ပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြတဲ့ Seohyun ရဲ့ မွေးနေ့ပါတီ

ပရိသတ်တွေစိတ်လှုပ်ရှားစရာအကြောင်းကလည်းရှိနေတာကိုး။Girls’ Generation အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seohyun ရဲ့ မွေးနေ့ဟာဇူလိုင်လ ၁ရက်နေ့ဖြစ်ပြီး အဲ့ဒီနေ့မှာ Seohyun က ပရိသတ်တွေနဲ့အတူ မွေးနေ့ပွဲကိုဖြတ်သန်းမှာပါတဲ့။Seohyun ကိုတွေ့ချင်တဲ့ ပရိသတ်တွေ၊သူမရဲ့မွေးနေ့ပွဲကိုတက်ရောက်ချင်တဲ့ပရိသတ်တွေဘယ်လောက်များလိုက်လဲ ဆိုရင် ၄၈စက္ကန့်တည်းနဲ့ ပထမတစ်ခါရောင်းချတဲ့လက်မှတ်တွေအားလုံးကုန်သွားခဲ့တယ်လို့
သိရပါတယ်။ဒုတိယတစ်ခေါက်လက်မှတ်တွေကိုတော့ ဇွန်လ၂၆ရက်နေ့ကရောင်းချခဲ့တာ ဖြစ်ပါတယ်။

Seohyun ရဲ့ မွေးနေ့ရက်မြတ်လေးမှာ သူမရဲ့ ပရိသတ်တွေနဲ့အတူကုန်ဆုံးဖို့စဉ်းစားထားတာဖြစ်ပြီး မွေးနေ့ပါတီကို Paradise City Resort’s Rubik Hallမှာကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီနေရာလေးဟာ ဧည့်သည် အယောက်၃၄၀ဖိတ်ခေါ်နိုင်တယ်လို့သိရပါတယ်။လာရောက်တဲ့ ဧည့်သည် တွေအတွက်ဘူဖေးသဘောမျိုးဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။

နာမည်ကျော်အဆိုတော်လည်းဖြစ်သလို သရုပ်ဆောင်လောကထဲခြေလှမ်းပြင်နေပြီဖြစ်တဲ့ Seohyun ရဲ့ မွေးနေ့ပါတီကိုတက်ရောက်ဖို့ပရိသတ်တွေကုစိတ်လှုပ်ရှားရင်ခုန်နေကြ တာပဲဖြစ်ပါတယ်။ကိုယ်ချစ်တဲ့အနုပညာရှင်ကိုအပြင်မှာတွေ့ဆုံနိုင်တဲ့အခွင့်အရေးဆိုတာလည်းရှားတော့အခုလိုတွေ့ရတာ ပရိသတ်တွေအတွက်အကြီးဆုံးဆုလာဘ်တစ်ခုလိုပါပဲ။သူတို့အစား ၀မ်းသာပီတိဖြစ်မိ ❤️❤️❤️

28 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.