ဒီထဲမှာ သင်ပထမဆုံးမြင်ရတဲ့ပုံရိပ်က သင့်ရဲ့ အကောင်းဆုံးအရည်အချင်းပါပဲ
၎)လူအုပ်ကြီးကိုတွေ့တယ်ဆိုရင်…
Unicode
သင်ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သင့်မှာ အကောင်းဆုံးအရာတစ်ခုရှိနေတယ်ဆိုတာ သိရဲ့လား? ကိုယ်တွေအားလုံးမှာ အကောင်းဆုံးအရာတစ်ခုကအမြဲရှိနေတာမို့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက် ထားပါ။ကိုယ့်ကိုယ့်ကိုယ်ချစ်ပါလို့အမြဲတမ်းပြောနေရတာပါပဲ။ဒါဖြင့် သင့်မှာရှိတဲ့အကောင်းဆုံးအရာ ကဘာများလဲ?ဘာလဲဆိုတာ ဒီပုံထဲမှာ ပထမဆုံးသင်မြင်တွေ့ရတဲ ့ပုံရိပ်ကပြောပြနေပါလိမ့် မယ်တဲ့။ဒီပုံထဲမှာသင်ပထမဆုံးမြင်လိုက်ရတဲ့ပုံရိပ်က…
၁)မုတ်ဆိတ်မွှေးနဲ့လူဖြစ်နေတယ်ဆိုရင်…
တကယ်လို့များသင်ကမုတ်ဆိတ်မွှေးနဲ့လူကို အရင်ဆုံးမြင်တွေ့တယ်ဆိုရင် သင့်ရဲ ့အကောင်းဆုံးအရာက ဇွဲမလျှော့ပဲကြိုးစားတာပါတဲ့။ဘယ်လောက်ပဲ သင့်ရဲ ့ပန်းတိုင်ရောက်ဖို့ အခက်အခဲတွေများများသင်ကနောက်ပြန်လှည့်လေ့မရှိပဲမရမနေဇွဲမလျှော့ပဲကြိုးစားသူတစ်ယောက် ဖြစ်ပါတယ်။တစ်ခြားသူတွေက သင့်ရဲ ့အောင်မြင်မှုပန်းတိုင်မရောက်မချင်း အသိအမှတ် ပြုလေ့မရှိရင်တောင် သူတို့ကိုဂရုမစိုက်ပဲ သေချာအစီအစဉ်ချပြီးဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုက သင်နဲ့လက်တစ်ကမ်းအကွာမှာပါပဲ။
၂)အနုပညာရှင်ကိုမြင်တယ်ဆိုရင်…
သင်က ပထမဆုံးအနုပညာရှင်တစ်ယောက်ကိုမြင်လိုက်တယ်ဆိုရင် သင့်ရဲ ့အကောင်းဆုံးအရာ ကတော့ စိတ်ကူးနိုင်စွမ်းမြင့်မားတာပါတဲ့။အနုပညာရှင်ကိုမြင်တာဖြစ်တဲ ့အတွက် သင့်ရဲ ့စိတ်ဟာလည်း အနုပညာရှင်တွေရဲ ့အတွေးအခေါ်လိုမျိုးစိတ်ကူးနိုင်စွမး်ရှိပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးကြိုးစားရင်ကြိုးစားသလောက်အောင်မြင်မှုတွေရမှာပါ။ တစ်ခြားသူတွေကလည်း သင်နဲ့ အတူအချိန်ကုန်ဆုံးရတာကိုသဘောကျပါတယ်။ဘာလို့လဲဆိုတော့သင်နဲ့အတူ သင့်ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်နိုင်လို့ပါ။ဥပမာ သင့်ရဲ ့စိတ်ကူးကောင်းကောင်းနဲ ့ရေးသားထား တဲ့စာအုပ်က တစ်ခြားသူတွေကိုစိတ်ကူးကမ္ဘာထဲမျောသွားစေနိုင်တဲ့သဘောပါပဲ။
၃)မျက်နှာဖုံးလိုမျိုးပုံစံကိုမြင်တွေ့ခဲ့တယ်ဆိုရင်…
သင်ကမျက်နှာဖုံးပုံစံကို ပထမဆုံးမြင်တွေ့ခဲ့တယ်ဆိုရင်တော့ သင်က စကားပြောကောင်းသူ တစ်ယောက်ပါတဲ့။ အာဝဇ္ဇန်းရွှင်တယ်ပေါ့။သင့်ဘေးနားကလူတွေသင့်ပြောစကားမှာမျောသွား လောက်အောင်စကားပြောလိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ပါတယ်။အတွေးအခေါ်လည်းကောင်းတယ်။စကားပြောလည်းကောင်းပြီးဘယ်စကားလုံးကိုဘယ်နေရာမှာထည့်သုံးသင့်တယ်ဆိုတာသိထားသူတစ်ယောက်ပါ။သင့်ရဲ့စကားပြောကောင်းတာကိုမှန်မှန်ကန်ကန်သုံးတတ်ဖို့တော့လိုတယ်နော်။
၄)လူအုပ်ကြီးကိုတွေ့တယ်ဆိုရင်…
တကယ်လို့များ သင်လူအုပ်ကြီးကို ပထမဆုံးမြင်လိုက်တာဆိုရင် သင့်ရဲ ့အကောင်းဆုံးအရာ ကတော့ စိတ်အားထက်သန်တက်ကြွတာပါတဲ့။အထူးသဖြင့် တစ်ခြားသူတွေနဲ့ပြောဆို ဆက်ဆံတဲ့အခါမျိုး မှာပေါ့။သူများတွေလို တွန့်ဆုတ်နေတာမျိုးမရှိပဲ လူစိမ်းတွေနဲ့လည်း ပေါ့ပေါ့ပါးပါးနှုတ်ဆက်တဲ့စတိုင်လ်မျိုးပါ။သင်က ဒီကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းနဲ့သိရတာ ကောင်းတယ်လို့ယုံကြည်ထားသူလည်းဖြစ်ပါတယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ
ဖြစ်ပြီးသင့်ရဲ ့အပြုံးနဲ့တစ်ခြားသူတွေကိုလည်းပျော်ရွှင်စေတဲ့သူမျိုးပါတဲ့။ သင့်ကိုလည်း လူတိုင်းကချစ်ခင်နှစ်သက်ကြတဲ့ ဆက်ဆံရေးမျိုးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
သင့်မှာဒီလိုကောင်းမွန်တဲ့အရာတွေရှိနေလို့ ကမ္ဘာကြီးကိုအကောင်းမြင်စိတ်တွေနဲ့ကြည့်ဖို့ မမေ့ပါနဲ့။သင့်ဘဝ၊သင့်အကြောင်းက ဘယ်လောက်ပဲဆိုးဆိုး ဒီကမ္ဘာကြီးက
သင်ရှိနေတဲ့အတွက် ပိုပြီးလှပကောင်းမွန်နေတာပါ …Love yourself ! 😍
273 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.