အစွဲလန်းကြီးတဲ့လူတစ်ယောက်နဲ့သင်ပတ်သတ်မိနေပြီလား…ဒါဆိုရင်တော့ဒါလေးတွေကိုသိထားပေးပါ

လူတစ်ယောက်နဲ့တစ်ယောက် ဟာ နက်ရှို့င်းတဲ့စိတ်အတွင်းထဲက ခံစားချက်ချင်းတစ်ယောက်နဲ့တစ်ယောက်မတူညီတတ်ကြပါဘူး။ တစ်ချို့လူတွေကတစ်စုံတစ်ခုကိုကြိုက်တတ်တယ် ချစ်တတ်တယ် ဒါမဲ့မစွဲလန်းတတ်ဘူး၊ တစ်ချို့ကတော့ မကြိုက်တတ်ဘူး မချစ်တတ်ဘူးဒါမဲ့ စွဲလန်းကြီးတတ်ကြတယ်၊အဲ… တစ်ချို့ကျပြန်တော့လည်း ပင်ပန်းချင်တော့ ချစ်လည်းချစ်တတ် ကြိုက်လည်းကြိုက်တတ်ပြီး အစွဲလန်းလည်းကြီးတတ်ကြပြန်ရော ၊ ဆိုတော့ သိပ်ကိုအစွဲလန်းကြီးတတ်သူတစ်ယောက်နဲ့ကိုယ်ဟာချစ်မိနေပြီပတ်သတ်နေမိပြီဆိုရင်တော့ဒီအချက်လေးတွေကို သိထားဖို့လိုပါပြီ…
(၁) သူ့စိတ်လေးကိုနားလည်နိုင်ကြောင်းပြပါ။ စွဲလန်းကြီးတဲ့သူတွေဆိုတာ ပုံမှန်ကြည့်ရင်သာသာမန်လူလို့ထင်ရပင်မဲ့ ဆိုက်ဂိုသမားတွေလို့ဆိုလည်းမမှားနိုင်ပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ တော်ရုံလူကို မထားတတ်ပေမဲ့ သူတို့ချစ်သွားပြီးသူတို့စွဲလန်းမိသွားပြီဆိုရင်လည်း သနားစရာကောင်းလောက်အောင်ချစ်တတ်သွားတာမလို့ သူတို့ရဲ့အချစ်ကြီးစိတ်၊ စွဲလန်းစိတ်လေးကို ကိုယ့်ဘက်ကနားလည်နိုင်ကြောင်းပြပါ။

(၂) တစ်ခြားရှုပ်ရှုပ်ယှက်ယှက်မရှိကြောင်းသူသာရှိကြောင်းသိသာအောင်ထုတ်ပြပါ။ အစွဲလန်းကြီးသူတွေက ကိုယ့်ချစ်သူကို သ၀န်တို အူတိုတဲ့နေရာမှာတစ်ခြားသူထက် ၃ ဆလောက်ပိုတိုတတ်ပါတယ်။နောက်ဆုံး မင်းသားမင်းသမီးနဲ့တောင်ထိုင်သ၀န်တိုတတ်နေတာမျိုး၊ ရူးတယ်ထင်ရပင်မဲ့သိပ်ချစ်လွန်းလို့ဖြစ်ကြတယ်ဆိုတာကို သိထားရင် ကြည်နူးစရာကောင်းပါတယ်။ဒါကြောင့်သူ့စိတ်လေးအေးချမ်းအောင် အနေထိုင်ဆင်ခြင်ပြီး သူ့တစ်ယောက်တည်းသာ ရှိကြောင်းအများရှေ့မှာပါချပြပြီးသူ့စိတ်လေးကို ငြိမ်းအောင်လုပ်ပေးပါ။

(၃) သူ့ရဲ့အစွဲလန်းကြီးမှုကို မငြီးငွေ့ပါနဲ့။ သိပ်ချစ်သိပ်အစွဲလန်းကြီးတော့သင်မှသင်ပဲ ဆိုပြီးသင့်နောက်က တစ်ကောက်ကောက်လိုက် ၊ သင့်ကို တစ်တွက်တွက်လိုက်စိတ်ပူနေတာမျိုးတွေကို စိတ်ပျက်ငြီးငွေ့သွားတာမျိုးမဖြစ်ပါနဲ့။ ဒါတွေကမင်းကိုချစ်လို့ဆိုတာ မင်းကသူ့အတွက်အရေးပါလို့ဆိုတာကိုခံစားရရင် တကယ်ကြည်နူးစရာပါပဲ။

(၄) သင်ဟာသူ့ဘ၀အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာသိပါစေ။ အစွဲလန်းကြီးသူတွေရဲ့သနားစရာကောင်းဆုံးအချိန်ဟာ ကိုယ်ယုံကြည်ထားတဲ့သူ ကိုယ်ကိုးကွယ်ထားတဲ့သူ ကိုယ်သိပ်ချစ်ရတဲ့သူတွေရဲ့ဥပေက္ခာပြုခြင်းကို ခံလိုက်ရတဲ့အချိန်တွေပါပဲ။ ဒါကြောင့်သူ့ဘ၀မှာသင်ဟာသိပ်အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုရင်တော့ အရူးတစ်ယောက်လိုနာကျင်မခံစားရအောင် ဂရုစိုက်ပြီးဥပေက္ခာမပြုပဲချစ်ပေးသင့်ပါတယ်။

(၅) တစ်ခါတစ်ခါ ဖြစ်ပေါ်လာတဲ့သူရဲ့ရူးသွပ်မှုတွေအတွေးတွေကို နားလည်ပြီးထိန်းချုပ်နိုင်အောင်ကူညီပေးပါ။ စွဲလန်းလွန်းအားကြီးတော့ အရှည်ကြီးတွေလျှောက်တွေးတာမဖြစ်နိုင်တာတွေ လျှောက်စဉ်းစားတာ ၊မျိုးတွေ နဲ့စိတ်ပင်ပန်းတတ်ကြပါတယ်။ ဒီလိုချိန်တွေဖြစ်လာတဲ့အခါ ကိုယ့်ဘက် သူ့ရဲ့ရူးသွပ်တဲ့အတွေးတွေကို အပြစ်မတင်ပဲ နားလည်လာအောင် သူ့စိတ်ရှင်းသွားအောင် ကူညီပြီး ဖြေရှင်းပေးဖို့လိုပါတယ်။ အစွဲလန်းကြီးတဲ့ချစ်သူတွေဆိုတာ တစ်ခါတစ်ရံရူးကြောင်ကြောင်နိုင်ပေမဲ့တကယ့်ကိုမေတ္တာတရားကြီးမားပြီးသစ္စာရှိတတ်ကြတာမလို့ ဘယ်တော့မှကိုယ့်ကိုနာကျင်အောင်မလုပ်တတ်တဲ့ ချစ်သူကောင်းတွေဆိုတာသင်ယုံလိုက်ပါ….

255 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.