သင်ဝိတ်မကျလေအောင်သူတို့တွေလုပ်နေတယ်ဆိုတာသိပါ
(၅) အထိုင်များလို့
Unicode
၀ိတ်ကျဖို့အားကစားတွေပဲလုပ်လုပ်၊ အစားတွေပဲလျော့စားတယ်ပြောပြော ဒါမျိုးတွေကိုသင်လုပ်မိနေသ၍ကတော့ တော်တော်နဲ့ဝိတ်ကျနေတော့မှာမဟုတ်ပါဘူး။
ဆိုတော့ ဘာတွေကသင့်ရဲ့ဝိတ်ကျခြင်းကိုတားဆီးထားသလဲဆိုတာ…
(၁) မနက်စာမစားပဲကျော်သွားတာ
မနုက်စားမစားပဲနေခြင်းဟာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့အပြင် လူကိုပိုဝစေနိုင်တယ်ဆိုတာယုံလိုက်ပါ။ တစ်ညလုံးဟောင်လောင်းဖြစ်နေတဲ့ဗိုက်ထဲကို
မနက်မိုးလင်းမှာပြည့်ဝလုံလောက်စွာစားပေးမှတစ်နေ့တာလုံး သက်လုံကောင်းကောင်းနဲ့ခဏခဏဆာလောင်တာမျိုးတွေကိုမဖြစ်စေပဲကျန်းလည်းကျန်းမာဝိတ်ကျဖို့လည်းပိုပြီးအထောက်အကူပြုပါတယ်။
(၂) ရေလုံလောက်စွာမသောက်လို့
အစားမစားခင်မှာရေကိုပြည့်ပြည့်ဝဝလုံလောက်စွာသောက်ပေးခြင်းဟာလည်းဝိတ်ကျတဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်။ ဒီလိုမှမဟုတ်ပဲ ရေကိုလုံလောက်စွာ
မသောက်ပေးဘူးဆိုရင်တော့ ဘယ်လောက်ပဲအစားလျော့လျော့ကျန်းမာလှပစွာဝိတ်ကျဖို့ကြာအုံးမှာပါ။
(၃) ညစာကိုနောက်ကျမှစားတတ်လို့
အစားတော့လျော့ပါရဲ့ ညစာကိုအိပ်ခံနီးချိန်မှာကပ်စားတာမျိုး၊ ညစားမစားဘူးအော်ပြီးတစ်ရေးနိုး ၁၂ နာရီ တစ်ချက်မှ အစားထစားတာမျိုးတွေကြောင့်
၀ိတ်ကကျရတော့မဲ့ဆဲဆဲ တန့်ပြီးမကျနိုင်တာမျိုးတွေဖြစ်သွားတတ်ပါတယ်။
(၄) အိပ်ရေးဝဝမအိပ်စက်လို့
အိပ်ရေးပျက်ရင်ပိန်တယ်တဲ့ ….ရှိတော့ရှိမယ် ရှားပါတယ်။ လူတော်တော်များများကတော့ အိပ်ရေးပျက်ရင် ပိုပြီးဝလာတတ်ကြပါတယ်။ အိပ်ရေးပျက်တဲ့လူရဲ့မျက်နှာနဲ့အိပ်ရေးဝတဲ့သူရဲ့မျက်နှာကိုယှဉ်ကြည့်ရင်
အိပ်ရေးဝတဲ့မျက်နှာက ကျစ်လျစ်စိုပြေနေတတ်ပြီး အိပ်ရေးပျက်တဲ့သူကတော့ ပွပွဖောင်းဖောင်းကြီးနဲ့ဖြစ်နေတတ်တာမျိုးပါ။
(၅) အထိုင်များလို့
အလုပ်ခွင်မှာပဲမဖြစ်မနေထိုုုင်ပဲလုပ်ရမယ်ဆိုရင်တောင် နာရီခြားတစ်ခါထထပေးတာမျိုး။ အကြောပြေအညောင်းပြေလမ်းလေးလျှောက်ပေးတာမျိုး
လေးတွေလုပ်ပေးသင့်ပါတယ်။ အထိုင်များတဲ့လူတစ်ယောက်အတွက်ဝိတ်ကျဖို့ဆိုတာလည်းအင်မတန်ခဲကြာတဲ့ကိစ္စမလို့အထိုင်များခြင်းကြောင့်ဝိတ်မကျတာမျိုး
မဖြစ်အောင် တတ်နိုင်သလောက်လှုပ်ရှားပေးသင့်ပါတယ်။
72 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.