အခုခေတ်မှာရှားပါးလွန်းတဲ့ သစ္စာရှိဖို့ဆိုတာထင်သလောက်မခက်ခဲပါဘူး….
Unicode
အခုခေတ်ကြီးထဲမှာသစ္စာဆိုတာစကားအနေနဲ့ပဲရှိတော့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်သစ္စာရှိရှိနဲ့သက်ဆုံးတိုင်မချစ်နိုင်ပဲ အကြောင်းမျိုးစုံပြပြီး ခြံခုန်လမ်းခွဲသွားတာတွေ ဖောက်ပြန်သွားတာတွေများကြီးဖြစ်နေပါပြီ။ တကယ်တော့သစ္စာရှိဖို့တည်မြဲဖို့ဆိုတာအတင်းကြီးကြိုးစားစရာမလိုပဲ တကယ်စိတ်ရင်းမှန်နဲ့ချစ်တတ်တဲ့သူတွေအဖို့တော့လွယ်ကူပါတယ်။ဆိုတော့လူတစ်ယောက်ပေါ်တကယ်သစ္စာရှိရှိချစ်မြတ်နိုးတတ်ပြီးသက်ဆုံးတိုင်လက်တွဲသွားနိုင်ဖို့ဆိုရင်သင့်စိတ်ထဲမှာ ဘယ်လိုစိတ်မျိုးလေးတွေရှိနေရင်ရပြီလဲဆိုတာ…
(၁) တကယ်စိတ်ရင်းမှန်တဲ့ချစ်တာမျိုးဖြစ်ပါစေ။ အပေါ်ယံအပြင်ဆင်တွေ အပေါ်ယံ ကောင်းတာလေးတွေပဲ ရွေးကြိုက်တာမျိုးမဟုတ်ပဲ တကယ့်စိတ်ရင်းနဲ့ရင်ခုန်မိသွားတာမျိုး ၊ ချစ်မိသွားတာမျိုးဖြစ်ပါစေ။
(၂) ငြီးငွေ့လို့ရပါတယ်။ အချစ်မလျော့့ပါနဲ့။ လူတွေရဲ့သဘောသဘာဝအရ ကြာကြာတွဲနေရတဲ့ကိုယ့်ဘေးက လူတွေကိုငြီးငွေ့တတ်ကြပါတယ်။ ငြီးငွေ့တာကငြီးငွေ့လို့ရပေမဲ့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ချစ်တွေကို ကိုလျော့မပစ်လိုက်ပါနဲ့။
(၃) မလှတော့ဘူး ၊ အရင်ချစ်တုန်းကလောက်မပြည့်စုံတော့ဘူးလို့ခံစားရတဲ့အခါ အရင်အချိန်ကိုယ်သူနဲ့စချစ်သူဖြစ်ဖြစ်ချင်းကဘယ်လောက်ချစ်စရာကောင်းခဲ့ကြောင်းကိုပြန်တွေးပြီး ကိုယ်နဲ့ပတ်သတ်ပြီးစိတ်ပူရတာတွေစိုးရိမ်ရတာတွေများလာလို့သူအိုစာသွားတယ်ဆိုတာကိုသတိုရပါ။ မလှတော့လို့ပစ်တော့မယ်ကြံရင် သင့်နားမှာလှတပတလေးနေခဲ့ပေးတဲ့အချိန်တွေးကိုလူဆန်ဆန်ပြန်စဉ်းစားကြည့်ပါ။
(၃) အရင်လိုနွေးထွေးမှုမရှိတော့လို့ဆိုတဲ့အကြောင်းပြ ချက်တွေမပေးပါနဲ့။ အရင်လိုနွေးထွေးတဲ့အပြုမူတွေကို သူ့ဆီကမရဘူးဆိုတာကိုအရင်မတွေးပဲကိုယ်ကရောအရင်လိုဆက်ဆံလား၊ အရင်လိုချစ်ပြ ကြင်နာပြလားဆိုတာမျိုးကိုတွေးကြည့်ပါ။ လူတွေကကိုယ့်မျက်ချေးကိုယ်မမြင်ပဲ အတ္တကြီးတတ်ကြပါတယ်။တကယ်တော့တစ်ချို့သောကွဲကွာခြင်းလမ်းခွဲခြင်းတွေဟာ ချစ်ရဲ့သားနဲ့တဒင်္ဂခံစားချက်ကြောင့် မှားယွင်းတဲ့ခွဲခွာခြင်းမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship တစ်ခုကိုကောင်းကောင်းဆိုးဆိုးနားလည်လက်ခံနိုင်အောင်ကြိုးစားပြီး လက်ရှိကိုယ့်ဘေးနားမှာဖြူစင်စွာအနစ်နာခံချစ်ပေးနေတဲ့ချစ်သူကိုတန်ဖိုးထားကာထာဝရလက်တွဲသွားနိုင်ကြပါစေ….
577 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.