“What’s Wrong With Secretary Kim” ရဲ့ အောင်မြင်ချက်ကြီးက လန်ထွက် 😬
5. Park Hyung Sik (“Suits”)
6. Jang Dong Gun (“Suits”)
Unicode
ကိုရီးယားဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “What’s Wrong With Secretary Kim” ဇာတ်ကားဟာအခုဆိုရင် စတင်ပြသတဲ့အပိုင်းတည်းကပရိသတ်တွေရဲ ့အားပေးမှုရရှိ လာတာ တရစပ်ပါပဲ။ကိုရီးယားရုပ်သံဌာနက ထုတ်လွှင့်ပြသဆဲဇာတ်လမ်းတွဲတွေထဲမှာ ဒီဇာတ်လမ်းတွဲဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ပရိသတ်တွေကိုရရှိလာခဲ့တာပဲဖြစ်ပါတယ်။ထုတ်လွှင့်ပြသချိန်ကစလို့ နှစ်ပတ်တိုင်တိုင် ကြည့်ရှုနှုန်းအများဆုံးဇာတ်လမ်းတွဲစာရင်းမှာနံပါတ်တစ်ဖြစ်ခဲ့သလို အရင်ပထမတစ်ပတ်ကထက် ပိုပြီးကြည့်ရှုသူများလာခဲ့တယ်လို့လည်းသိရပါတယ်။
“What’s Wrong With Secretary Kim” ဇာတ်ကားဟာ မင်းသားချော Park Seo Joon နဲ့မင်းသမီးချော Park Min Young တို့ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဒရာမာ ဇာတ်လမ်းပုံစံပါ။လူငယ်ကြိုက်အချစ််ဇာတ်ကားဖြစ်တဲ့အပြင် ထူးခြားတဲ့ဇာတ်ကောင် စရိုက်နဲ့မင်းသားကြောင့်လည်း ပရိသတ်တွေက ပိုပြီးသဘောကျနေတာပါ(ကိုယ်အပါအဝင်ပေါ့) ။
ပရိသတ်တွေကိုဆွဲဆောင်နိုင်ဆုံး၊ကြည့်ရှုနှုန်းအများဆုံးဇာတ်လမ်းတွဲကိုစာရင်းလုပ်ကြည့်တဲ့အခါမှာအခုလိုပဲတွေ့ရပါတယ်တဲ့။လက်ရှိပြသနေဆဲဒရာမာဇာတ်လမ်းတွဲ ၂၄ကားရှိတဲ့အထဲကမှ …
1. tvN’s “What’s Wrong with Secretary Kim” (23.44 percent)
2. KBS2’s “Are You Human, Too?” (9.82 percent)
3. KBS2’s “Suits” (9.32 percent)
4. tvN’s “Lawless Lawyer” (7.46 percent)
5. JTBC’s “Miss Hammurabi” (6.26 percent)
6. OCN’s “Life on Mars” (5.2 percent)
7. SBS’s “Wok of Love” (4.58 percent)
8. tvN’s “About Time” (4.19 percent)
9. KBS2’s “Mysterious Personal Shopper” (4.15 percent)
10. MBC’s “Come and Hug Me” (3.78 percent)
ပရိသတ်သဘောအကျဆုံးအနုပညာရှင်စာရင်းလုပ်ကြည့်တဲ့အခါမှာလည်း
1. Park Seo Joon (“What’s Wrong with Secretary Kim”)
2. Park Min Young (“What’s Wrong with Secretary Kim”)
3. Seo Kang Joon (“Are You Human, Too?”)
4. Lee Tae Hwan (“What’s Wrong with Secretary Kim”)
5. Park Hyung Sik (“Suits”)
6. Jang Dong Gun (“Suits”)
7. Gong Seung Yeon (“Are You Human, Too?”)
8. Lee Joon Gi (“Lawless Lawyer”)
9. Seo Ye Ji (“Lawless Lawyer”)
10. Jung Kyung Ho (“Life on Mars”)
ဒီလိုမျိုး “What’s Wrong with Secretary Kim” က နံပါတ်တစ်နေရာကနေဦးဆောင်နေတာပါ။
ကိုရီးယားဇာတ်လမ်းတွဲလောကမှာ ဒီဇာတ်လမ်းတွဲက ပရိသတ်အားပေးမှုတွေ တောက်လျှောက်ရရှိဦးမယ့်ဇာတ်လမ်းတွဲဖြစ်လာမယ်ဆိုတာသေချာပါတယ်။ မကြည့်ရသေးတဲ့ပရိသတ်တွေကိုလည်း လက်တို့လိုက်ပါဦးနော် 😉😉😉
686 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.