မတ္မတ္ Yoona ရဲ ႔အဆူခံလုိက္ရတဲ႔ ေမာင္ေလး Park Bo Gum 😂

မင္းသားေခ်ာ Park Bo Gum တစ္ေယာက္ကျဖင့္ မရုိးေတာ့ဘူးထင္ပါရဲ႔ 😛 မၾကာေသးခင္က ထုတ္လႊင့္ျပသခဲ႔တဲ႔ Hyori’s Bed & Breakfast အစီအစဥ္မွာ Bo Gum တစ္ေယာက္ Yoona ရဲ ႔အဆူခံလိုက္ရတယ္လို႔သိရပါတယ္။Girl’s Generation အဖြဲ႔၀င္ အဆုိေတာ္မင္းသမီးေခ်ာ ေလး Yoona ကသူမေျပာတာကုိနားမေထာင္လုိ႔ဆုိျပီး Bo Gum ကိုဆူခဲ႔တာပါ။ မတ္မတ္အနားကမခြာဘူးတုိ႔ ဘာတုိ႔ 😂

Hyori’s Bed & Breakfast အစီအစဥ္က ရသစံုရွိဳးအစီအစဥ္ျဖစ္ျပီး ျပီးခဲ႔တဲ႔အပိုင္းမွာေတာ့ Hyori ကေနသိပ္မေကာင္းလို႔ အိပ္ရာထဲမွာအနားယူေနခဲ႔ပါတယ္။ဒီအစီအစဥ္မွာ သူမကုိကူညီေပးသူေတြအျဖစ္ Yoona နဲ႔ Park Bo Gum တုိ႔ကပါ၀င္ထားပါတယ္။Hyori ေနမေကာင္းေတာ့ Yoona ကပဲနံနက္စာအတြက္ျပင္ဆင္ျပီး Bo Gum က ေဘးနားကေန အိမ္မႈကိစၥေတြကုိကူညီေပးခဲ႔တယ္လို႔သိရပါတယ္။

အမိႈက္ေတြပစ္တယ္၊ၾကမ္းျပင္ေတြသန္႔ရွင္းေရးလုပ္ေပးတဲ႔အျပင္ေၾကာင္ေလးေနတဲ႔အိမ္ေသးေသးေလး ကုိပါ သန္႔ရွင္းေပးခဲ႔ပါေသးတယ္တဲ႔။ အဲ႔ဒီေနာက္သူ႔ရဲ ႔ရိုက္ကူးမႈအပုိင္းျပီး သြားျပီျဖစ္လို႔Yoona ကသူ႔ကုိအိမ္ျပန္ဖုိ႔ေျပာခဲ႔ပါတယ္။ ဒီေန႔သူအေတာ္ေလးပင္ပန္းသြားျပီျဖစ္လုိ႔ အိမ္ျမန္ျမန္ျပန္ျပီးအနားယူေတာ့လို႔ေျပာခဲ႔တာပါ။

ဒါေပမဲ႔ Bo Gum ကနားမေထာင္ပဲ မပင္ပန္းပါဘူး။အဆင္ေျပတယ္ဆုိျပီး ေမာင္ၾကိဳးစားေလးက Yoona ရဲ ႔ေတာင္းဆုိခ်က္ကုိျငင္းျပီး ဒုတိယထပ္ကုိေတာင္တက္သြားခဲ႔ပါေသးတယ္။ ျပီးေတာ့ သန္႔ရွင္းေရးေတြဆက္လုပ္ေနခဲ႔ပါတယ္။

အဲ႔ဒီမွာေတာ့ Yoona က သူမေျပာတာကုိနားမေထာင္ရ ေကာင္းလားဆုိျပီးေပါက္ကြဲပါေတာ့တယ္ 😂 ျပီးေတာ့ “Hey Park Bo Gum! GO HOME!” ဆုိျပီး ေအာ္ေျပာမွ ေနာက္ဆံုးသူမရဲ ႔စကားကုိ နားေထာင္ခဲ႔ပါတယ္။ေျပာစကားနားမေထာင္တဲ႔ေမာင္ေလး 😅 ဒါေတာင္ မျပန္ေသးပဲ ဧည့္သည္ေတြနဲ႔ Group photo ရိုက္ေနပါေသးတယ္။ဘယ္လိုေတာင္လဲေနာ္ 😍ပရိသတ္ေတြအတြက္သူတုိ႔ႏွစ္ေယာက္ရဲ ႔ပံုေလးေတြကုိ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

Unicode

မင်းသားချော Park Bo Gum တစ်ယောက်ကဖြင့် မရိုးတော့ဘူးထင်ပါရဲ့ 😛 မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ Hyori’s Bed & Breakfast အစီအစဉ်မှာ Bo Gum တစ်ယောက် Yoona ရဲ ့အဆူခံလိုက်ရတယ်လို့သိရပါတယ်။Girl’s Generation အဖွဲ့ဝင် အဆိုတော်မင်းသမီးချော လေး Yoona ကသူမပြောတာကိုနားမထောင်လို့ဆိုပြီး Bo Gum ကိုဆူခဲ့တာပါ။ မတ်မတ်အနားကမခွာဘူးတို့ ဘာတို့ 😂

Hyori’s Bed & Breakfast အစီအစဉ်က ရသစုံရှိုးအစီအစဉ်ဖြစ်ပြီး ပြီးခဲ့တဲ့အပိုင်းမှာတော့ Hyori ကနေသိပ်မကောင်းလို့ အိပ်ရာထဲမှာအနားယူနေခဲ့ပါတယ်။ဒီအစီအစဉ်မှာ သူမကိုကူညီပေးသူတွေအဖြစ် Yoona နဲ့ Park Bo Gum တို့ကပါဝင်ထားပါတယ်။Hyori နေမကောင်းတော့ Yoona ကပဲနံနက်စာအတွက်ပြင်ဆင်ပြီး Bo Gum က ဘေးနားကနေ အိမ်မှုကိစ္စတွေကိုကူညီပေးခဲ့တယ်လို့သိရပါတယ်။

အမှိုက်တွေပစ်တယ်၊ကြမ်းပြင်တွေသန့်ရှင်းရေးလုပ်ပေးတဲ့အပြင်ကြောင်လေးနေတဲ့အိမ်သေးသေးလေး ကိုပါ သန့်ရှင်းပေးခဲ့ပါသေးတယ်တဲ့။ အဲ့ဒီနောက်သူ့ရဲ ့ရိုက်ကူးမှုအပိုင်းပြီး သွားပြီဖြစ်လို့Yoona ကသူ့ကိုအိမ်ပြန်ဖို့ပြောခဲ့ပါတယ်။ ဒီနေ့သူအတော်လေးပင်ပန်းသွားပြီဖြစ်လို့ အိမ်မြန်မြန်ပြန်ပြီးအနားယူတော့လို့ပြောခဲ့တာပါ။

ဒါပေမဲ့ Bo Gum ကနားမထောင်ပဲ မပင်ပန်းပါဘူး။အဆင်ပြေတယ်ဆိုပြီး မောင်ကြိုးစားလေးက Yoona ရဲ ့တောင်းဆိုချက်ကိုငြင်းပြီး ဒုတိယထပ်ကိုတောင်တက်သွားခဲ့ပါသေးတယ်။ ပြီးတော့ သန့်ရှင်းရေးတွေဆက်လုပ်နေခဲ့ပါတယ်။

အဲ့ဒီမှာတော့ Yoona က သူမပြောတာကိုနားမထောင်ရ ကောင်းလားဆိုပြီးပေါက်ကွဲပါတော့တယ် 😂 ပြီးတော့ “Hey Park Bo Gum! GO HOME!” ဆိုပြီး အော်ပြောမှ နောက်ဆုံးသူမရဲ ့စကားကို နားထောင်ခဲ့ပါတယ်။ပြောစကားနားမထောင်တဲ့မောင်လေး 😅 ဒါတောင် မပြန်သေးပဲ ဧည့်သည်တွေနဲ့ Group photo ရိုက်နေပါသေးတယ်။ဘယ်လိုတောင်လဲနော် 😍ပရိသတ်တွေအတွက်သူတို့နှစ်ယောက်ရဲ ့ပုံလေးတွေကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

 

 

210 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.