္မျပတ္ ေလ့လာသင္ယူမႈ

woman-studying-and-learning

သင္ယူမႈေတြကို ဘယ္ေတာ့မွ မရပ္တန္႔လိုက္ပါနဲ႔။ ေလာကမွာ ကိုယ္မသိတာေတြအမ်ားၾကီးပါ။ သင့္ကိုသတ္မွတ္ေပးလိုက္တဲ့ ပညာအရည္ခ်င္းဘဲြ႔လက္မွတ္ေတြ ပုိင္ဆိုင္ျပီးသြားလို႔ သင္ယူစရာေတြ ကုန္ဆံုးသြားမွာမဟုတ္ပါဘူး။ အမ်ားၾကီး႐ိွေနပါေသးတယ္။ ဒါေၾကာင့္ မလုပ္ဖူးတဲ့ အသစ္အဆန္းေတြကို ျမည္းစမ္းၾကည့္ပါ။ငုတ္တုတ္ထိုင္ျပီး အက်ဳိးမ႐ွိတဲ့ အေတြးေတြ ၊ အရာမထင္ႏုိင္တဲ့ ကိစၥေတြလုပ္ေနမယ့္အစား ၊ စာဖတ္ ၊ ဘာသာစကားအသစ္ သင္ယူ ၊ ကိုယ္ဝါႆနာပါရာ သင္တန္းေလးေတြတက္ပါ။ သင့္မွာသာ ျပည့္ဝတဲ့ အရည္ခ်င္း႐ွိရင္ ဘယ္သူမွ ႏွိမ္ခ်ျပီး မဆက္ဆံရဲပါဘူး။

ပတ္၀န္းက်င္မွာ အေကာင္းျမင္တတ္တဲ့လူေတြ႐ွိေနဖို႔လို

mental-strength-lessons-from-successful-people

လူတစ္ေယာက္အတြက္ ေပါင္းသင္းတဲ့ သူငယ္ခ်င္း ၊ အသိုင္း​ဝိုင္း ပတ္ဝန္းက်င္ေတြဟာ သိပ္ျပီး
အေရးပါပါတယ္။ သင္နဲ႔အတူ အခ်ိန္အေတာ္မ်ားကို အတူကုန္ဆံုးေလ့႐ွိတဲ့သူဟာ အေကာင္းမျမင္တတ္၊ အရာရာကို အဆိုးဘက္ကပဲ ၾကည့္ေနတယ္ဆိုရင္ တစ္ခ်ိန္ခ်ိိန္မွာ သင့္အတြက္လည္း အက်ဳိးယုတ္မႈေတြျဖစ္လာႏုိင္ပါတယ္။ ပတ္၀န္းက်င္ရဲ႕လႊမ္းမိုးမႈက ၈​ဝရာခိုင္ႏႈန္းေလာက္႐ွိတာဆိုေတာ့ သင့္ကို အားယုတ္ေလ်ာ့ေစမယ့္လူမ်ဳိးေတြဆို အျမန္ဆံုးလမ္းခဲြပါ။ ဒီေခတ္ၾကီးမွာ အားနာေနရင္ ကိုယ္ပဲ ခံရမွာပါ။ Comfort Zone ကေန ထြက္ရမွာကိုမေၾကာက္ပါနဲ႔ ။ လူသစ္ေတြနဲ႔ ထိေတြ႔ဆက္ဆံရမွာကို မစိုးရိမ္ပါနဲ႔။ ယံုၾကည္ၾကည္မႈ ႐ွိ႐ွိ ကိုယ္ျဖစ္ခ်င္တာကို ဆက္လုပ္ပါ။

မတူညီတဲ့ အရာတစ္ခုကို စမ္းသပ္ၾကည့္ျခင္း

man-deep-thought-visualizing

တစ္ခါတစ္ေလ ကိုယ့္မွာကိန္းေအာင္းေနတတ္တဲ့ talent ေတြ ႐ွိေနတတ္ပါတယ္။ အခြင့္မၾကံဳသာလို႔ ဒါေတြကို ထုတ္သံုးခြင့္မရတဲ့အခါ အခြင့္ေရးကို ကုိယ္တိုင္ဖန္တီးပါ။ အက်င့္တစ္ခုကို ထပ္ခါထပ္ခါလုပ္ေနမိေတာ့ ဘယ္အရာေတြမွာေကာ ကိုယ္ကထူးခၽြန္ႏုိင္သလဲဆိုတာ ေသခ်ာမဆန္းစစ္ႏုိင္တာမ်ဳိး ျဖစ္တတ္ပါတယ္။ ေသခ်ာတာက သင့္အတြက္ ပတ္ဝန္းက်င္အသစ္တစ္ခု လိုအပ္ေနပါတယ္။ အေတြ႔အၾကံဳအသစ္ေတြ ဖန္တီးပါ။

မနက္ျဖန္ေသရင္ ဒီေန႔ ငါဘာေတြလုပ္ေနမွာလဲဆိုတဲ့ စိတ္နဲ႔ ကိုယ့္ကိုကိုယ္ တြန္းအားေပးပါ။ ဘာအတြက္ ေတြေဝေနမွာလဲ.. ကိုယ္လိုခ်င္တဲ့ ဘဝတစ္ခုရဖို႔ အခုကစျပီး အေကာင္ထည္ေဖာ္လိုက္ပါ။ အခ်ိန္သည္ လူကိုမေစာင့္ပါဘူး။

Comfort Zone ကေန ႐ုတ္တရက္ ထြက္လိုက္တဲ့အခါ သင့္အတြက္ အဆင္မေျပတာေတြ၊ အသားမက်ေသးတာေတြ ႐ွိလာႏုိင္ပါတယ္။ ရပါတယ္..စိတ္မပူပါနဲ႔။ အခု ေျပာသြားတဲ့ အခ်က္ေတြတုိင္း ေျပာင္းလဲသြားႏုိင္မယ္ဆိုရင္ အဓိပၸာယ္႐ွိရွိဘဝမွာ ေနထုိင္ႏုိင္ျပီး ေအာင္ျမင္မႈကိုလည္း တစ္ခ်ိန္မွာ ပုိင္ဆိုင္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

(Unicode)

ဘဝမှာ စိတ်အားလျော့တဲ့ ဖီလင်မျိုးတော့ လူတိုင်းဖြစ်ဖူးမှာပါ … လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ၊ အိမ်မှာပဲဖြစ်ဖြစ် အခြေအနေတွေက အမျိုးမျိုးကြုံနိုင်တာမို့ စိတ်ဓာတ်အတက်ကျဖြစ်တဲ့ ချိန်တွေရှိနိုင်ပါတယ်။

သင်ဟာ တစ်နေရာတည်းမှာပဲ ပိတ်မိနေပြီလို့ ခံစားနေရရင် ဒီ(၂)ချက် ဖြစ်ပါလိမ့်မယ်…

– အကြောင်းရာတစ်ခုကို ထပ်တလဲလဲ တွေးမိနေတယ်။
– အက်ကြောင်းထပ်နေတဲ့ အတွေးအခေါ်တွေနဲ့ ချွတ်မရတဲ့ အကျင့်တွေ သင့်မှာစွဲကပ်နေလို့ပါ။

ဒါတွေကို သင်မပြင်နိုင်ရင် ဘဝတစ်ခုလုံးကို အကြီးကျယ်ထိခိုက်စေနိုင်ပါတယ်။ ပျော်ရွှင်မှုကို
လိုချင်တယ်.. ဘဝမှာ အဓိပ္ပာယ်ရှိရှိ ပြည့်ပြည့်ဝဝနေထိုင်သွားချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့
ပန်းတိုင်တစ်ခုရှိရမယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ ဖောက်ရမယ့်လမ်းတွေ စတင်ပြင်ဆင်ရတော့
မယ်။

ကိုယ့်ကိုကိုယ်ပြန်မေးပါ… ငါတစ်နေရာမှာပဲ ရပ်တန့်နေပြီး တစ်သက်လုံး ဒီလိုပဲနေသွားတော့မှာ
လား… အများနည်းတူ စွန့်စားခန်းတွေ ဖွင့်ပြီး လူပီပီသသမနေထိုင်ချင်ဘူးလားလို့ ။

(၁) မနက်ပိုင်း အစီစဉ်ကို စနစ်တကျ ဆောက်ရွက်တတ်ပါစေ

မနက်ပိုင်းလုပ်ဆောင်မှုတွေကို စနစ်တကျ စီမံတတ်တာက အောင်မြင်တဲ့လူတိုင်းမှာ အများဆုံး
တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါပဲ။ ဒီအကျင့်က သင့်ဘဝတစ်ခုလုံးကိုပြောင်းလဲသွားနိုင်တယ်။ မနက်တိုင်း အလုပ်ကို အလောတကြီးနဲ့ သွား ၊ မနက်စာ မမှီ ၊ ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လုပ်နေရတယ်ဆို သင့်ရဲ့မနက်ပိုင်း အစီစဉ်ကို စီမံခန့်ခွဲတာ ပုံစံမကျသေးလို့ပါ။ အချိန်ယူတဲ့နေရာမှာ လွဲမှားနေတယ်။ ဘယ်နေရာမှာ ငါ့အချိန်တွေကို ဖြုန်းမိလိုက်လဲ? လို့ သေချာစဉ်းစားပါ။ မနက်ခင်းတစ်ခုသာယာနေမှ အဲ့ဒီတစ်နေ့တာဟာ လူတစ်ယောက်ကို စိတ်လန်းဆန််းစေမှာမဟုတ်လား….

အချိန် ၅/ ၁ဝမိနစ်လောက်ယူပြီး စာအုပ်တစ်အုပ်ထဲမှာ ဖြစ်ချင်တဲ့ Goal တစ်ခုကို ချရေးပါ။ ပန်းတိုင်ကိုရောက်ဖို့ ဒီနေ့ ၊ ဒီအချိန်ကစပြီး ကြိုးစားနေပြီဆိုတာကို မှတ်သားထားပေါ့။ ပိုပြီး စိတ်တက်ကြွအောင် မြူးကြွတဲ့ပုံလေးတွေ တွဲကပ်ပြီး စာလေးတွေရေးထားပါ။ ကာလာစိုတဲ့ ဘောပင်လေးတွေ သုံးပါ။ အကြံဉာဏ်သစ်တွေ၊ နေ့တစ်နေ့ရဲ့အစီစဉ်တွေနဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေအတွက် အကူညီဖြစ်စေမှာပါ။

အဆက်မပြတ် လေ့လာသင်ယူမှု

သင်ယူမှုတွေကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။ လောကမှာ ကိုယ်မသိတာတွေအများကြီးပါ။ သင့်ကိုသတ်မှတ်ပေးလိုက်တဲ့ ပညာအရည်ချင်းဘွဲ့လက်မှတ်တွေ ပိုင်ဆိုင်ပြီးသွားလို့ သင်ယူစရာတွေ ကုန်ဆုံးသွားမှာမဟုတ်ပါဘူး။ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် မလုပ်ဖူးတဲ့ အသစ်အဆန်းတွေကို မြည်းစမ်းကြည့်ပါ။ငုတ်တုတ်ထိုင်ပြီး အကျိုးမရှိတဲ့ အတွေးတွေ ၊ အရာမထင်နိုင်တဲ့ ကိစ္စတွေလုပ်နေမယ့်အစား ၊ စာဖတ် ၊ ဘာသာစကားအသစ် သင်ယူ ၊ ကိုယ်ဝါဿနာပါရာ သင်တန်းလေးတွေတက်ပါ။ သင့်မှာသာ ပြည့်ဝတဲ့ အရည်ချင်းရှိရင် ဘယ်သူမှ နှိမ်ချပြီး မဆက်ဆံရဲပါဘူး။

ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်တဲ့လူတွေရှိနေဖို့လို

လူတစ်ယောက်အတွက် ပေါင်းသင်းတဲ့ သူငယ်ချင်း ၊ အသိုင်း​ဝိုင်း ပတ်ဝန်းကျင်တွေဟာ သိပ်ပြီး
အရေးပါပါတယ်။ သင်နဲ့အတူ အချိန်အတော်များကို အတူကုန်ဆုံးလေ့ရှိတဲ့သူဟာ အကောင်းမမြင်တတ်၊ အရာရာကို အဆိုးဘက်ကပဲ ကြည့်နေတယ်ဆိုရင် တစ်ချိန်ချိိန်မှာ သင့်အတွက်လည်း အကျိုးယုတ်မှုတွေဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုက ၈​ဝရာခိုင်နှုန်းလောက်ရှိတာဆိုတော့ သင့်ကို အားယုတ်လျော့စေမယ့်လူမျိုးတွေဆို အမြန်ဆုံးလမ်းခွဲပါ။ ဒီခေတ်ကြီးမှာ အားနာနေရင် ကိုယ်ပဲ ခံရမှာပါ။ Comfort Zone ကနေ ထွက်ရမှာကိုမကြောက်ပါနဲ့ ။ လူသစ်တွေနဲ့ ထိတွေ့ဆက်ဆံရမှာကို မစိုးရိမ်ပါနဲ့။ ယုံကြည်ကြည်မှု ရှိရှိ ကိုယ်ဖြစ်ချင်တာကို ဆက်လုပ်ပါ။

မတူညီတဲ့ အရာတစ်ခုကို စမ်းသပ်ကြည့်ခြင်း

တစ်ခါတစ်လေ ကိုယ့်မှာကိန်းအောင်းနေတတ်တဲ့ talent တွေ ရှိနေတတ်ပါတယ်။ အခွင့်မကြုံသာလို့ ဒါတွေကို ထုတ်သုံးခွင့်မရတဲ့အခါ အခွင့်ရေးကို ကိုယ်တိုင်ဖန်တီးပါ။ အကျင့်တစ်ခုကို ထပ်ခါထပ်ခါလုပ်နေမိတော့ ဘယ်အရာတွေမှာကော ကိုယ်ကထူးချွန်နိုင်သလဲဆိုတာ သေချာမဆန်းစစ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ သေချာတာက သင့်အတွက် ပတ်ဝန်းကျင်အသစ်တစ်ခု လိုအပ်နေပါတယ်။ အတွေ့အကြုံအသစ်တွေ ဖန်တီးပါ။

မနက်ဖြန်သေရင် ဒီနေ့ ငါဘာတွေလုပ်နေမှာလဲဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။ ဘာအတွက် တွေဝေနေမှာလဲ.. ကိုယ်လိုချင်တဲ့ ဘဝတစ်ခုရဖို့ အခုကစပြီး အကောင်ထည်ဖော်လိုက်ပါ။ အချိန်သည် လူကိုမစောင့်ပါဘူး။

Comfort Zone ကနေ ရုတ်တရက် ထွက်လိုက်တဲ့အခါ သင့်အတွက် အဆင်မပြေတာတွေ၊ အသားမကျသေးတာတွေ ရှိလာနိုင်ပါတယ်။ ရပါတယ်..စိတ်မပူပါနဲ့။ အခု ပြောသွားတဲ့ အချက်တွေတိုင်း ပြောင်းလဲသွားနိုင်မယ်ဆိုရင် အဓိပ္ပာယ်ရှိရှိဘဝမှာ နေထိုင်နိုင်ပြီး အောင်မြင်မှုကိုလည်း တစ်ချိန်မှာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

372 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.