ကမ်းခြေသွားကဲဖို့ အစီစဉ်ရှိတယ်ဆို ဒါလေးတွေတော့ လုပ်ကြည့်

အခုချိန်ကတော့ ကမ်းခြေသွားလို့မကောင်းသေးပေမယ့် လာမယ့်ခရီးသွားရာသီဆို အားလုံး
ကိုယ်စီ သွားမယ့်နေရာလေးတွေကို စဉ်းစားနေကြမှာပါ။ ကမ်းခြေသွားမယ်လို့ စဉ်းစားထားရင်
ပေါ့… သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့အေးဆေးသွားရင်ပဲဖြစ်ဖြစ် ကမ်းခြေရောက်ရင် ဒါ
လေးတွေတော့ လုပ်ကြည့်ပါလို့ ..

သဲရဲတိုက်လေး ဆောက်

Image result for sandcastles
ကမ်းခြေရောက်ပြီဆိုမှတော့ သဲနဲ့လုပ်ထားတဲ့ အိမ်လေးပဲဖြစ်ဖြစ် ၊ ရဲတိုက်လေးပဲဖြစ်ဖြစ် ကိုယ်ဆောက်တတ်သလို ဆောက်ပြီး ပုံဖော်ကြည့်ပါ။ ကိုယ်ဆောက်လိုက်တဲ့ သဲအိမ်လေးဟာ ချစ်ဖို့ကောင်းချင်လည်း ကောင်းနေမှာ။ ဒါမှမဟုတ်ရင် ကိုယ်ချစ်သူ ၊ ခင်သူတွေရဲ့နာမည်ကို သဲပေါ်မှာ အမှတ်တရရေးပေးတာမျိုးလေးတွေလည်း ဘာမှမဟုတ်ပေမယ့် ရိုမန်တစ်ဆန်တယ်နော့။

ခရုခွံလေးတွေ ကောက်

Related image
ဘယ်ကမ်းခြေပဲသွားသွား ခရုခွံလေးတွေတော့ သင်တွေ့မှာပါ။ ခရုခွံလေးတွေကောက်၊
သေချာရေဆေး သိမ်းထားပြီး လက်ဆောင်ပေးလို့လည်းရသလို၊ ကိုယ့်ဘာသာ အိမ်မှာဖန်လေး
ထဲထည့်ပြီး အလှထား,ထားချင်လည်း ရတာပေါ့။

အဖွဲ့လိုက် ကစား

Related image
ကမ်းခြေ လွင်ပြင်ကျယ်ကြီးမှာ စိတ်လွတ်ကိုယ်လွတ် ဆော့လို့ရထားတုန်း ဆော့လိုက်ပါ။
ဘောလုံးကန်၊ ဘောလီဘော စတဲ့ ကြိုက်တဲ့ ကစားနည်းနဲ့ကစားပါ။ မွန်းကြပ်တဲ့ မြို့ ပြထဲ
ပြန်မရောက်ခင် ဒါလေးတွေတော့ အသက်ငယ်ငယ်၊ ကြီိးကြီး ဆော့သင့်တာအမှန်ပါ။

ရေငုပ်ကြည့်ပါ

Related image
အခုဆို ကမ်းခြေတော်တော်များများမှာ snorkeling လုပ်လို့ရနေပါပြီ။ ဘဝမှာတစ်ခါလောက်
တော့ ရေအောက်ထဲက အလှတွေကို ခံစားကြည့်သင့်တယ်နော်။ ဒီ ဖီလင်ဟာ ဘာနဲ့မှမတူဘူး
ဆိုတာ ကိုယ်တိုင်သွားကြည့်မှပဲ သိမှာပါ။ ပြောပြရုံလောက်နဲ့ ရင်ထဲမထိလောက်ပါဘူး။

နေဝင်ချိန်

Image result for sunset on the beach
ကမ်းခြေရဲ့ညနေ နေဝင်ချိန်ကတော့ အလှဆုံးရှုခင်းပါပဲ။ လေလေး တဖြူးဖြူးနဲ့ သဲသောင်ပြင်
ပေါ်ထိုင်၊ သူငယ်ချင်းတွေ (သို့) ချစ်သူနဲ့ ဝိုင်းဖွဲ့ပြီး နေဝင်ချိန်ကို ခံစားပြီးရင်း မီးပုံလေးထိုး ၊
ဂစ်တာတီး ၊ သီချင်းဆို ၊ သောက်စားပျော်ပါး.. တွေးရင်းနဲ့တောင်သွားချင်လာသလိုလို။

Related image

ကမ်းခြေရောက်ပြီဆိုတာနဲ့ ပင်လယ်ကြီးဆီပြေးပြီး ခြေပစ်လက်ပစ်အော်ဖူးကြလား…
မအော်ဖူးသေးရင် အော်ကြည့်လိုက်နော်… အရမ်းကိုပေါ့ပါးလန်းဆန်းသွားမယ်။ကမ်းခြေရောက်မှတော့ ဒါလေးတွေကို လုပ်သွားသင့်တယ်နော်.. သွားရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

136 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.