ပရိတ်သတ်ချစ် ဖိလစ်ပိုင်စုံတွဲလေးရဲ့ နောက်ထပ်ထွက်ရှိလာတော့မယ့် ” The How of Us ”

Image result for Daniel Padilla's '' The How of Us '' movie

သင်ဟာ She’s Dating the Gangster, Crazy Beautiful You, Barcelona: A Love Untold နဲ့ Can’t Help Falling in Love စတဲ့ ဇာတ်ကားတွေကိုကြည့်ဖူးသူဆိုရင် အခုပြောပြမယ့် ဖိလစ်ပိုင် စုံတွဲလေးကို သိနှင့်ပြီးသားဖြစ်မှာပါ။ Daniel Padilla နဲ့ Kathryn Bernardo တို့ပဲဖြစ်ပါတယ်။

Image result for Daniel Padilla and kathtyn beach

ရွယ်တူစုံတွဲလေးလည်းဖြစ်သလို ရုပ်ရှင်ကား တော်တော်များများကို အတူတူတွဲသရုပ်ဆောင်ရ
တာဆိုတော့ သူတို့ရဲ့အချစ်ရေးဟာ ဒီခတ်လူငယ်လေးတွေအတွက်တော့ အားကျစရာစုံတွဲလေး
ပေါ့။ အသက် ၂၂နှစ်ကျော်လေးတွေသာရှိသေးတဲ့ သူတို့ရဲ့အောင်မြင်ချက်ကိုလည်း ကမ္ဘာက တောင်သိနေပါပြီ။

၂ဝ၁၅ခုနှစ်က Pangako Sa ‘Yo ဆိုတဲ့ တီဗီ ဒရာမာစီးရီးမှာ အတူတူစပြီးသရုပ်ဆောင်ခဲ့တာ
ဖြစ်ပါတယ်။ Daniel နဲ့ Kathryn တို့ကို သူငယ်ချင်းဖြစ်သူ ကြားထဲမှ မိတ်ဆက်ပေးရင်း သိကျွမ်းသွားကြတာဖြစ်ပါတယ်။ အခုဆို တွဲလာတာ (၆)နှစ်ရှိပါပြီ။ တော်တော်သံယောဇဉ်ကြီးပြီးခိုင်မြဲတဲ့ အတွဲလို့ပြောရမှာပေါ့။

အခုဆိုရင် သူတို့နှစ်ယောက်ပဲ သရုပ်ဆောင်မယ့် ” The How of Us ” ရုပ်ရှင်ကို မေလ (၂၁)ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့သိရပါတယ်။ ဒါရိုက်တာ Cathy Garcia-Molina ရိုက်ကူးမှာ
ဖြစ်ပြီး PUSH.com နဲ့ အင်တာဗျူးမှာ Danielက ဒီဇာတ်ကားအတွက် အရမ်းစိတ်လှုပ်ရှားသလို လက်တွေ့ဘဝချစ်သူရယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်အလုပ်လုပ်ရတော့ဆိုလို့ ပျော်တယ်လို့
ပြောပြသွားပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 2 people, people smiling, people standing

” The How of Us ” ဇာတ်ကားလေးဟာ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့စရိုက်ပုံစံကို
သေချာရိုက်ပြထားမှာဖြစ်ပြီး အချိန်ကြာမြင့်စွာတွဲလာတဲ့ စုံတွဲလေးအကြောင်းကို ရိုမန်တစ်ဆန်ဆန်လေး တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်သိမ်းမှာတော့ ဒီစုံတွဲလေး နောက်ဆုံးချိန်ထိ ဘာကြောင့်အတူတူရှိနေရတာလဲဆိုတာကို ပြောပြသွားမှာပါ။ ဇာတ်လမ်းပုံစံနဲ့ Kathryn တို့ရဲ့အပြင်လက်တွေ့ဘဝဟာလည်း ထပ်တူကျနေတာမို့ ဒီဇာတ်ကားလေးရိုက်ရတာ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်တဲ့။

ပရိတ်သတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးကတော့ မကြာမီရောက်လာ
တော့မယ်နော့ 😉

206 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.