ခ်စ္သူစံုတြဲတုိင္း အြန္လိုင္းေပၚမွာမလုပ္သင့္တဲ႔ အေရးၾကီးဆံုးအရာက ဘာမ်ားလဲ?

ဒီတစ္ခါေတာ့ ခ်စ္သူစံုတြဲေတြျဖစ္တတ္တဲ႔အေၾကာင္းအရာေလးေတြနဲ႔ အၾကံဥာဏ္ေကာင္းေလး တစ္ခ်ိဳ႔ ျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။တစ္ခါတစ္ေလ ခ်စ္သူရည္းစားေတြအြန္လိုင္းမွာရန္ျဖစ္တယ္၊ ဒါေပမဲ႔မ်က္ႏွာခ်င္းဆုိင္ ေတ႔ြတဲ႔အခါမွာေတာ့ အဲ႔ဒီျပႆနာဟာ ဘာမွမဟုတ္သလိုျဖစ္သြားျပီး ျပန္တည့္သြားတတ္ၾကတယ္ဟုတ္! ဒီလုိျဖစ္တတ္တာကိုလည္းခ်စ္သူစံုတြဲတုိင္းလုိလုိ သတိထားမိၾကမွာပါ။

အဆင္ေျပေပ်ာ္ရႊင္တဲ႔ခ်စ္သူစုံတြဲေလးေတြျဖစ္ဖုိ႔ ကိစၥအေၾကာင္းအရာတစ္ခုေၾကာင့္
ရန္ျဖစ္ေတာ့မယ္။ခ်စ္သူကိုအျပစ္တင္စကားဆုိမယ္ဆုိရင္ေတာင္ အြန္လိုင္းေပၚကေန စာရိုက္ပို႔တာ၊ အြန္လိုင္းေပၚမွာရန္ျဖစ္တာကုိ ေရွာင္သင့္တယ္လို႔စိတ္ပညာပိုင္းဆုိင္ရာ ကြ်မ္းက်င္သူ Dr. Stan Tatkin က အၾကံေပးထားပါတယ္။တစ္ခ်ိဳ႔ဆုိရင္ အျပင္မွာေတြ႔ေနတုန္းအဆင္ေျပေပမဲ႔ အြန္လုိင္းမွာေတြ႔တဲ႔အခါ စကားနာထိုးတာမ်ိဳး၊ရန္စကားစမိတာမ်ိဳးေတြျဖစ္တတ္ျပီး အဆင္ေျပေနတဲ႔ဆက္ဆံေရးကုိပုိျပီးဆုိး၀ါးေအာင္လုပ္မိတတ္ၾကပါတယ္။

Dr. Stan Tatkin ရဲ စကားအရ အြန္လုိင္းေပၚမွာစကားမ်ားရန္ျဖစ္တာဟာ မ်က္ႏွာခ်င္းဆုိင္ မဟုတ္တဲ႔အတြက္ ခံစားခ်က္ေတြကုိဖံုးကြယ္ထားသလိုမ်ိဳးျဖစ္ေနျပီး ဒီလုိဖုန္းမ်က္ႏွာျပင္ကေန စကားစစ္ထုိးေနတာက ကားေမာင္းေနရင္းမ်က္ႏွာလႊဲထားသလုိမ်ိဳးပဲ မွားယြင္းတဲ႔ဆံုးျဖတ္ခ်က္ တစ္ခုပါ။ျပႆနာေသးေသးေလးကအစ ေျဖရွင္းဖုိ႔အတြက္မ်က္လံုးခ်င္းဆက္သြယ္စကားေျပာ ဖုိ႔လိုအပ္ပါတယ္တဲ႔။

မ်က္ႏွာခ်င္းဆုိင္ေျဖရွင္းတာက တစ္ေယာက္ရဲ ႔မ်က္ႏွာအရိပ္အကဲကုိပုိသိႏုိင္ျပီး စကားမ်ားေနရင္ေတာင္ ဒီစကားက သူ႔ရင္ထဲက တကယ္လာတဲ႔စကားလား၊တမင္နာက်င္ေအာင္ ေျပာတဲ႔စကားလားဆုိတာ အကဲခတ္လုိ႔ရပါတယ္။ျပီးေတာ့ အြန္လိုင္းေပၚမွာစကားမ်ားရန္ျဖစ္တာက အေျခအေနကုိပုိျပီးဆုိးေစျပီး မ်က္ႏွာခ်င္းဆုိင္ေျဖရွင္းတာကသာ အခ်ိန္တိုတုိနဲ႔ျပႆနာ ကုိေျပလည္ေအာင္ ေျဖရွင္းႏုိင္တယ္လို႔သိရပါတယ္။ရန္ျဖစ္ျပီးျပန္ခ်စ္ၾကတယ္ဆုိေပမဲ႔လည္း အြန္လိုင္းေပၚမွာစကားမ်ားရန္ျဖစ္တာကုိေတာ့ အတတ္ႏုိင္ဆံုးေရွာင္သင့္ပါတယ္။

ဒါေၾကာင့္ ခ်စ္သူစံုတြဲေတြရန္ျဖစ္စကားမ်ားတဲ႔အခါ အြန္လုိင္းေပၚမွာစကားမ်ား၊စကားနာထုိးတာက အေျခအေနကုိပုိျပီးဆုိး၀ါးေစပါတယ္။ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ျဖစ္ အျပင္မွာမ်က္ႏွာခ်င္း ဆုိင္ေတြ႔ျပီးေျဖရွင္းၾကပါလို႔ အၾကံျပဳလိုက္ပါရေစ။အျပင္မွာေျဖရွင္းတာက စိတ္ဆုိးေနရင္ေတာင္ ေခ်ာ့လို႔ရတဲ႔နည္းေလးေတြအမ်ားၾကီးရွိတယ္ေနာ္😉 ခဏေလးနဲ႔ျပန္ျပီးေျပလည္သြားမွာေသခ်ာပါ့ ❤️

Unicode

ဒီတစ်ခါတော့ ချစ်သူစုံတွဲတွေဖြစ်တတ်တဲ့အကြောင်းအရာလေးတွေနဲ့ အကြံဉာဏ်ကောင်းလေး တစ်ချို့ ပြန်ပြီးမျှဝေပေးချင်ပါတယ်။တစ်ခါတစ်လေ ချစ်သူရည်းစားတွေအွန်လိုင်းမှာရန်ဖြစ်တယ်၊ ဒါပေမဲ့မျက်နှာချင်းဆိုင် တွေ့တဲ့အခါမှာတော့ အဲ့ဒီပြဿနာဟာ ဘာမှမဟုတ်သလိုဖြစ်သွားပြီး ပြန်တည့်သွားတတ်ကြတယ်ဟုတ်! ဒီလိုဖြစ်တတ်တာကိုလည်းချစ်သူစုံတွဲတိုင်းလိုလို သတိထားမိကြမှာပါ။

အဆင်ပြေပျော်ရွှင်တဲ့ချစ်သူစုံတွဲလေးတွေဖြစ်ဖို့ ကိစ္စအကြောင်းအရာတစ်ခုကြောင့်
ရန်ဖြစ်တော့မယ်။ချစ်သူကိုအပြစ်တင်စကားဆိုမယ်ဆိုရင်တောင် အွန်လိုင်းပေါ်ကနေ စာရိုက်ပို့တာ၊ အွန်လိုင်းပေါ်မှာရန်ဖြစ်တာကို ရှောင်သင့်တယ်လို့စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Dr. Stan Tatkin က အကြံပေးထားပါတယ်။တစ်ချို့ဆိုရင် အပြင်မှာတွေ့နေတုန်းအဆင်ပြေပေမဲ့ အွန်လိုင်းမှာတွေ့တဲ့အခါ စကားနာထိုးတာမျိုး၊ရန်စကားစမိတာမျိုးတွေဖြစ်တတ်ပြီး အဆင်ပြေနေတဲ့ဆက်ဆံရေးကိုပိုပြီးဆိုးဝါးအောင်လုပ်မိတတ်ကြပါတယ်။

Dr. Stan Tatkin ရဲ စကားအရ အွန်လိုင်းပေါ်မှာစကားများရန်ဖြစ်တာဟာ မျက်နှာချင်းဆိုင် မဟုတ်တဲ့အတွက် ခံစားချက်တွေကိုဖုံးကွယ်ထားသလိုမျိုးဖြစ်နေပြီး ဒီလိုဖုန်းမျက်နှာပြင်ကနေ စကားစစ်ထိုးနေတာက ကားမောင်းနေရင်းမျက်နှာလွှဲထားသလိုမျိုးပဲ မှားယွင်းတဲ့ဆုံးဖြတ်ချက် တစ်ခုပါ။ပြဿနာသေးသေးလေးကအစ ဖြေရှင်းဖို့အတွက်မျက်လုံးချင်းဆက်သွယ်စကားပြော ဖို့လိုအပ်ပါတယ်တဲ့။

မျက်နှာချင်းဆိုင်ဖြေရှင်းတာက တစ်ယောက်ရဲ ့မျက်နှာအရိပ်အကဲကိုပိုသိနိုင်ပြီး စကားများနေရင်တောင် ဒီစကားက သူ့ရင်ထဲက တကယ်လာတဲ့စကားလား၊တမင်နာကျင်အောင် ပြောတဲ့စကားလားဆိုတာ အကဲခတ်လို့ရပါတယ်။ပြီးတော့ အွန်လိုင်းပေါ်မှာစကားများရန်ဖြစ်တာက အခြေအနေကိုပိုပြီးဆိုးစေပြီး မျက်နှာချင်းဆိုင်ဖြေရှင်းတာကသာ အချိန်တိုတိုနဲ့ပြဿနာ ကိုပြေလည်အောင် ဖြေရှင်းနိုင်တယ်လို့သိရပါတယ်။ရန်ဖြစ်ပြီးပြန်ချစ်ကြတယ်ဆိုပေမဲ့လည်း အွန်လိုင်းပေါ်မှာစကားများရန်ဖြစ်တာကိုတော့ အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

ဒါကြောင့် ချစ်သူစုံတွဲတွေရန်ဖြစ်စကားများတဲ့အခါ အွန်လိုင်းပေါ်မှာစကားများ၊စကားနာထိုးတာက အခြေအနေကိုပိုပြီးဆိုးဝါးစေပါတယ်။ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် အပြင်မှာမျက်နှာချင်း ဆိုင်တွေ့ပြီးဖြေရှင်းကြပါလို့ အကြံပြုလိုက်ပါရစေ။အပြင်မှာဖြေရှင်းတာက စိတ်ဆိုးနေရင်တောင် ချော့လို့ရတဲ့နည်းလေးတွေအများကြီးရှိတယ်နော်😉 ခဏလေးနဲ့ပြန်ပြီးပြေလည်သွားမှာသေချာပါ့ ❤️

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.