မသန်စွမ်း အမာခံပရိတ်သတ်တစ်ယောက်နဲ့ (၆)နှစ်ကြာပြီးနောက် ပြန်လည်ဆုံတွေ့ခဲ့တဲ့ Super Junior

Donika Sterling ဆိုတဲ့ ပရိတ်သတ်တစ်ယောက်နဲ့ Super Junior တို့ ၂ဝ၁၂ခုနှစ်တုန်းက တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ Donika ဟာ Charcot-Marie-Tooth-Disease ရောဂါကို ခံစားနေရသူဖြစ်ပြီး သူ့ရဲ့အကြိုက်ဆုံး ကေပေါ့ပ် အိုင်ဒေါတွေဖြစ်တဲ့ SHINee နဲ့ Super Junior တို့ကိုတွေ့ဖို့ကိုရီးယားထိတောင် လေယာဉ်နဲ့လာခဲ့ပါတယ်။ အဲ့ဒီတုန်းက SHINee ဟာ “Ring Ding Dong”ဆိုတဲ့ သီချင်းနဲ့ သူမကိုဖျော်ဖြေပေးခဲ့ပြီး Super Junior ကတော့ “Sorry Sorry” သီချင်းကိုဆိုပြခဲ့ပါတယ်။

လူတိုင်းဟာ ကိုယ်ကြိုက်တဲ့ အိုင်ဒေါတွေနဲ့ တွေ့ဆုံချင်တာမှန်ပေမယ့် Donika ကတော့ သူများထက်ကောင်းတဲ့ အခွင့်ရေးကို သူမပိုင်ဆိုင်ခွင့်ရှိခဲ့တယ်။

အခုတစ်ခါလည်းထက်ပြီးတော့ Super Junior နဲ့တွေ့နိုင်မယ့် အခွင့်ရေးက ထပ်ရောက်လာပြန်ပါပြီ။ New York က KCON ပွဲမှာ Donika နဲ့ Super Junior အဖွဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပါ။

သူတို့တွေ့ပြီး Yesung နဲ့ Siwon က ပြန်လည်ဆုံတွေ့ရတဲ့အတွက် ဝမ်းသာကြောင်း အမှတ်တရ
စာလေးကို ပုံနဲ့တကွ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.