မထင်မှတ်ထားတဲ့ Talent လေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Kim Yoo Jung

သူမရဲ့မကြာသေးခင်က အင်စတာဂရမ်ပို့စ်ကြောင့် ပရိတ်သတ်တွေအားလုံး အံ့သြခဲ့ရတယ်။

main-kim

အသက်ငယ်ငယ်လေးနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး အံ့သြစရာကောင်းတဲ့ အရည်ချင်းတွေကို
ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Kim Yoo Jung ကိုတော့ ပရိတ်သတ်တိုင်း ရင်းနှီးနေမယ်လို့
ထင်ပါတယ်။

painting1

သူမပန်းချီဆွဲထားတဲ့ ပုံလေးကို အင်စတာဂရမ်ပေါ်တင်လိုက်ချိန်မှာ ပရိတ်သတ်တွေအားလုံး
အံ့အားသင့်ခဲ့ရတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းတင်မက ပန်းချီပညာမှာပါ အစွမ်းစတွေပိုင်
ဆိုင်နေတာ တွေ့ရပါတယ်။ ဒီလိုစွမ်းရည်တွေ ထွက်လာဖို့ စိတ်ဓာတ်ခွန်အားတွေကို Park Kyung ရဲ့သီချင်း ”Memories” ကနေ ရရှိခဲ့တယ်လို့ Kim Yoo Jung ကပြောပါတယ်။

”Memories သီချင်းကို နားထောင်ပြီးတော့ ဒီပုံလေး ဆွဲဖြစ်ခဲ့တယ်..ခဏအနားယူနေချိန်
ဆွဲကြည့်မယ်လို့ စိတ်ကူးမိလို့ …” — Kim Yoo Jung

painting2

ကင်မရာတွေရဲ့နောက်ကွယ်က မင်းသမီးလေး Kim Yoo Jung ရဲ့ပန်းချီဟာ အားလုံးကို
မှင်သက်မိန်းမောစေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ လူတွေကလည်း တစ်ချိန်လုံး သရုပ်ဆောင်
နေရတော့ ပန်းချီသင်ဖို့ အချိန်ကောရှိလို့လား.. ဖြစ်နိုင်လားလို့ ဆိုပြီး ဝေဖန်ကြပါတယ်။

သူမပို့စ်အောက်မှာ ဝေဖန်ရေးလုပ်နေတဲ့သူတွေ ပြောလို့မဆုံးသေးချိန် နောက်ထပ် သူမရေးဆွဲ
ထားတဲ့ ပန်းချီကားတစ်ချပ်ပုံကို အင်စတာဂရမ်ပေါ်တင်လိုက်ပြန်ပါတယ်။ ဒီလောက်ဆို ရှုင်းပါပြီ။
သူမဟာ သရုပ်ဆောင်တင်မက ပန်းချီပါတော်တဲ့ အနုပညာရှင်လေးပါ။ Park Kyung ရဲ့”Memories” သီချင်းလေးကိုလည်း ဖော်ပြပေးလိုက်တယ်နော်

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.