အလှသိပ်မပြင်တတ်တဲ့ကောင်မလေးတွေရထားတာလည်းတစ်မျိုးကံကောင်းပါတယ်….

(၂) အချိန်ကုန်သက်သာတယ်

Unicode

တစ်ချို့ကောင်မလေးတွေရှိပါတယ်(ဥပမာ-ကိုယ်လိုပေါ့ 😛 ) မိန်းမတန်မဲ့အလှမကြိုက်တာလားဆိုတော့လည်းမဟုတ်ပြန်ဘူး ၊ သိပ်အလှကြိုက်တာပေါ့ သိပ်လှချင်တာ သိပ်ပြင်တတ်ချင်တာဒါမဲ့ မပြင်တတ်ကြတာပါ။ မပြင်တတ်ဖူးဆိုတဲ့နေရာမှာလည်း ဖရိုဖရဲနေတာမျိုးတော့မဟုတ်ပင်မဲ့သူ့ဘာသူသပ်သပ်ခပ်ခပ်တော့ဝတ်တတ်စားတတ်ကြတဲ့မိန်းကလေးတွေပါ။ ဆိုတော့ဒီလို သိပ်အလှမပြင်တတ်တဲ့ကောင်မလေးတွေကိုရထားတဲ့ကိုကိုတွေလည်း ရှာကြံတွေးကြည့်ရင် ဒါမျိုးလေးတွေကံကောင်းနေတတ်ပါတယ်…
(၁) တစ်ခြားကောင်လေးတွေရန်ကစိတ်ချရတယ်
အရမ်းအလှပြင်တတ်နေလို့သိပ်လှနေရင် ကိုယ်ရှိမှန်းသိနေတောင် လာကြောင်မဲ့ကောင်တွေခပ်များများရယ်ပါ။ ခုလိုမပြင်တတ်မဆင်တတ်ကလေးဆိုတော့လည်းကိုယ်တစ်ယောက်တည်း ချစ်လို့မဝနိုင်ဘူးပေါ့လေ…အဲ့လယ်…။
(၂) အချိန်ကုန်သက်သာတယ်
ချိန်းတွေ့မဲ့နေ့တွေဘာတွေမှာဆို မိတ်ကပ်လိမ်းဖို့အချိန်ပေး နေရလို့ချိန်းထားတဲ့နေရာကိုနောက်ကျတာတွေဘာတွေအတွက်လည်းစိတ်ပူစရာမလိုတော့ပါဘူး။အလှပြင်တာကြာနေလို့စောင့်ရတာမျိုးတွေဘာတွေမရှိဘူးပေါ့လေ။
(၃) Budget Save ပိုဖြစ်တယ်
မိတ်ကပ်တွေအလှပြင်ပစ္စည်းတွေသိပ်မသုံးတတ်လို့ တော်ရိလျော်ရိ လောက်နဲ့တင်မြင်ကောင်းရှုကောင်းအောင်ပြင်တတ်တာကြောင့်အလှပြင်ပစ္စည်းကြောင့် ကုန်ကျစရိတ်သက်သာစေပါတယ်။ တစ်ခြားသူ့အတွက်လိုအပ်မဲ့အရာတွေကို လက်ဆောင်ပိုပေးလို့ရတာပေါ့။
(၄) မိန်းမသိပ်မဆန်လွန်းတော့ တစ်ခါတစ်လေဘော်ဒါကောင်လေးတစ်ယောက်လိုမြင်လို့ပေါင်းလို့ရတယ်
မိန်းမသိပ်မဆန်လွန်းတဲ့အပြင်အဆင်တွေကြောင့်လည်း ဘယ်သွားသွားကောင်မလေးလိုရော ဘော်ဒါကောင်လေးတစ်ယောက်လိုပါ ပေါင်းသင်းလို့ရတာလေးကလည်းကြံဖန်ကျေးဇူးတင်စရာပါပဲ။
(၅) သဘာဝအလှကိုခံစားနိုင်ခွင့်ရှိတယ်
မိန်းကလေးတိုင်းမှာသဘာဝအလှတရားကိုယ်စီရှိပြီးသားပါ။ ပြင်ထားဆင်ထားတဲ့အလှပတွေအောက်မှာသာမြင်သာထင်သာမရှိဖြစ်သွားကြတာပါ။ ယူတို့ကတော့ဂုဏ်ယူလိုက်ပါ။ယူတို့ကောင်မလေးတွေက ဘာမှသိပ်မပြင်တတ်တာကြောင့်သူတို့နဲ့တွေ့တိုင်း သူ့တို့ရဲ့သဘာဝအလှတွေကိုတစ်ဝကြီးခံစားလို့ရမှာအသေချာပါပဲ….
ဒါကြောင့်ကိုယ်ချစ်သူအလှမပြင်တတ်လည်း သူ့ရဲ့အားနည်းချက်လေးတွေကို နားလည်ပေးပြီးရှာကြံကျေးဇူးတင်ပြီး ပိုချစ်ပေးနိုင်ကြပါစေ…

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.