ေကဒရာမာခ်စ္သူေတြလက္မလႊတ္တမ္းေစာင့္ေမ်ွာ္ၾကည့္ရႈသင့္တဲ႔ဇာတ္ကားသစ္မ်ား

ဒီနွစ္ကေတာ့ တကယ့္ဒရာမာဇာတ္လမ္းတြဲေကာင္းေကာင္းေတြၾကည့္ရမယ့္ႏွစ္ လို႔ေတာင္ ေျပာရမလိုပဲ။သိပ္မၾကာခင္ထြက္ရွိလာေတာ့မယ့္ဇာတ္ကားေကာင္းေတြကုိ ေကဒရာမာ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ လက္လြတ္သြားမွာစိုးလို႔ လက္တို႔လိုက္ပါရေစ။ကဲ ဘာကားေတြထြက္လာေတာ့မွာလဲ၊ဘယ္ကားေတြကိုေစာင့္ၾကည့္သင့္တာလဲဆုိတာကေတာ့..

၁)Mr. Sunshine
Mr. Sunshine ဇာတ္ကားဟာ ၁၈၇၁ ခုႏွစ္ကယူအက္စ္စပ္တပ္ေတြကုိရီးယားမွာအေျခစိုက္ ခဲ႔တဲ႔အေၾကာင္း၊သမုိင္းေၾကာင္းကုိျပန္လည္ရုိက္ကူးထားတဲ႔ဇာတ္ကားေလးပါ။ အေစခံမိသားစုကေမြးဖြားလာတဲ႔ေကာင္ေလးတစ္ေယာက္ ယူအက္စ္ကုိခရီးထြက္သြားခဲ႔ျပီး သူ႔ရဲ႔အမိေျမကုိရီးယားကုိျပန္လာတဲ႔အခါမွာေတာ့ယူအက္စ္စစ္သားတစ္ေယာက္ျဖစ္ေနခဲ႔ပါျပီ။ေနာက္ေတာ့နန္းတြင္းမ်ိဳးႏြယ္၀င္မင္းသမီးတစ္ပါးကုိခ်စ္ျမတ္ႏိုးခဲ႔တဲ႔ေကာင္ေလးတစ္ေယာက္အေၾကာင္းကိုသမုိင္းေၾကာင္းအျဖစ္အပ်က္ေတြ၊စိတ္လႈပ္ရွားစရာေတြအျပည့္နဲ႔ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။ဒီဇာတ္ကားမွာေတာ့ နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္တဲ႔Lee Byung-hun ၊ Kim Tae-ri ၊ Yoo Yeon-seok ၊ Kim Min-jung နဲ႔ Byun Yo-han တို႔က အဓိက ပါ၀င္သရုပ္ေဆာင္ ထားပါတယ္။ဇူလိုင္ ၇ဆုိစျပီးထုတ္လႊင့္ျပသေတာ့မွာျဖစ္ပါတယ္။

၂)My ID Is Gangnam Beauty
ဒီဇာတ္ကားေလးမွာေတာ့ Eunwoo နဲ႔ Im Soo Hyang တုိ႔ကေခါင္းေဆာင္ပါ၀င္ထားတာျဖစ္ျပီး webtoon ကုိအေျခခံျပီးရုိက္ကူးထားတာျဖစ္ပါတယ္။ဇာတ္လမ္းပံုစံကေတာ့ရုပ္ဆုိးလြန္းလို႔ အေလွာင္ ေျပာင္ခံရတဲ႔မိန္းကေလးတစ္ေယာက္လွေအာင္ပလတ္စတစ္ဆာဂ်ရီလုပ္ခဲ႔ေပမဲ႔ သူမကုိေလွာင္ေျပာင္ေနတာမရပ္ခဲ႔ပါဘူး။မရပ္တဲ႔အျပင္ ဂန္းနမ္ရဲ ႔ပလတ္စတစ္ဆာဂ်ရီမြန္းစတား လို႔ေတာင္နာမည္ေျပာင္ရခဲ့တဲ႔အေၾကာင္းကုိစိတ္၀င္စားမႈအျပည့္နဲ႔ဆက္လက္ၾကည့္ရႈရမယ့္
ဇာတ္လမ္းလည္းျဖစ္ပါတယ္။

၃)Risky Romance
ဒီဇာတ္ကားမွာေတာ့ပါ၀င္တဲ႔အႏုပညာရွင္ေတြက ပရိသတ္ေတြနဲ႔ရင္းႏွီးျပီးသားပါ။မင္းသားေခ်ာ Ji Hyun-Woo နဲ႔ မင္းသမီးေခ်ာ Lee Si-Young တုိ႔က ဆရာ၀န္ေတြအျဖစ္ေခါင္းေဆာင္ ပါ၀င္ထားျပီး ယွဥ္ျပိဳင္လိုစိတ္ရွိတဲ႔မင္းသားေခ်ာဆရာ၀န္နဲ႔ မင္းသမီးတုိ႔ရဲ ႔ထူးျခားတဲ႔အခ်စ္ ဇာတ္လမ္းပံုစံေလးရိုက္ကူးထားတာျဖစ္ပါတယ္။ပရိသတ္ေတြအၾကိဳက္ေတြ႔မယ္ဆုိတာလည္းေသခ်ာပါတယ္။

၄)Thirty But Seventeen
အခ်စ္ကားေလးၾကိဳက္တဲ႔ပရိသတ္ေတြအတြက္ဒါကေနာက္ထပ္အခ်စ္ကားေလးပါ။တစ္ျခားသူေတြနဲ႔ေျပာဆုိဆက္ဆံရတာ ၀န္ေလးတဲ႔အသက္ ၃၀အရြယ္ဒီဇုိင္နာအမ်ိဳးသားအျဖစ္ Yang Se Jong ကသရုပ္ေဆာင္ထားျပီး သူကလြန္ခဲ႔တဲ႔ ၁၃ႏွစ္က ေသလုနီးပါးျဖစ္ခဲ႔ဖူးပါတယ္။မင္းသမီးကေတာ့ Shin Hye Sunျဖစ္ျပီးသူမက ကုိမာေရာဂါနဲ႔ေမ့ေမ်ာေနခဲ႔ရာမွ အသက္ ၃၀အရြယ္မွာ ျပန္ျပီးသတိရလာခဲ႔ပါတယ္။သူတို႔ႏွစ္ေယာက္ၾကားမွာထူးျခားတဲ႔ဆက္ႏြယ္မႈတစ္ခုလဲ
ရွိေနပါတယ္။ဘာလဲဆုိတာေတာ့ပရိသတ္ေတြကုိယ္တိုင္ပဲၾကည့္ရႈလုိက္ပါဦး။

၅)Time
Time ဇာတ္ကားေလးမွာေတာ့ စားေသာက္ဆုိင္ရဲ ႔စီအီးအုိတစ္ေယာက္အျဖစ္ မင္းသား Kim Jung-Hyun ကသရုပ္ေဆာင္ထားျပီးအသက္ရွင္သန္ဖုိ႔အခ်ိန္သိပ္မက်န္ေတာ့တဲ႔ သူတစ္ေယာက္ပါ။ အဲ႔ဒီအခိ်န္မွာ သူ႔ေၾကာင့္ဘ၀ပ်က္စီးခဲ႔ဖူးတဲ႔အမ်ိဳးသမီး မင္းသမီး Ji Hyun ကုိကူညီေပးရင္းဘ၀ကုိျဖတ္သန္းေတာ့မယ္လို႔ဆံုးျဖတ္ခဲ႔တဲ႔အေၾကာင္းကုိ  စိတ္၀င္စားစရာ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔အတူၾကည့္ရႈရမွာပါ။ဒီဇာတ္လမ္းကုိေတာ့ ဇူလုိင္လမွာ ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။ေစာင့္ေမ်ွာ္အားေပးၾကပါဦး။

Unicode

ဒီနှစ်ကတော့ တကယ့်ဒရာမာဇာတ်လမ်းတွဲကောင်းကောင်းတွေကြည့်ရမယ့်နှစ် လို့တောင် ပြောရမလိုပဲ။သိပ်မကြာခင်ထွက်ရှိလာတော့မယ့်ဇာတ်ကားကောင်းတွေကို ကေဒရာမာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် လက်လွတ်သွားမှာစိုးလို့ လက်တို့လိုက်ပါရစေ။ကဲ ဘာကားတွေထွက်လာတော့မှာလဲ၊ဘယ်ကားတွေကိုစောင့်ကြည့်သင့်တာလဲဆိုတာကတော့..

၁)Mr. Sunshine
Mr. Sunshine ဇာတ်ကားဟာ ၁၈၇၁ ခုနှစ်ကယူအက်စ်စပ်တပ်တွေကိုရီးယားမှာအခြေစိုက် ခဲ့တဲ့အကြောင်း၊သမိုင်းကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အစေခံမိသားစုကမွေးဖွားလာတဲ့ကောင်လေးတစ်ယောက် ယူအက်စ်ကိုခရီးထွက်သွားခဲ့ပြီး သူ့ရဲ့အမိမြေကိုရီးယားကိုပြန်လာတဲ့အခါမှာတော့ယူအက်စ်စစ်သားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။နောက်တော့နန်းတွင်းမျိုးနွယ်ဝင်မင်းသမီးတစ်ပါးကိုချစ်မြတ်နိုးခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းကိုသမိုင်းကြောင်းအဖြစ်အပျက်တွေ၊စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့Lee Byung-hun ၊ Kim Tae-ri ၊ Yoo Yeon-seok ၊ Kim Min-jung နဲ့ Byun Yo-han တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ဇူလိုင် ရဆိုစပြီးထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

၂)My ID Is Gangnam Beauty
ဒီဇာတ်ကားလေးမှာတော့ Eunwoo နဲ့ Im Soo Hyang တို့ကခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး webtoon ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ရုပ်ဆိုးလွန်းလို့ အလှောင် ပြောင်ခံရတဲ့မိန်းကလေးတစ်ယောက်လှအောင်ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ပေမဲ့ သူမကိုလှောင်ပြောင်နေတာမရပ်ခဲ့ပါဘူး။မရပ်တဲ့အပြင် ဂန်းနမ်ရဲ ့ပလတ်စတစ်ဆာဂျရီမွန်းစတား လို့တောင်နာမည်ပြောင်ရခဲ့တဲ့အကြောင်းကိုစိတ်ဝင်စားမှုအပြည့်နဲ့ဆက်လက်ကြည့်ရှုရမယ့်
ဇာတ်လမ်းလည်းဖြစ်ပါတယ်။

၃)Risky Romance
ဒီဇာတ်ကားမှာတော့ပါဝင်တဲ့အနုပညာရှင်တွေက ပရိသတ်တွေနဲ့ရင်းနှီးပြီးသားပါ။မင်းသားချော Ji Hyun-Woo နဲ့ မင်းသမီးချော Lee Si-Young တို့က ဆရာဝန်တွေအဖြစ်ခေါင်းဆောင် ပါဝင်ထားပြီး ယှဉ်ပြိုင်လိုစိတ်ရှိတဲ့မင်းသားချောဆရာဝန်နဲ့ မင်းသမီးတို့ရဲ ့ထူးခြားတဲ့အချစ် ဇာတ်လမ်းပုံစံလေးရိုက်ကူးထားတာဖြစ်ပါတယ်။ပရိသတ်တွေအကြိုက်တွေ့မယ်ဆိုတာလည်းသေချာပါတယ်။

၄)Thirty But Seventeen
အချစ်ကားလေးကြိုက်တဲ့ပရိသတ်တွေအတွက်ဒါကနောက်ထပ်အချစ်ကားလေးပါ။တစ်ခြားသူတွေနဲ့ပြောဆိုဆက်ဆံရတာ ဝန်လေးတဲ့အသက် ၃ဝအရွယ်ဒီဇိုင်နာအမျိုးသားအဖြစ် Yang Se Jong ကသရုပ်ဆောင်ထားပြီး သူကလွန်ခဲ့တဲ့ ၁၃နှစ်က သေလုနီးပါးဖြစ်ခဲ့ဖူးပါတယ်။မင်းသမီးကတော့ Shin Hye Sunဖြစ်ပြီးသူမက ကိုမာရောဂါနဲ့မေ့မျောနေခဲ့ရာမှ အသက် ၃ဝအရွယ်မှာ ပြန်ပြီးသတိရလာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားမှာထူးခြားတဲ့ဆက်နွယ်မှုတစ်ခုလဲ
ရှိနေပါတယ်။ဘာလဲဆိုတာတော့ပရိသတ်တွေကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဦး။

၅)Time
Time ဇာတ်ကားလေးမှာတော့ စားသောက်ဆိုင်ရဲ ့စီအီးအိုတစ်ယောက်အဖြစ် မင်းသား Kim Jung-Hyun ကသရုပ်ဆောင်ထားပြီးအသက်ရှင်သန်ဖို့အချိန်သိပ်မကျန်တော့တဲ့ သူတစ်ယောက်ပါ။ အဲ့ဒီအချိန်မှာ သူ့ကြောင့်ဘဝပျက်စီးခဲ့ဖူးတဲ့အမျိုးသမီး မင်းသမီး Ji Hyun ကိုကူညီပေးရင်းဘဝကိုဖြတ်သန်းတော့မယ်လို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းကိုတော့ ဇူလိုင်လမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။စောင့်မျှော်အားပေးကြပါဦး။

72 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.