အစားတစ်လိုင်းလေးတွေကို ဘာကြောင့်ချစ်သင့်တာလဲ

စားမယ်ဝါးမယ်၊မစားရရင်ကိုက်မယ် (လက်မောင်းတွေဘာတွေပြောပါတယ်)၊မုန့်ဝယ်မကျွေးရင်စိတ်ကောက်မယ်၊ဝယ်ကျွေးရင်လည်းကောက်မယ် (ကောက်ချင်လို့ကောက်တာ၊ငြိုငြင်တာလား)… ဒီလို ကောင်မလေးတွေဟာအင်မတန်မှချစ်ဖို့ကောင်းတာပါ။ဒီလိုအစားတစ်လိုင်းကောင်မလေးတွေကိုရထားတဲ့ ကောင်လေးတွေက တကယ့်ကိုကံထူးရှင်တွေပါ။ အစားတစ်လိုင်းကောင်မလေးတွေကို ဘာကြောင့်ချစ်သင့်တာလဲဆိုတော့….

 

သူတို့ကဖြူစင်ကြတယ်

စားချင်တာစားနေရရင်ပျော်နေရောပဲ။ဘာမှလည်းသိပ်သိတာမဟုတ်။အခြားစုံတွဲတွေကြားမှာရှိတဲ့ အပြန်အလှန်ကျောတာတွေ၊ကစားတာတွေ၊လှည့်စားဖို့တွေ သူတို့မှာဘာမှအာရုံမရှိရှာပါဘူး။တစ်နေ့တစ်နေ့ဘာစားရရင်ကောင်းမလဲနဲ့ ဘယ်ဆိုင်ကောင်းလဲ..ဘယ်ဆိုင်တော့ 2+1 discount တွေချနေပြီဘာညာဆိုတာတွေ မလွတ်သွားအောင်လိုက်စုံစမ်းထောက်လှမ်းနေရတာနဲ့တင်အားလပ်ချိန်မရှိရှာသူလေးတွေပါ။

 

သူတို့ရဲ့အချစ်ကစစ်မှန်တယ်

ဟုတ်တယ်လေ။သင့်ကောင်မလေးက အစားတစ်လိုင်းလေးဆိုရင် သင်နဲ့အစားနဲ့ဘယ်သူ့ကိုပိုချစ်လဲလို့မေးကြည့် “ဟာ… ကိုကိုကလဲ…တူမှမတူတာကွာ..”ဆိုပြီိးချွဲပါလိမ့်မယ်။တကယ်လို့ သင့်ကိုပိုချစ်တာပေါ့ဆိုရင်လည်းသူညာနေတာပါ။ ဒါပေမယ့် သူတို့မုန့်စားမယ့်အချိန်တွေထဲကနေဖဲ့ပြီးသင်နဲ့နေပေးတာဖြစ်တဲ့အတွက် သူတို့ရဲ့သင့်အပေါ်ချစ်တဲ့အချစ်ကစစ်မှန်တယ်ဆိုတာပြနေတာပါပဲ။

 

သစ္စာရှိတယ်

သင်ဖုန်းခေါ်တာမကိုင်လို့၊message တွေပြန်မပို့လို့ဆိုပြီး ဘယ်ကောင်နဲ့လျှောက်လည်နေပြီလဲလို့စိတ်ပူနေစရာမလိုမယ့်သူမျိုးတွေပါ။ သင်ဖုန်းခေါ်တာမကိုင်ခဲ့ရင် သူတို့တစ်ခုခုစားနေလို့ ၊အစားမှာစိတ်ရောက်နေလို့ပါပဲ။သူတို့စိတ်ထဲမှာ သင်ရယ်အစားအသောက်တွေရယ်ကလွဲပြီး ဘယ်သူ့အတွက်မှနေရာပေးမထားတဲ့အတွက် သင့်အနေနဲ့ ဘယ်တော့ဖောက်ပြန်မလဲရယ်ဆိုပြီး တွေးပူနေစရာမရှိပါဘူး။

 

စိတ်ကောက်ရင်ချော့ရလွယ်တယ်

သူတို့ကအစားအသောက်ကိုအသည်းစွဲလေ။ ဒီတော့ စိတ်ကောက်ရင်သူတို့ကြိုက်တာလေးတွေဝယ်ပြီးချော့လိုက်ရုံပဲပေါ့။ဝက်ကြေးအိုးနံ့မွှေးမွှေးလေးရရင်၊ဒါမှမဟုတ်ဆူရှီနံ့သင်းသင်းလေးရရင်အလိုလိုကို စိတ်ကောက်ပြေပြီးသားဖြစ်နေမယ့်ကောင်မလေးတွေပါ။ သင်လုပ်ထားတဲ့အပြစ်ကကြီးတယ်ဆိုရင်တော့ ဟော့ပေါ့ဘယ်နှစ်ခါစားခွင့်ကတ်တို့ဘာတို့လို Gift card လေးတွေဝယ်ပေးဖို့လိုတာပေါ့လေ 😛

 

အနာဂတ်ရဲ့အိမ်ရှင်မလောင်းလေးတွေဖြစ်တယ်

အစားကောင်းကြိုက်တဲ့ကောင်မလေးတွေက သူတို့ကြိုက်တာတော်တော်များများကိုကိုယ့်ဘာသာလုပ်စားဖို့လည်းကြိုးစားလေ့ရှိကြပါတယ်။ဒီတော့ သူတို့ကိုယူလိုက်တဲ့ကောင်လေးတွေကသူတို့စားသလိုကောင်းကောင်းစားရပြီပေါ့။ ဒါတင်ပဲလားဆိုတော့မဟုတ်သေး… သူတို့က ဘယ်ဟာနဲ့ဘယ်ဟာနဲ့တွဲစားရင်စားလို့ကောင်းတယ်ဆိုတာမျိုးလည်းနှံ့နှံ့စပ်စပ်သိသေးတာမို့ သင်ရဲ့တစ်ဝမ်းတစ်ခါးစိုပြေစေဖို့တော့ စိတ်မပူလေနဲ့တော့။

 

သူတို့က ပိုက်ဆံလည်းအရှာတော်တယ်

အစားကောင်းအသောက်ကောင်းကြိုက်သူလေးတွေက သူတို့ကြိုက်တာတွေဟာများသောအားဖြင့် ဈေးကြီိးတာကြောင့် ကိုယ်ကြိုက်တာကိုယ်ဘယ်သူ့မျက်နှာမှကြည့်မနေပဲဝယ်စားလို့ရအောင် ပိုက်ဆံများများရှာနိုင်အောင်ကြိုးစားတတ်ကြသူလေးတွေလည်းဖြစ်ပါတယ်။ ဘဝမှာ ဘယ်သူ့မှအားကိုးမနေဘူး ယောက်ျားတွေဘာတွေလည်းမလိုဘူး၊ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ်ကြိုက်တာအေးဆေးသာသာယာယာစားမယ်လို့ ကြွေးကြော်နေတတ်သူလေးတွေပေါ့။ဒါကြောင့် သူနဲ့ကြိုက်ရင်တော့ သူစားတာနဲ့ပဲမွဲမှာပဲလို့မတွေးပါနဲ့ ။တစ်ခါတစ်လေကိုယ့်ချစ်သူကြိုက်တာဝယ်ကျွေးရတာမျိုးတော့ရှိမှာပေါ့လေ။ များသောအားဖြင့်တော့သူတို့စားချင်တာစားရဖို့ သင့်ကိုအားကိုးတကြီးတောင်းဆိုနေမယ့်သူတွေမဟုတ်ကြပါဘူး။ (online shops တွေ၊အစားအစာပို့စ်တွေတိုင်းရဲ့အောက်မှာ သူတို့ဘဲမှန်းသိအောင် ဘဲကိုမန်းရှင်းပြီး ဆပ်ပြာတုံးကိုတရော်သုတ်ထားတဲ့အရေးအသားနဲ့ “ကိုကိုးးးးးး ချစ်တုံးလေးကိုဝယ်ကျွေးနော်၊ဝယ်ပေးနော်”လို့ မန့်တတ်တဲ့ Pleb များမပါ)

ဒါတွေကတော့ အစားတစ်လိုင်းကောင်မလေးတွေကိုဘာကြောင့်ချစ်သင့်တာလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ သင့်ချစ်သူကအစားတစ်လိုင်းလေးဆိုရင်တော့ ဂုဏ်ယူလိုက်ပါတော့။ ရည်းစားမရှိတဲ့အစားတစ်လိုင်းလေးတွေဟာဆိုရင်တော့ ရှာဖွေတွေ့ရှိခြင်းမခံရသေးတဲ့ ကျောက်မျက်ရတနာလေးတွေပါ။ဒါကြောင့်ကိုယ့်လိုကျောက်မျက်ရတနာလေးတွေရှိရင် Mention ပြီး ဂုဏ်ဆာလိုက်ကြရအောင်…အဲ့လယ်။

 

ပုံ/

အလွန်ချောသော အစားတစ်လိုင်း Admin မမ

 

Unicode Format

 






သစ်စာရှိတယျ











 

 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.