မျဖစ္ႏုိင္ဘူးဆိုတဲ႔စကားကုိ ခပ္ေ၀းေ၀းမွာသာထားလိုက္ပါေတာ့…

ဘယ္အခ်ိန္မွာေပါင္ဘယ္ေလာက္က်ရမယ္၊ဘယ္ Goal ရရမယ္လို႔ သင္ထုိင္စဥ္းစားေနတုန္း လက္ေတြ႔ထလုပ္ခဲ႔တဲ႔သူေတြကေတာ့ ထိေရာက္တဲ႔အက်ိဳးေက်းဇူးေတြရကုန္ပါျပီ။ အခုေခတ္မွာ အရသာရွိတဲ႔အစားအစာေတြမ်ားျပားလာတာနဲ႔အမ်ွတစ္ေန႔တစ္ေန႔ဘာစားရမလဲပဲစဥ္းစားေနမိတတ္ပါတယ္။ေလ့က်င့္ခန္းလုပ္တာထက္ အစားစားတာကလည္းပုိျပီးလြယ္တယ္မဟုတ္လား။ဒါေပမဲ႔ ကိုယ္အေလးခ်ိန္မ်ားလာတာက သင့္အတြက္ရုပ္ပုိင္းဆုိင္ရာအတြက္ေရာ၊စိတ္ပုိင္းဆုိင္ရာ အတြက္ပါ မေကာင္းပါဘူးေနာ္။ေျပာင္းလဲဖုိ႔အခ်ိန္တန္ျပီေအာ္ေနရင္ေတာင္ တကယ္လုပ္မွ ကုိယ္တုိင္ၾကိဳးစားမွေျပာင္းလဲလာမွာပါ။အဲ႔ဒါေၾကာင့္သင့္အတြက္ အားတက္ေစဖုိ႔ ကုိယ္အေလးခ်ိန္ကုိၾကိဳးစားျပီးခ်ခဲ႔သူေတြအေၾကာင္း ျပန္ျပီးေျပာျပေပးခ်င္ပါတယ္။

၁) သူကေတာ့ စမတ္က်တဲ႔၀တ္စံုျပည့္ကုိ၀တ္ကုိ၀တ္လုိ႔ရရမယ္ဆုိျပီး ကိုယ့္ကုိယ့္ကိုယ္ ကတိထားခဲ႔သူပါ။အဲ႔ဒီလုိစိတ္နဲ႔ၾကိဳးစားခဲ႔တာ ၆၅ေပါင္က်ျပီး သူ႔အစ္ကုိ
မဂၤလာပြဲကို ၀တ္စံုျပည့္၀တ္ျပီးတက္ေရာက္ႏုိင္ခဲ႔ပါတယ္တဲ႔။

၂)၁၁လတည္းနဲ႔သူမကုိယ္သူမ ၾကိဳးစားျပီး၀ိတ္ခ်ခဲ႔တာပါ။ဒီလုိမ်ိဳး သူမကုိယ္သူမ လွပစြာျမင္ရ တယ္ဆုိတာ မယံုႏုိင္ေသးပါဘူးတဲ႔။တကယ္ကုိၾကိဳးစားေတာ့ၾကိဳးစားမႈရဲ႔ ရလဒ္က အံ႔မခန္းပါပဲ။အခုဆုိရင္ တစ္ေန႔ကုိ ကယ္လိုရီ ၁၇၀၀ ကေန ၂၀၀၀ ၾကားပဲစားျပီး ေလ့က်င့္ခန္းပံုမွႏ္လုပ္ေနပါျပီတဲ႔။

၃)ဘယ္ေလာက္ပဲ၀ေနပါေစ။ၾကိဳးစားခ်င္တဲ႔စိတ္၊၀ိတ္က်ခ်င္တဲ႔စိတ္သာျပင္းထန္မယ္ဆုိရင္ျဖစ္ေအာင္လုပ္ႏုိင္တယ္ဆုိတာသက္ေသျပခဲ႔တဲ႔အမ်ိဳးသမီးပါ။သူမက ၂ႏွစ္ခြဲအခ်ိန္အတြင္း ေန႔တုိင္းစားသမ်ွ၊လုပ္သမ်ွကုိအေသးစိတ္ကအစ ျပင္ဆင္ခဲ့ျပီး ၃၆၀ ေပါင္ကေန ၂၂၂ ေပါင္ထိရေအာင္ၾကိဳးစားျပင္ဆင္ခဲ႔တာပါ။သူမဒီလိုေျပာင္းလဲသြားတာကုိတစ္ျခားသူေတြက
ယံုေတာင္မယံုႏုိင္ခဲ႔ပါဘူးတဲ႔။

၄)တစ္ႏွစ္အတြင္း ေပါင္ ၂၈၀ကေန ၁၈၀ အထိေပါင္ ၁၀၀ ခ်ႏုိင္ခဲ႔တဲ႔အမ်ိဳးသားပါ။သူက ကားေမာင္းေနတာကုိရပ္ခဲ႔ျပီး တစ္ေန႔ကုိ ၁၀ကီလုိမီတာစက္ဘီးနင္းျပီးသြားပါတယ္တဲ႔။ ဒါက သူ႔ရဲ ႔ေန႔စဥ္ပံုမွန္ေလ့က်င့္ခန္းေပါ့။

၅)ေန႔တိုင္းေလ့က်င့္ခန္းပံုမွန္လုပ္၊အစားအစာေတြကုိက်န္းမာေရးနဲ႔ညီညြတ္တာေတြစားျပီး ၁၅၉ေပါင္ကေန ၁၁၆ ထိ ၄၃ ေပါင္ထိေလွ်ာ့ခ်ႏုိင္ခဲ႔တဲ႔အမ်ိဳးသမီးေလးပါ။ေလ့က်င့္ခန္းလုပ္တယ္ ၊ေရလည္းကူးတယ္။တစ္ေန႔ကုိ ၅ကီလုိမီတာေျပးပါတယ္။ေတာင္လည္းတက္ပါတယ္တဲ႔။
တစ္ေန႔ကုိ ကယ္လိုရီ ၁၇၀၀ အတြင္းပဲစားတယ္လို႔သိရပါတယ္။အခုဆုိရင္ျမင္ေတြ႔တဲ႔အတိုင္း တကယ္လိုလွေနပါျပီ။

၆)၁၇လအတြင္း ဒီလုိက်စ္လစ္တဲ႔ၾကြက္သားေတြတည္ေဆာက္ႏုိင္ဖုိ႔ဆုိတာ တကယ္ကုိ စိတ္ဓာတ္ျပင္းျပမွပါ။၂၆၇ေပါင္ကေန ၁၉၁ ေပါင္ထိခ်ခဲ႔တဲ႔အမ်ိဳးသားျဖစ္ပါတယ္။တစ္ေန႔တာ ေနထုိင္စားေသာက္မႈပံုစံေတြကုိ ေသးေသးေလးကအစေျပာင္းလဲျပီး၀ိတ္ခ်ခဲ႔တာပါတဲ႔။သူက ၀ိတ္ခ်ဖုိ႔ဆံုးျဖတ္လိုက္ကတည္းကဆုိဒါအခ်ိဳရည္ေတြကုိမေသာက္ေတာ့ပါဘူး။ရက္အနည္းငယ္ၾကာတဲ႔အခါဒီအခ်ိဳရည္ေတြမေသာက္ေတာ့တဲ့အတြက္ခႏၶာကိုယ္ကတုိးတက္ေျပာင္းလဲလာတာေတြကုိ
စျပီးသတိထားမိခဲ႔တယ္လုိ႔ေျပာျပခဲ႔ပါတယ္။

၇)ဒီပံုႏွစ္ပံုကုိၾကည့္လိုက္ရင္တစ္ေယာက္တည္းလုိ႔ေတာင္ မထင္ရပါဘူး။ဒါေပမဲ႔ အဲ႔ဒါက တစ္ေယာက္တည္းပါပဲ။ဒီပံုထဲကအမ်ိဳးသမီးဟာ ေန႔တုိင္းKetogenic diet ဆုိတဲ႔အစီအစဥ္အတုိင္းလုပ္ပါတယ္တဲ႔။ေပါင္ ၂၆၀ကေန ေပါင္ ၁၆၀ အထိ ေပါင္ ၁၀၀ခ်ျပီးတဲ႔ေနာက္ ေျပာင္းလဲမႈရလဒ္ကေတာ့ပံုကုိသာၾကည့္လိုက္ပါေတာ့။

၈)ေပါင္ ၁၅၀ကေန ၁၁၅ ေပါင္ထိ ၃ႏွစ္ခြဲအတြင္းခ်ႏုိင္ခ႔ဲ႔တဲ႔ရလဒ္ကေတာ့ ေသးသြယ္လွပတဲ႔ ကိုယ္လံုးေလးကုိပုိင္ဆုိင္လိုက္ရတာပါပဲ။ဒီေန႔ေဆာ့၊ေနာက္ေန႔၀ုန္းကနဲေျပာင္းလဲသြားတာမဟုတ္ပါဘူး။အခ်ိန္ေတာ့ယူရမွာပါ။သူမက အသီးအရြက္ပဲစားျပီး ေန႔တိုင္းလုိအပ္တဲ႔ ပရိုတင္းဓာတ္ကုိစားပါတယ္။ေလ့က်င့္ခန္းလည္းပုံမွန္လုပ္ျပီးတစ္ပတ္ကုိတစ္ခါသူမရဲ ႔ကုိယ္ပုိင္ထရိန္နာနဲ႔ေလ့က်င့္ပါတယ္တဲ႔။

ခႏၶာကုိယ္ပိန္သြယ္လွပတာက စိတ္ပုိင္းဆုိင္ရာအတြက္ေရာ၊ ရုပ္ပုိင္းဆုိင္ရာအတြက္ပါ အေထာက္အကူျပဳလို႔ ေလ့က်င့္ခန္းပံုမွန္လုပ္ျပီးကုိယ္အေလးခ်ိန္ကုိ ထိန္းသိမ္းၾကပါလို႔အၾကံျပဳလိုက္ပါတယ္။

Unicode

ဘယ်အချိန်မှာပေါင်ဘယ်လောက်ကျရမယ်၊ဘယ် Goal ရရမယ်လို့ သင်ထိုင်စဉ်းစားနေတုန်း လက်တွေ့ထလုပ်ခဲ့တဲ့သူတွေကတော့ ထိရောက်တဲ့အကျိုးကျေးဇူးတွေရကုန်ပါပြီ။ အခုခေတ်မှာ အရသာရှိတဲ့အစားအစာတွေများပြားလာတာနဲ့အမျှတစ်နေ့တစ်နေ့ဘာစားရမလဲပဲစဉ်းစားနေမိတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာထက် အစားစားတာကလည်းပိုပြီးလွယ်တယ်မဟုတ်လား။ဒါပေမဲ့ ကိုယ်အလေးချိန်များလာတာက သင့်အတွက်ရုပ်ပိုင်းဆိုင်ရာအတွက်ရော၊စိတ်ပိုင်းဆိုင်ရာ အတွက်ပါ မကောင်းပါဘူးနော်။ပြောင်းလဲဖို့အချိန်တန်ပြီအော်နေရင်တောင် တကယ်လုပ်မှ ကိုယ်တိုင်ကြိုးစားမှပြောင်းလဲလာမှာပါ။အဲ့ဒါကြောင့်သင့်အတွက် အားတက်စေဖို့ ကိုယ်အလေးချိန်ကိုကြိုးစားပြီးချခဲ့သူတွေအကြောင်း ပြန်ပြီးပြောပြပေးချင်ပါတယ်။

၁) သူကတော့ စမတ်ကျတဲ့ဝတ်စုံပြည့်ကိုဝတ်ကိုဝတ်လို့ရရမယ်ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် ကတိထားခဲ့သူပါ။အဲ့ဒီလိုစိတ်နဲ့ကြိုးစားခဲ့တာ ၆၅ပေါင်ကျပြီး သူ့အစ်ကို
မင်္ဂလာပွဲကို ဝတ်စုံပြည့်ဝတ်ပြီးတက်ရောက်နိုင်ခဲ့ပါတယ်တဲ့။

၂)၁၁လတည်းနဲ့သူမကိုယ်သူမ ကြိုးစားပြီးဝိတ်ချခဲ့တာပါ။ဒီလိုမျိုး သူမကိုယ်သူမ လှပစွာမြင်ရ တယ်ဆိုတာ မယုံနိုင်သေးပါဘူးတဲ့။တကယ်ကိုကြိုးစားတော့ကြိုးစားမှုရဲ့ ရလဒ်က အံ့မခန်းပါပဲ။အခုဆိုရင် တစ်နေ့ကို ကယ်လိုရီ ၁၇၀၀ ကနေ ၂၀၀၀ ကြားပဲစားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်နေပါပြီတဲ့။

၃)ဘယ်လောက်ပဲဝနေပါစေ။ကြိုးစားချင်တဲ့စိတ်၊၀ိတ်ကျချင်တဲ့စိတ်သာပြင်းထန်မယ်ဆိုရင်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာသက်သေပြခဲ့တဲ့အမျိုးသမီးပါ။သူမက ၂နှစ်ခွဲအချိန်အတွင်း နေ့တိုင်းစားသမျှ၊လုပ်သမျှကိုအသေးစိတ်ကအစ ပြင်ဆင်ခဲ့ပြီး ၃၆၀ ပေါင်ကနေ ၂၂၂ ပေါင်ထိရအောင်ကြိုးစားပြင်ဆင်ခဲ့တာပါ။သူမဒီလိုပြောင်းလဲသွားတာကိုတစ်ခြားသူတွေက
ယုံတောင်မယုံနိုင်ခဲ့ပါဘူးတဲ့။

၄)တစ်နှစ်အတွင်း ပေါင် ၂၈ဝကနေ ၁၈၀ အထိပေါင် ၁၀၀ ချနိုင်ခဲ့တဲ့အမျိုးသားပါ။သူက ကားမောင်းနေတာကိုရပ်ခဲ့ပြီး တစ်နေ့ကို ၁ဝကီလိုမီတာစက်ဘီးနင်းပြီးသွားပါတယ်တဲ့။ ဒါက သူ့ရဲ ့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပေါ့။

၅)နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်၊အစားအစာတွေကိုကျန်းမာရေးနဲ့ညီညွတ်တာတွေစားပြီး ၁၅၉ပေါင်ကနေ ၁၁၆ ထိ ၄၃ ပေါင်ထိလျှော့ချနိုင်ခဲ့တဲ့အမျိုးသမီးလေးပါ။လေ့ကျင့်ခန်းလုပ်တယ် ၊ရေလည်းကူးတယ်။တစ်နေ့ကို ၅ကီလိုမီတာပြေးပါတယ်။တောင်လည်းတက်ပါတယ်တဲ့။
တစ်နေ့ကို ကယ်လိုရီ ၁၇၀၀ အတွင်းပဲစားတယ်လို့သိရပါတယ်။အခုဆိုရင်မြင်တွေ့တဲ့အတိုင်း တကယ်လိုလှနေပါပြီ။

၆)၁ရလအတွင်း ဒီလိုကျစ်လစ်တဲ့ကြွက်သားတွေတည်ဆောက်နိုင်ဖို့ဆိုတာ တကယ်ကို စိတ်ဓာတ်ပြင်းပြမှပါ။၂၆ရပေါင်ကနေ ၁၉၁ ပေါင်ထိချခဲ့တဲ့အမျိုးသားဖြစ်ပါတယ်။တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေကို သေးသေးလေးကအစပြောင်းလဲပြီးဝိတ်ချခဲ့တာပါတဲ့။သူက ၀ိတ်ချဖို့ဆုံးဖြတ်လိုက်ကတည်းကဆိုဒါအချိုရည်တွေကိုမသောက်တော့ပါဘူး။ရက်အနည်းငယ်ကြာတဲ့အခါဒီအချိုရည်တွေမသောက်တော့တဲ့အတွက်ခန္ဓာကိုယ်ကတိုးတက်ပြောင်းလဲလာတာတွေကို
စပြီးသတိထားမိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

၇)ဒီပုံနှစ်ပုံကိုကြည့်လိုက်ရင်တစ်ယောက်တည်းလို့တောင် မထင်ရပါဘူး။ဒါပေမဲ့ အဲ့ဒါက တစ်ယောက်တည်းပါပဲ။ဒီပုံထဲကအမျိုးသမီးဟာ နေ့တိုင်းKetogenic diet ဆိုတဲ့အစီအစဉ်အတိုင်းလုပ်ပါတယ်တဲ့။ပေါင် ၂၆ဝကနေ ပေါင် ၁၆၀ အထိ ပေါင် ၁ဝဝချပြီးတဲ့နောက် ပြောင်းလဲမှုရလဒ်ကတော့ပုံကိုသာကြည့်လိုက်ပါတော့။

၈)ပေါင် ၁၅ဝကနေ ၁၁၅ ပေါင်ထိ ၃နှစ်ခွဲအတွင်းချနိုင်ခဲ့့တဲ့ရလဒ်ကတော့ သေးသွယ်လှပတဲ့ ကိုယ်လုံးလေးကိုပိုင်ဆိုင်လိုက်ရတာပါပဲ။ဒီနေ့ဆော့၊နောက်နေ့ဝုန်းကနဲပြောင်းလဲသွားတာမဟုတ်ပါဘူး။အချိန်တော့ယူရမှာပါ။သူမက အသီးအရွက်ပဲစားပြီး နေ့တိုင်းလိုအပ်တဲ့ ပရိုတင်းဓာတ်ကိုစားပါတယ်။လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပြီးတစ်ပတ်ကိုတစ်ခါသူမရဲ ့ကိုယ်ပိုင်ထရိန်နာနဲ့လေ့ကျင့်ပါတယ်တဲ့။

ခန္ဓာကိုယ်ပိန်သွယ်လှပတာက စိတ်ပိုင်းဆိုင်ရာအတွက်ရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူပြုလို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီးကိုယ်အလေးချိန်ကို ထိန်းသိမ်းကြပါလို့အကြံပြုလိုက်ပါတယ်။

141 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.