ဘဝတစ်လျှောက်လုံး အတူတူရှိနေသင့်တဲ့ လက်တွဲဖော်အစစ်မှန်ရဲ့လက္ခဏာတွေ

သူနဲ့အတူရှိနေရင် ပျော်တယ်။ ဘဝတစ်လျှောက်လုံး သူနဲ့အတူ အချိန်တွေကုန်ဆုံးရမယ်ဆို
ပျော်ရွှင်နိုင်မယ်ဆိုရင် သင်ဟာကံကောင်းဆုံးလူသားတစ်ဦးလို့ ပြောရပါစေ။

Related image

ဒါပေမယ့် ဒီလိုလူမျိုးလည်း တွေ့ဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်လဲ ? လူတွေဟာ စိတ်အမျိုးမျိုး အထွေထွေရှိကြတော့ တစ်ယောက်စိတ်ခံစားချက်ကို တစ်ယောက်က အမှတ်မထင်ပဲ နာကျင်စေတာမျိုးတွေရှိပါတယ်။ အခု ဒီစာကိုဖတ်နေတဲ့ သင်ဟာ လက်တွဲဖော်အစစ် ရှာမတွေ့သေးတာလည်းဖြစ်နိုင်သလို ၊ အခုတွဲနေတဲ့လူဟာ သင့်အတွက်မှန်ကန်ရဲ့လားဆိုတာကိုတော့ ဆန်းစစ်ကြည့်ချင်မယ်ထင်ပါတယ်။ တစ်ခါတစ်လေ အကြောင်းအသိဆုံး အတွဲတွေမှာတောင် တစ်ယောက်နဲ့ တစ်ယောက်နားလည်ရအခက်ဆုံး အချိန်တွေဆိုတာ ရှိပါတယ်။ အမှား၊ အမှန်တွေတောင် ခွဲမခြားနိုင်တော့အောင် ရှုပ်ထွေးလွန်းတဲ့ Relationship ကိစ္စဟာ လူတွေကို ဝေခွဲရခက်စေပါတယ်။ ချစ်တာတစ်ခုတည်းကြည့်ပြီး ကောင်း ၊မကောင်း ခွဲမခြားနိုင်တာမျိုးမဖြစ်အောင် ဒါလေးတွေနဲ့ ကိုယ့်လက်တွဲဖော်ကို သေချာဆန်းစစ်ပြီး ရွေးချယ်နော်

Related image

သင့်ရဲ့အောင်မြင်မှုအတွက် အမြဲအားပေးနေမယ့်သူ

သင့်ရဲ့ဘဝမှာ ဘယ်လိုအခြေအနေပဲကြုံနေပါစေ အမြဲတမ်း ဘေးနားက အားပေးနေမယ့်
ချစ်သူဖြစ်ပါတယ်။ ရှုံးနိမ့်သွားရင်တောင် ဘယ်တော့မှ လက်မလွှတ်ပဲ ပြန်ထနိုင်တဲ့အထိ
ကူညီအားပေးနေမယ့် လူမျိုးပေါ့။

အရှိကိုအရှိတိုင်းပဲ လက်ခံသူ၊ ပြောင်းလဲပစ်ဖို့ မကြိုးစား

သင့်ရဲ့ရုပ်ရည်၊ အကျင့်စရိုက်အားလုံးကို လက်ခံနိုင်တဲ့သူဆိုတာ ရှားပါတယ်။ ရှိလာရင်လည်း
ဒါဟာ သူသင့်ကိုတကယ်ချစ်လို့ပါ။ အရာအားလုံးကို လက်ခံပြီး ပြောင်းလဲဖို့မကြိုးစားဘူးဆိုရင်
တကယ့်လက်တွဲဖော်အစစ်မှန်ကို သင်ရှာတွေ့ထားပါပြီ။

သူနဲ့အတူရှိခွင့်ရတဲ့အတွက် နောင်တရခြင်းမရှိ

မတော်တဆ ရန်ဖြစ်၊ စကားများရင်တောင် သင့်ကိုလက်လွှတ်ဖို့ စိတ်ကူးမရှိသလို ၊ နောင်တရတဲ့
စိတ်ခံစားချက် တစ်စွန်းတစ်တောင် မဝင်လာဘူးဆိုရင် သူသင့်ကို တကယ်ရည်ရွယ်ထားလို့ပါ။ ဒါဟာ နှစ်ယောက်သား ခံစားချက်မတိုက်ဆိုင်လို့ ဖြစ်တဲ့ အသေးစား ရန်ဖြစ်မှုလို့ သဘောထား ကြီးကြီးနားလည်ပေးသူ၊ ခွှင့်လွှတ် သည်းခံပေးသူဆိုရင် ဂုဏ်ယူပါတယ်… သင့်ရဲ့ဘဝလက်တွဲဖော်အစစ်မှန်ကို ရှာတွေ့ပါပြီလို့ … 🙂

3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.